2025 Kdrama

Bon Appétit, Your Majesty: 폭군의 셰프

드라마 Dialogue 2025. 9. 28. 01:26

ဒီဒရာမာကို မင်းဆိုးမင်းညစ်ဖြစ်ခဲ့တဲ့
ဘုရင် ယွန်းဟီးဂွန် သမိုင်းနောက်ခံအနေနဲ့
ယူဖို့ စဉ်းစားလိုက်တာ တော်တော်ကို
ရူးမိုက်တဲ့အတွေးပဲ

ဘာလို့ဒီလိုပြောသလဲ
မင်းဆိုးမင်းညစ်ဖြစ်ခဲ့ပေမဲ့လို့
သူ့ရဲ့ကောင်းကွက်လို့ခေါ်ရမယ့်
အစားအသောက်အပေါ် အရသာခံနိုင်စွမ်းကို
စိတ်ကူးယဉ်ဆန်ဆန် အချိန်ခရီးသွားပြီးရောက်လာတဲ့ စာဖိုမှူးတစ်ယောက်ရဲ့ အရည်အချင်းနဲ့ ပြင်သစ်စတိုလ် ခေတ်ပေါ်အစားအစာ ချက်ပြုတ်မှုတွေနဲ့ ရောစပ်လိုက်တဲ့အခါ Rom-Com ပါ ထပ်ပြီးပေါင်းထည့်လိုက်တော့  Bon Appétit ဟာ အရသာအားလုံးနဲ့
ပြည့်စုံပြီး အရသာရှိတဲ့ ဟင်းလျာတစ်ခွက်
ဖြစ်လာတာကြောင့်ပါပဲ

လောလောဆယ် Bon Appétit, Your Majesty ဟာ
2025 ခုနှစ်ရဲ့ Rating အမြင့်ဆုံး No.1
tvN သမိုင်း ရဲ့ Rating အမြင့်ဆုံး No.7
Cable Channel သမိုင်းရဲ့ Rating အမြင့်ဆုံး No.12 မှာ ရပ်တည်နေပါတယ်

Time Travel

အချိန်ခရီးသွားဒရာမာတွေကို ဘယ်အချိန်ကတည်းက
စပြီး ထုတ်လွှင့်ခဲ့ကြတာလဲ?
အစောဆုံး မှတ်မိသလောက် လွှင့်ခဲ့တဲ့ ဇာတ်ကားတွေကို
ပြန်ရှာကြည့်လိုက်တော့ အက်မင်အနေနဲ့ ပထမဆုံးကြည့်ခဲ့တဲ့ ဇာတ်ကားက လီမင်ဟိုကား Faith ပဲဖြစ်မယ်ထင်တယ်

ဒါပေမဲ့ အချိန်ခရီးသွားဒရာမာတွေကို
ပိုပြီးသတိထား လူကြိုက်များလာစေခဲ့တာက
ဆယ်စုနှစ်တစ်ခုအထိ Trauma အပေးနိုင်ဆုံးဒရာမာ
Moon Lovers ပဲ ဖြစ်ပါလိမ့်မယ်

Historical Time Travel Drama တွေထဲ Rooftop Prince/ Live Up to Your Name အဲ့ဒီနောက်မှာ Mr.Queen/ The story of Park’s Marriage Contract ပြီးတော့ အခု Bon Appétit, Your Majesty.

အချိန်ခရီးဘယ်လိုသွားကြလဲ?
အများစုက လကြတ်တဲ့နေ့ရောက်ရင် ရေကန်ထဲခုန်ဆင်းလိုက်တာပါပဲ
Bon Appétit ကတော့ ပုံမှန်နဲ့မတူ ကွဲထွက်တဲ့ အချိန်ခရီးသွားတဲ့ပုံစံ ရေကန်ထဲထပ်မခုန်ဘဲ Mangunrok ကနေတစ်ဆင့် ရောက်သွားတာကို သဘောကျတယ်

နောက်ပိုင်း အချိန်ခရီးသွားဇာတ်ကားတွေကို
တစ်ကယ့်သမိုင်းကြောင်းနဲ့ ပေါင်းပြီး လူစိတ်ဝင်စားအောင်
ပိုရိုက်လာနိင်ကြတယ် ဉပမာ - Mr.Queen နဲ့ Bon Appétit လို
နှစ်ကားစလုံးက အသုံးမကျတဲ့ဘုရင်နဲ့ မင်းဆိုးမင်းညစ်
သမိုင်းနောက်ခံကို ယူထားကြတယ်
ဒါနဲ့ ဘာလို့ မကောင်းတဲ့ဘုရင်တွေကိုပဲ သမိုင်းနောက်ခံယူထားကြသလဲ ဆိုတာ ဒီနေရာမှာ နည်းနည်းတော့ မေးခွန်းထုတ်စရာပါပဲ 

History

ဒီဇာတ်ကားကိုမကြည့်ခင်
ဒီမေးခွန်းကို အရင်မေးမိခဲ့ပါတယ်
ဘာလို့ ဒီဘုရင်နောက်ခံကိုမှ ယူရတာလဲ?
တစ်ခြားဘုရင်တွေလည်း အများကြီးရှိရဲ့သားနဲ့ ဆိုပြီးတော့ Ongoing လွှင့်နေတဲ့အချိန်မှာတောင် ဦးစားပေးဒရာမာအနေနဲ့
မကြည့်ခဲ့ပါဘူး

The Treacherous ကို ကြည့်ဖူးသူတိုင်း
မေးခွန်းထုတ်ခဲ့ကြမှာပါ
ဒါပေမဲ့ ကြည့်ဖို့ကိုတော့ အားမပေးပါဘူး

ဒါပေမဲ့ Bon Appétit ကို ကြည့်ပြီးသွားတော့
မင်းဆိုးမင်းညစ်လို့ လူတွေသိထားကြတဲ့ ဘုရင် ယွန်းဟီဂွန်အပေါ် လူတွေရဲ့အမြင်ကို ပြောင်းပစ်နိုင်ခဲ့တယ်

သမိုင်းက နိုင်တဲ့လူက ရေးစတမ်းဆိုရင်
အခုချိန်ထိ သိလာခဲ့တဲ့ သမိုင်းက တစ်ကယ့်အမှန်တရား ဘယ်လောက်ဖြစ်နိုင်ခြေရှိသလဲဆိုတာ တွေးစရာဖြစ်လာပြန်ရော

ဘာလို့ ဒီလောက်ရက်စက်တဲ့ ဘုရင်ဖြစ်သွားရတဲ့
တစ်ကယ့်အကြောင်းအရင်းကို သေချာပြန်စဉ်းစားကြည့်လိုက်ရင် ယွန်းဟီဂွန် သူက ဒီအတိုင်း အမေကို ဆုံးရှုံးလိုက်ရတဲ့ ကလေးတစ်ယောက်သာသာပဲ မဟုတ်ဘူးလားဆိုတာ

မင်းသားကြီး ဂျယ်ဆန်းပြောတာလည်း မှန်ပါတယ်
အမေကို နန်းချ အဆိပ်သောက်ခိုင်းခဲ့ပြီးမှ
ဘာလို့ သားဖြစ်သူကို နန်းတင်ခဲ့ကြတာလဲ

လောကကြီးမှာ လျှို့ဝှက်ချက်ဆိုတာမှ မရှိပဲ
တစ်ချိန် အဖြစ်မှန်အလုံးစုံကိုသိပြီး ဘုရင်အာဏာလုပ်ပိုင်ခွင့်နဲ့ အကုန်လုံးကို ချေမှုန်းနိုင်တယ်ဆိုတာကို
တစ်ကယ်ပဲ မသိခဲ့ကြတာလား 

Rookie - Main Lead - A List Actor

Rookie ဘဝမှာ တော်တော်လေး သရုပ်ဆောင်နိုင်ရင်
Main Lead ဖြစ်လာဖို့က မလွဲမသွေပါပဲ
Main Lead ဖြစ်ရုံနဲ့ အောင်မြင်ပြီလို့ ပြောလို့ရလား?
အဖြေကတော့ No ပါ

ဇာတ်ညွှန်းကောင်းတွေက လွယ်လွယ်နဲ့ လက်ထဲရောက်မလာတတ်ပါဘူး
ဒါပေမဲ့ တစ်ခါတစ်လေ မထင်မှတ်ဘဲ ရောက်လာတဲ့အရာတွေက ထင်မထားဘဲ အောင်မြင်သွားတတ်ပါတယ်

Yi-Yung ဇာတ်ကောင်ဟာလည်း အစကတည်း Lee Chae Min အတွက် မဟုတ်ခဲ့ပေမယ့်
ကံကောင်းတယ်လို့ပြောရမလား ဒါမှမဟုတ်
ဖြစ်လာရမယ့်အရာတွေက ဖြစ်ကိုဖြစ်လာပါတယ်လို့ပဲ ပြောရမလား

အခုကတည်းက Projects ပေါင်း 30 ကျော်ကို ကမ်းလှမ်းခံရတာကို ကြည့်ခြင်းအားဖြင့်
Bon Appétit ဟာ Lee Chae Min ကို Rookie ကနေ
Main Lead အဆင့်ထိ ရောက်စေခဲ့ပြီလို့ ပြောလို့ရပါတယ်
မတော်ရင် နောက် Project တွေ သေချာရွေးရင်
အလားအလာရှိတဲ့ A-List Actor တစ်ယောက်
ဖြစ်လာနိုင်ပါတယ်

 ဘာလို့ ဒီလိုပြောရသလဲဆိုတော့
Rookie Actor တစ်ယောက်အနေနဲ့ တိုတောင်းတဲ့အချိန်ကာလမှာ ဘုရင်တစ်ယောက်ရဲ့ မျက်နှာထားနဲ့ လေယူလေသိမ်း ပြီးခါနီးမှာ သိသိသာသာတိုးတက်လာတာကို မြင်ရတဲ့ သရုပ်ဆောင်ချက်တွေကြောင့်ပါပဲ

Ending ကိုတော့ သဘောကျပါတယ်
သမိုင်းကိုလည်း ဖယ်ကြဉ်မထားဘဲ လုံးလုံးမပြောင်းလိုက်ဘဲ
လူတွေလိုချင်တဲ့ Happy Ending ကိုလည်း
ပြသွားနိုင်ခဲ့တယ်

အဲ့ဒါတွေထက် မင်းဆိုးမင်းညစ်တစ်ယောက်ရဲ့ Dark Side မဟုတ်ဘဲ ကောင်းကွက်တွေကို ပိုမြင်စေခဲ့ပြီး သူ့အပေါ် လူတွေအမြင်ကို အနည်းနဲ့အများ ပြောင်းလဲစေခဲ့တယ်

 စာရေးဆရာအနေနဲ့ မင်းဆိုးမင်းညစ်ဖြစ်ခဲ့တဲ့
ဘုရင် ယွန်းဟီဂွန်ကို ဘာလို့ သမိုင်းနောက်ခံအနေနဲ့ ယူထားတာလဲဆိုတာ အခုမှပဲ သဘောပေါက်ပါတယ်
ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းမှာ ကျန်မနေမယ့်လူဖြစ်တာကြောင့်
သမိုင်းကိုလည်း လုံးဝပြောင်းစရာမလိုတာကြောင့်
အနာဂတ်ကိုလာပြီး Happy Ending နိုင်တာကြောင့်
မို့လို့ပါ

 မင်းသားက အနာဂတ်ကို ဘယ်လိုရောက်လာသလဲ
Mangunrok ရဲ့ နောက်ဆုံးစာမျက်နှာကြောင့်လား?
ဘယ်လိုရောက်လာခဲ့သလဲဆိုတာ အသေးစိတ်ထပ်မြင်ချင်ကြသေးတယ်ဆိုပေမဲ့ ဒီအထိက လုံလောက်ပြီလို့ ထင်ပါတယ်
ကျန်တာက ကိုယ့်ဘာကို ဖြည့်တွေးလိုက်လို့ ရတာကြောင့်
ဒါကြောင့်လည်း စာရေးဆရာက ဘယ်လိုရောက်လာခဲ့သလဲဆိုတာက အရေးမကြီးဘူး
အရေးကြီးတာက Happy Ending ဖြစ်ဖို့ပဲဆိုတာ
ကြည့်ရှုသူတွေ မေးခွန်းမထုတ်ခင် ကြိုပြီးပြောခဲ့တာပါ

 In my personal view
ယွန်းဟီဂွန်အဖြစ် မရောက်လာစေချင်ဘဲ သာမန်ယောကျာ်းတစ်ယောက်အနေနဲ့ပဲ ရောက်လာပြီး ပြန်ဆုံစေချင်တာ
သေချာပေါက် ဒီဘက်ခေတ်မှာလည်း မင်းသားက အစားအသောက်ဝေဖန်တဲ့သူတစ်ယောက်အနေနဲ့

ချစ်တဲ့လူတွေက ဘယ်နေရာရောက်ရောက်
မှတ်မိကြပါတယ်
သူတို့နှစ်ယောက်လည်း တစ်ယောက်ကိုတစ်ယောက်
မသိစိတ်ကနေ မှတ်မိပြီး ပြန်ချစ်မိကြမှာပါ
ဆုံမယ့်ဖူးစာက ကမ္ဘာကြီးခြားနေရင်တောင် ဆုံပါတယ်
(မဆုံမယ့်ဖူးစာက တစ်လမ်းထဲနေလည်း မဆုံပါဘူး) 

အစားအစာဟာလည်း ဒီကားရဲ့ Highlight တစ်ခုပါပဲ
ဒီဇာတ်ကားမှာ အစားအသောက်တွေဟာဆိုရင်လည်း သူတို့ရဲ့ကိုယ်ပိုင် Character ကိုယ်စီနဲ့ ပါဝင်ထားကြပါတယ်

 အစားအသောက်တွေဟာ တစ်ကယ်ပဲ အမှတ်တရတွေကို ပြန်ပြီးသယ်ဆောင်လာနိုင်သလား?
Chef Yeon ရဲ့ အစားအသောက်ကိုစားပြီး
သူတို့ မမေ့နိုင်တဲ့ တမ်းတခဲ့ရတဲ့အရသာကို စားပြီး မျက်ရည်ကျခဲ့ရသလို တစ်ဖက်မှာလည်း သူတို့စားပြီး ထွက်လာတဲ့ Animation တွေကလည်း ဟာသအနေနဲ့ တင်ဆက်နိုင်ခဲ့တယ်

ဒီမှာ အဓိက Main Character ကတော့ Bibimbap ပေါ့
Bibimbap - 비빔밥
Bibim - 비빔 ဆိုတာ ‘Mixing - ရောနှယ်တာ’ လို့ အဓိပ္ပာယ်ရပြီး
Bap - 빕 ဆိုတာကတော့ ချက်ထားတဲ့ ထမင်းကို ပြောတာပါ

 ပူပူနွေးနွေးထမင်းပေါ်ကို လတ်ဆတ်တဲ့ အသီးအရွက်တွေနဲ့ အသား ပြီးတော့ ကြက်ဉကြော်ကို အပေါ်ကတင်ပြီး ကိုရီးယားငရုတ်ဆောစ့် Gochujang - 고추장 ထည့်ပြီး နှမ်းဆီ ဒါမှမဟုတ် ထောပတ်နဲ့နှယ်ပြီး စားရတဲ့ ထမင်းသုပ်ပါ

စာဖတ်သူတွေရော ဂျီယောင်းလို မနက်တိုင်း ထမင်းသုပ်လုပ်ကျွေးမယ့် ယောကျာ်းရှိပြီလား?

တစ်ဝက်တစ်ပျက်ဖြစ်နေတဲ့
ဟင်းလျာထက် ပိုပြီး စိတ်ပျက်ဖို့ကောင်းတာ မရှိနိုင်တော့ပါ

ပါဝင်ပစ္စည်းက လုံလောက်မှုမရှိလည်း ဧည့်သည်ရဲ့အကြိုက်ကို လိုက်ပြီးတော့ စိတ်ရင်း စေတနာအပြည့်ထည့်လိုက်ရင် စိတ်ကျေနပ်စေမှာပါ
အကောင်းဆုံး ပါဝင်ပစ္စည်းကို အသုံးပြုတိုင်းလည်း သေချာပေါက် အကောင်းဆုံးသောဟင်းလျာ ဖြစ်လာမှာတော့ မဟုတ်ပါဘူး

လိမ်ပြောတဲ့လူရဲ့လျှာကိုက မလိမ်အောင် တားလို့မရဘူး

အစားအသောက်တစ်ခုမှာ အရေးကြီးဆုံးက အရသာလား ရနံ့လား
ကျွန်မကတော့ ရနံ့လို့တွေးပါတယ်
အရသာဆိုတာက အခါး၊ အချဉ်၊ အချို၊ အစပ်နဲ့ အငန်အရသာ ၅မျိုးရှိပေမဲ့
ရနံ့မှာတော့ မရေတွက်နိုင်လောက်အောင် အမျိုးအစားစုံလင်ပါတယ်

ရေ အတိမ်အနက်ကို ကူးဖြတ်မှ သိနိုင်တာဖြစ်ပြီး
လူဆိုတာလည်း ရင်းနှီးလာမှ အကြောင်းစုံသိရတာပါ

ပါးစပ်ဆိုတာ လိမ်ညာပြောနိုင်ပေမဲ့
လျှာထိပ်ကတော့ အမှန်တရားကိုပဲ ပြောတာပါ

“အစာလည်း ဆေး၊ ဆေးလည်း အစာ” ဆိုတဲ့ စကားရှိတယ်မလား
ခါးသက်တဲ့ဆေးဝါးတွေထက် အရသာရှိတဲ့ အစားအသောက်တွေစားတာက ကျန်းမာရေးပိုကောင်းစေပါတယ်

ကျင့်ဝတ်မရှိတဲ့ စားဖိုမှူးဟာ ကျွမ်းကျင်မှု မည်မျှပင်ရှိပါစေ
ကောင်းမွန်တဲ့ဟင်းလျာကို မဖန်တီးနိုင်ဘူး

စသ်သည်တော်တစ်ယောက်ရဲ့ဓားက လူသတ်ဖို့အတွက် သုံးတယ်
စားဖိုမှူးတစ်ယောက်ရဲ့ဓားက လူ့အသက်ကယ်ဖို့အတွက် သုံးတယ်

ဖြောင့်မှတ်မှန်ကန်တဲ့ လူတစ်ယောက်အတွက် အရေးကြီးဆုံး ကိုယ်ကျင့်တရားက “သဒ္ဒါတရား” ပါပဲ
တစ်ဖက်လူကို ညှာတာပြီးတော့ စာနာသနားတတ်တဲ့စိတ်ထား

အထင်လွဲတယ်ဆိုတာက အသေးအမွှားကိစ္စလေးက စတယ်ဆိုပေမဲ့ တစ်ခါအမြစ်တွယ်သွားရင် ရှင်းထုတ်ပစ်လို့မရတော့တဲ့အရာပါ

 

'2025 Kdrama' 카테고리의 다른 글

A HUNDRED MEMORIES: 백번의 추억  (0) 2025.10.16
TYPHOON FAMILY: 태풍상사  (0) 2025.10.03
TEMPEST: 북극성  (0) 2025.09.18
My Youth: 마이 유스  (0) 2025.09.11
Beyond the Bar: 에스콰이어: 변호사를 꿈꾸는 변호사들  (0) 2025.09.04