드라마 다이얼로그

Another Miss Oh: 또 오해영 본문

카테고리 없음

Another Miss Oh: 또 오해영

드라마 Dialogue 2024. 9. 5. 03:01

ဘာပဲဖြစ်ဖြစ် ဒီအတိုင်း အသက်ရှင်ပါ
အပိုင်းပိုင်းကွဲကြေနေရင်တောင် ဒီတိုင်း အသက်ရှင်ပါ
အသက်ရှင်နေတာက အနိုင်ရတာပဲ

တစ်ခါတည်းလဲကျသွားလည်းပဲ
နည်းနည်းနားပြီးရင်တော့ ဒီလိုမျိုးပြန်ထရင်ရတယ်

ဘာမှမဟုတ်ပါဘူးဆိုတဲ့စကားထက်
အဆင်ပြေသွားမှာဆိုတဲ့စကားထက်
ငါနဲ့တစ်ထပ်တည်းစိတ်ဒဏ်ရာရနေတဲ့သူဆီက
နှစ်သိမ့်မှုက အကြိမ်တစ်ရာ တစ်ထောင်မက သက်သာရာရစေတယ်

သေချာပေါက် အသက်တွေကြီးလာလို့
မသေခင်အချိန်ထိ ခံစားရတဲ့ နောင်တရမိတဲ့ အချိန်တွေကို ပြန်တွေးကြည့်ရင် အထီးကျန်နေမယ်ထင်တယ်
ငါ့ဘဝက နောက်ကျရင်
ဝမ်းနည်းစရာကောင်းမယ်လို့ ခံစားနေရတယ်

အားရှိစရာပဲ
ကျန်မနဲ့တစ်ထပ်တည်းတူတဲ့
စိတ်ဒဏ်ရာရနေတဲ့သူရှိနေတယ်ဆိုတာ

ကျွန်မလေ ကျွန်မက
အရှုံးသမားဖြစ်နေတာကြောင့်လို့ ထင်ခဲ့ပေမယ့်
တော်တဲ့သူတွေလည်း ကျွန်မလိုမျိုး
မင်္ဂလာဆောင်မတိုင်ခင် စွန့်ပစ်ခံရတာပါလားလို့
တောင်းပန်ပါတယ်
ရှင့်ရဲ့ဒဏ်ရာက ကျွန်မရဲ့နှစ်သိမ့်မှုဖြစ်နေခဲ့လို့

အစားအသောက်ထက်ကို စျေးနည်းနည်းနဲ့
စိတ်ကျေနပ်မှုပေးနိုင်တာ ရှိသေးလို့လား
အရသာရှိတဲ့အစားအစာအပြင်
ထပ်ပြီး နှစ်သိမ့်ပေးနိုင်တာ ရှိသေးလို့လား

အချစ်ပါ
အစားစားတာထက် အချစ်က
လုံးဝကို စိတ်ဝင်စားစရာကောင်းပြီး
အဆပေါင်းသန်းပေါင်းများစွာ ပျော်ဖို့ကောင်းတယ်
မစားဘဲနဲ့တောင် ပျော်ရွှင်နိုင်တယ်
အချစ်ကိုခံစားမိသွားတဲ့သူတွေက
အရသာရှိတဲ့ဟာတွေကို တမ်းတမနေဘဲ
အရသာမရှိတဲ့ဟာတွေအပေါ်လည်း
ဒေါသထွက်မနေတော့ဘူး
အပြည့်အဝလုံလောက်အောင်
ပျော်စရာကောင်းနေတာမို့

စိတ်ဓာတ်ကျသွားတဲ့အချိန် ပျော်ရွှင်စေတဲ့ အရာလေးတွေကို မြင်ယောင်ကြည့်ပါ