드라마 다이얼로그

The Tale of Lady Ok: 옥씨부인전 본문

2025 Kdrama

The Tale of Lady Ok: 옥씨부인전

드라마 Dialogue 2025. 1. 10. 09:01

ကောင်းကင်တစ်ခုတည်းအောက်မှာ သေသင့်တဲ့အသက်ဆိုတာမရှိဘူး

လူတွေကတော့ ဒီအတိုင်း ဆင်းရဲပြီး သနားစရာကောင်းတဲ့လူတွေ ဒုက္ခရောက်တဲ့ဇာတ်လမ်းဆို သဘောကျကြတယ်လေ ကျွန်မတို့ဆီကိုရောက်လာမယ့် ပျော်ရွှင်စရာနေ့ရက်တွေကို စိတ်ကူးပုံဖော်ရင်းနဲ့ တစ်ဆင့်ခံပျော်ရွှင်မှုပေါ့

သူတို့မှာ ဘယ်လိုမတရားမှုမျိုးကို ခံစားခဲ့ရပါစေ သူတို့ရဲ့သခင်ကို ထိခိုက်အောင်လုပ်မိရင်တော့ သူတို့သေရမှာပါ

ဉပဒေအရာရှိတွေက ဒူးထောက်ပြီးတော့ မတိုက်ခိုက်ပါဘူး

ကျွန်မက ကောင်းကင်ကြီးအောက်က အသက်အားလုံး ကျားမ အသက်အရွယ် အဆင့်အတန်းနဲ့မသက်ဆိုင်ပဲ အားလုံးက အဖိုးတန်ပြီး တန်းတူညီမျှပဲလို့တွေးပါတယ်

ဘဝဆိုတာက ဘာများကြီးကျယ်လို့လဲ မလောက်ငှတဲ့အစားအစာလေးတွေကို မျှဝေစားပြီး ဘာမဟုတ်တဲ့ဟာသမှာ ရယ်မောရင်းနဲ့ အရမ်းကိုကြိုးစားအားမထုတ်လည်းပဲ ပျော်ရွှင်နိုင်တယ်

အားနည်းသူတွေကိုကူညီမယ်ဆိုတဲ့ မင်းရဲ့သဘောထားက လမ်းလွဲနေလို့တော့မဟုတ်ပေမဲ့ ဉပဒေဆိုတာ အားနည်းတဲ့သူတွေအတွက်ပဲ တည်ရှိနေတာမဟုတ်ဘူး ဉပဒေအရှေ့မှာ ဘယ်သူ့ကိုမဆို တရားမျှမျှတတ ဆက်ဆံရလိမ့်မယ် အဲ့ဒါက အပြစ်ရှိတဲ့သူဆိုရင်တောင် မင်းရဲ့ရန်သူဆိုရင်တောင်မှပေါ့ အဲ့ဒါမှ စစ်မှန်တဲ့ ဉပဒေအရာရှိပဲ

သူတို့ရဲ့ရင်သွေး တရားမျှတမှုမရှိဘဲ အသတ်ခံရတာကို ဘယ်မိဘကမှ သည်းခံနိုင်မှာ မဟုတ်ပါဘူး

လောကကြီးမှာ ကြီးမြတ်တဲ့ အထက်တန်းလွှာတွေလည်း အများကြီးရှိပါတယ်

သူတော်ကောင်းယောင်ဆောင်ထားတဲ့လူက ဘာဖြစ်လို့လဲ

အခွင့်ထူးခံလူတွေက သူတော်ကောင်းယောင်ဆောင်တော့မှ

နွမ်းပါးသူတွေက အနည်းဆုံးတော့ အသက်ရှူချောင်မှာပါ

'2025 Kdrama' 카테고리의 다른 글

Love Scout: 나의 완벽한 비서  (0) 2025.01.10