본문 바로가기
카테고리 없음

Melo Movie: 멜로무비

by 드라마 Dialogue 2025. 2. 25.

လူတွေနဲ့သိပြီး ရင်းနှီးလာပြီး နီးစပ်လာတာကို နေရခက်တယ် 
ဘယ်လိုပဲဖြစ်ဖြစ် တစ်ချိန်မှာတော့ ထွက်သွားမယ့်လူတွေပဲမို့လို့

အမြဲတမ်း အဲဒီလိုကြီး စိတ်ဓာတ်ကျစရာ 
တွေးထားလို့မဖြစ်ဘူးလေတဲ့ 
ဒါဆို အမြဲတမ်း တက်ကြွပြီး 
အဆင်ပြေနေတဲ့ပုံဖြစ်ရမှာလား
ငါတော့ တက်ကြွတဲ့ပုံစံပဲ ထုတ်ပြတတ်တဲ့လူကိုမယုံဘူး
အဲဒီလိုလူတွေက အရင်ဆုံးထွက်သွားတတ်ကြတယ်

တန်ဖိုးရှိတဲ့ ဇာတ်လမ်းဆိုပေမဲ့ 
မအောင်မြင်တာလည်း ဖြစ်နိုင်တယ် 
တန်ဖိုးမရှိတဲ့ ဇာတ်လမ်းကလည်း 
အောင်မြင်သွားနိုင်တယ် 
ဒီလောကမှာတော့ ဒီလိုပဲ 
အာမမခံနိုင်ဘူး

ကိုယ့်ရဲ့နာကျင်မှုကို လျစ်လျူရှုနိုင်တာ 
ကောင်းတဲ့အရာဆိုပေမဲ့ 
သူများတွေအထိပါ လျစ်လျူရှုတာကတော့ 
မဟုတ်သေးဘူး

ဘဝမှာ သတ်မှတ်ထားတဲ့ပျော်ရွှင်မှူ 
ပမာဏဆိုတဲ့ ဉပဒေရှိတယ်ထင်တယ် 
အဲဒီစကားကို တစ်မျိုးထပ်ပြောရမယ်ဆိုရင် 
ကံဆိုးမှုမှာလည်း သတ်မှတ်ထားတဲ့ ပမာဏရှိနေတာပဲပေါ့ 
ရိုးရှင်းပါတယ် 
တစ်ယောက်ယောက်ဆီမှာ အခက်အခဲတွေက 
ဆက်တိုက်ကြုံနေရပြီဆိုရင် သေချာပေါက် 
မကြာခင် ကောင်းတဲ့ကိစ္စလေးတွေလည်း 
ရှိလာတော့မယ်လို့ ယုံကြည်တာပါ 

ရိုးရှင်းတဲ့အကြံပြုချက်ဆိုပေမဲ့ 
အကျိုးသက်ရောက်မှုကတော့ 
အတော်လေး အဆင်ပြေပါတယ် 
ဒီလိုမျိုးပဲဖြစ်ဖြစ် မလုပ်ဘူးဆိုရင် 
ကြည့်ရတာ တောင့်ခံနိုင်လောက်မှာ မဟုတ်ပါဘူး 

ငါ့ဘဝက 
အောက်ဆုံးကိုရောက်နေတဲ့အခိုက်အတန့်တွေမှာတောင် 
ခပ်လွယ်လွယ်လက်လျှော့ပစ်လိုက်မလား မသိတာမလို့ 
အဲဒါကြောင့် ဒီအတိုင်း အဲဒီလိုမျိုး ယုံကြည်လိုက်တာပါ 

ဆက်တိုက်အခက်အခဲတွေပဲကြုံနေရတာက 
“နောက်ကျရင် ဆက်တိုက် ပျော်ရွှင်စရာကိစ္စတွေပဲ ရှိလာမှာပဲ” 
လို့တွေးပြီး

ကျွန်မ တစ်စုံတစ်ယောက်နဲ့ နီးစပ်သွားရမှာကို 
မကြိုက်ပါဘူး 
အဲဒီလူရဲ့ဘဝထဲကို ကျွန်မနက်နက်ရှိုင်းရှိုင်း 
မဝင်သွားချင်ဘူး 
ကျွန်မက ကိုယ့်ကိုကိုယ်သိတယ်
တစ်ခုသိသွားရင် နောက်တစ်ခုကို သိချင်လာမှာ 
အဲဒီလိုဖြစ်သွားရင် တားဆီးလို့မရနိုင်အောင် 
ပိုပိုပြီးကြွေဆင်းသွားမှာ 
ဒီလိုနဲ့ အဲဒီလူထွက်သွားတာကိုတောင် 
အကဲမခတ်မိလောက်တဲ့အထိ 
တုံးအစွာ ဆက်နေမိနေမှာ အသိသာကြီးမို့လို့

မပြောမဆိုနဲ့ပျောက်သွားတာက 
ကျွန်မအမုန်းဆုံးအရာပါ
ဒါပေမဲ့ ကိုယ်အမုန်းဆုံးအရာ 
လုပ်နေတဲ့သူ ဖြစ်နေလျက်နဲ့တောင် 
သဘောကျနေဆဲပဲဆိုတာက 
အခု မုန်းရမယ့်နည်းလမ်းကို မသိတော့ဘူးဆိုတဲ့ 
အဓိပ္ပာယ်ပဲလေ

ရုပ်ရှင်တွေကပဲ 
ဘဝအပေါ် ရောင်ပြန်သက်ရောက်မှုရှိတာလား
ဘဝကပဲ ရုပ်ရှင်တွေနဲ့ ဆင်တူနေတာလား
ကျွန်တော့်ဘဝမှာ အဲ့ဒီကတည်းက 
ရုပ်ရှင်တွေက အဖော်ဖြစ်ခဲ့တယ် 

ရုပ်ရှင်တွေမှာ အံ့ဩဖို့ကောင်းတာ တစ်ခုက 
ရုပ်ရှင်ထဲမှာဆို ဘာမဆိုဖြစ်နိုင်တယ်လေ 
ကျွန်တော်လည်း လက်တွေ့ဘဝမှာ 
အဲ့ဒီအရာတွေကို လုပ်နိုင်တယ်လို့ ခံစားရစေတယ် 
ဒါပေမဲ့ အချို့အရာတွေကတော့ 
ရုပ်ရှင်ထဲမှာပဲဖြစ်န်ုင်တယ်ဆိုတာကို 
နားလည်သွားတဲ့အချိန်ကျတော့ ပြဿနာတော့ မရှိပါဘူးလေ 

ကျွန်တော့်ရဲ့သာမန်ဘဝထဲကို ရုပ်ရှင်တွေက 
ပျော်စရာတွေအများကြီး ဆောင်ကျဉ်းပေးခဲ့ပြီးပြီပဲ 
ရုပ်ရှင်တွေကြောင့် တစ်ချို့အရာတွေ 
လွှဲချော်သွားတာမျိုးလည်း ရှိခဲ့ပေမယ့်ပေါ့

လူကောင်းတွေက နာမကျန်းဖြစ်တတ်တယ် 
မင်းရဲ့အတွေးတွေကို တစ်ခါတစ်လေ 
တစ်ခြားသူတွေနဲ့ ဝေမျှပေးပါ 
ရင့်သီးတဲ့စကားတွေရော နုံချာတဲ့စကားတွေရော 
ထုတ်ပြောကြည့်
အဲ့ဒါမှ အတွေးတွေကိုဖြေရှင်းဖို့ အကူအညီဖြစ်နိုင်မှာ 
တစ်ယောက်ယောက်ကလည်း ကူညီပေးနိုင်မှာလေ

လောကကြီးထဲမှာ အဲ့ဒီလိုလူမျိုး ဘယ်မှာရှိလို့လဲ 
ပင်ပန်းရင် ထွက်ပေါက်ဖြစ်ဖြစ် ရှာရမှာပေါ့ 
စိတ်နေသဘောထားဆိုတာက ခံနိုင်ရည်ကနေ လာတာပဲ 
အရမ်း ပင်ပန်းပြီးတော့ စိတ်ရှုပ်လာရင် 
ငါဆီပဲဖြစ်ဖြစ် လာပြီးထွက်ပေါက်ရှာလိုက်
အကုန် လက်ခံပေးမယ်

ဘယ်သူမှ သေဖို့ကို ကြိုတင်မပြင်ဆင်ပေးဘူး 
တစ်ကယ်လို့များ ရုတ်တရက်ကြီး အဲဒီလိုတွေဖြစ်သွားရင် 
ကျန်ခဲ့တဲ့လူတွေပဲ ဖြေရှင်းရမှာ

အချစ်ဆိုတာဘာလဲ အခုထိ သေချာမသိသေးပေမဲ့ 
အချစ်ကို မဖြစ်မနေလိုအပ်တဲ့အချိန်မျိုး 
ရှိတယ်ဆိုတာတော့ သိပါတယ်
တစ်ယောက်ယောက်က ချစ်ရသူကို ဆုံးရှုံးလိုက်ရတဲ့အချိန်မျိုး

ဆုံးရှုံးခြင်းရဲ့ နာကျင်မှုဆိုတဲ့အရာကလေ 
အစတုန်းကတော့ စိတ်နဲ့လူနဲ့မကပ်နေလို့ သေချာမသိဘူး
အဲဒီလိုနဲ့ အရူးအမူးလိုအပ်နေတဲ့အချိန်မှာ ဒီထက်ပိုပြီးတော့ အတူတူမရှိနိုင်တော့ဘူး ဆိုတာကို နားလည်သဘောပေါက်သွားတဲ့အချိန် အဲ့ဒီအချိန်ကတည်းက စတင်လာတာပဲ နာကျင်မှုက

သေခြင်းတရားဆိုတာလည်း အတူတူပဲ 
မဟုတ်ဘူး
ပြောပြလို့တောင်မရတဲ့ နာကျင်မှာပဲပေါ့ 
နာကျင်မှုရောက်လာတဲ့အချိန်မှာတော့ ဘာမှမတတ်နိုင်ဘူး 
ရင်ဆိုင်ရမယ် 
အဲဒီအချိန် မင်းတစ်ယောက်ထဲပဲရှိမနေနဲ့

ချစ်ရတဲ့လူနဲ့ လမ်းခွဲရတယ်ဆိုတာက 
အဲဒီလိုမျိုး လွယ်လွယ်လေးပြီးနိုင်တာ မဟုတ်ဘူးလေ 
ဘယ်လိုမှမဖြစ်သလိုမျိုး ပုံမှန်အလုပ်တွေကို ပြန်လုပ်ပြီး 
ဆက်ရှင်သန်နေတာက ကျိန်းသေပါက် လမ်းခွဲမှုကို 
ဘေးဖယ်ထားနိုင်သလိုမျိုး မြင်နိုင်တယ်လေ

ဘယ်လောက်ပဲ အဆင်ပြေတဲ့တစ်နေ့တာ 
ဖြစ်ချင်ယောင်ဆောင်နေလည်းပဲ 
ပျက်စီးနေတဲ့အပိုင်းက အဲဒီလိုမျိုး ရုတ်တရက် 
ပေါ်ထွက်လာတယ် 
ပြီးတော့ ရုတ်တရက်ပေါ်လာတဲ့ စိုးရိမ်မှုကို 
အပျောက်ဖျောက်ဖို့ဆိုရင် အခိုက်အတန့်လေးတစ်ခု 
ဒါမှမဟုတ် ရိုးရှင်းတဲ့စကား 
တစ်ခွန်းနှစ်ခွန်းလောက်နဲ့ ဖြစ်တယ်

ဖြည်းဖြည်းချင်း အချိန်ယူလည်းဖြစ်ပါတယ် 
အဲ့ဒီလောက် မြန်မြန်မရှင်းထုတ်လည်း ဖြစ်ပါတယ် 
သေခြင်းတရားက ဘယ်သူ့ကိုပြိုလဲသွားစေမလဲ 
ကျန်ရစ်ခဲ့တဲ့သူတွေ 
အဲ့ဒါကြောင့် အလုံအလောက် ဝမ်းနည်းပူဆွေးပြီး 
ဖြည်းဖြည်းချင်း ကျော်လွှားပါ 
အရမ်း ဖိအားမပေးနဲ့

အဆုံးမရှိဘူးလို့ ထင်ရတဲ့ မှောင်မည်းနေတဲ့ 
လှိုဏ်ဂူတောင် နောက်ဆုံးမှာ အလင်းရောင် ဝင်လာသေးတာပဲ 
အမှောင်ထဲက အလင်းရောင် 
ကျွန်တော့်အတွက် ရုပ်ရှင်ဆိုတာ အဲဒီလိုပါပဲ 

လေးထောင့်ကွက် တီဗွီထဲက အလင်းရောင်လေးဆိုပေမဲ့ 
အဲ့ဒီထဲမှာတော့ ဖြစ်ချင်တာ အကုန်ဖြစ်လို့ရတယ် 
ကျွန်တော်လည်း အကုန်လုပ်နိုင်သလိုမျိုးပေါ့ 
ဒါပေမဲ့ ရုပ်ရှင်အပြင်ဘက်က 
လက်တွေ့လောကကြီးက လေးလံပြီး ဝန်ပိစေတယ် 
သေချာစီစဉ်ထားတဲ့ဇာတ်ကွက်ရော 
နွေးထွေးတဲ့စကားလုံးတွေရော မရှိဘူး 
အထီးကျန်ပြီးတော့ ဆိတ်ငြိမ်နေတဲ့ဘဝ 
အဲ့ဒီအချိန်မှာ ပေါ်လာခဲ့တဲ့သူကတော့ ဂင်မူဘီပါပဲ

တစ်ယောက်ကိုတစ်ယောက်အသိဆုံးဆိုတာ 
မတော်ရင် ကံဆိုးမှုဖြစ်မလားတောင် မသိပါဘူး 
အကြီးမားဆုံးအချစ်ကို ပေးနိုင်ပေမဲ့
အဲဒီလောက်ထိ ကြီးမားတဲ့နာကျင်မှုလည်း ပေးနိုင်တာမို့လို့ 
ပြီးတော့ အဆုံးသတ်ကို ရောက်လာတော့မယ် 
ဆိုတာလည်း သိထားရုံအပြင် မရှိတာမို့လို့

မုန်းရတာလည်း အကျင့်ဖြစ်သွားတယ်ထင်တယ် 
တဖြည်းဖြည်းနဲ့ မမျှော်လင့်မိတော့ဘူး 
အဲဒီလိုမျိုး ဝေးကွားသွားတာလည်း 
အဆင်ပြေလာလိုလေ

မင်းက အချစ်ရဲ့ပြီးပြည့်စုံမှုကို ဘာလို့ထင်လဲ 
အချစ်က သူ့ရဲ့ဖြစ်တည်မှုနဲ့တင် ပြီးပြည့်စုံနေပြီ

အခုထိ ငါက ကလေးလေးပဲရှိသေးတာပါလားလို့ 
နားလည်သွားတဲ့အချိန်မျိုးက ဒီလိုအချိန်ပါပဲ 
ကိုယ့်ရဲ့ဒဏ်ရာကိုပဲ အာရုံစိုက်မိပြီး
ဘေးပတ်ဝန်းကျင်ကို မမြင်နိုင်ခဲ့တဲ့အချိန်

ငယ်ငယ်တုန်းက အိပ်ရာကနေနိုးလာရင် 
အသက် ၂၀ ဖြစ်သွားရင် ကောင်းမှာပဲလို့ မျှော်လင့်ခဲ့မိတယ်
ရုပ်ရှင်လိုမျိုးပေါ့ 
ငယ်ပဲငယ်နေတာက ပင်ပန်းခက်ခဲမှုတွေကို 
ကျော်လွှားဖို့အတွက် အကူအညီတစ်စက်မှ မဖြစ်စေဘူးမို့ 

အဲဒီလိုနဲ့ အသက်၂၀အရွယ်ရောက်တဲ့အခါမှာ 
အသက် ၃၀အရွယ်ကို မြန်မြန်ရောက်ချင်ခဲ့မိတယ် 
ဒီမရင့်ကျက်သေးတဲ့ကာလကနေ မြန်မြန်ရုန်းထွက်နိုင်မှ နာကျင်မှုတွေကို ထုံသွားလိမ့်မယ်လို့ ထင်မိလို့လေ 

အဲဒီလိုလည်း အသက်၃၀အရွယ်ရောက်လာလည်း 
ပြောင်းလဲသွားတာ တစ်ခုမှကိုမရှိဘူး 
ဒီတိုင်း မြန်မြန်ကုန်ဆုံးသွားဖို့ မျှော်လင့်ခဲ့တဲ့ 
အခိုက်အတန့်တွေကို အရမ်းနှမြောခဲ့မိတယ် 

အဲဒီလိုနဲ့ နားလည်သွားခဲ့တယ် 
ဘဝမှာ ကြုံတွေ့ရတဲ့အခိုက်အတန့်တိုင်းက 
ဘဝကြီးကို ရှည်ကြာအောင် လုပ်ပေးတယ်ဆိုတာကို 

အဲဒါကြောင့် အခု လွတ်သွားတာ မရှိလောက်အောင်ကို အခိုက်အတန့်တိုင်းမှာ ကောင်းကောင်း ရှင်သန်နေထိုင်ကြည့်သွားမလို့ 
ဘဝကြီးက ရုပ်ရှင်မဟုတ်ဘဲ လက်တွေ့မို့လို့

고맙습니다.