일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- TheRedSleeve
- RacketBoys
- HometownChaChaCha
- 18Again
- YumiCells2
- TheDevilJudge
- Remarriageanddesires
- HighClass
- HymnOfDeath
- WhyHer?
- OurBlues
- DrRomantic
- Taxidriver
- CrashLandingOnYou
- MrSunshine
- YouthOfMay
- KimSeonHo
- ForecastingLoveandWeather
- TwentyFiveTwentyOne
- BeMelodramatic
- WiseMountainvillageLife
- TheKingsAffection
- OurBelovedSummer
- LeeJeHoon
- YumiCells
- LeeJunho
- ChicagoTypewriter
- NowWeAreBreakingUp
- startup
- DaliandCockyPrince
- Today
- Total
드라마 다이얼로그
It's Okay, That's Love: 괜찮아, 사랑이야 본문
ဒီ စာရွက်နှစ်ရွက်လုံးမှာ သေမယ်ဆိုတဲ့
စာပဲရေးထားပါတယ်
ဒါပေမဲ့ စစ်သားက အကျဉ်းသားကို
လိမ်ပြောခဲ့ပါတယ်
နှစ်ခုထဲက တစ်ခုက အသက်ရှင်မယ်လို့ရေးထားတယ်
ရှင်မယ်ဆိုတာကို ရွေးလိုက်ရင်
အသက်ရှင်ခွင့်ပေးမယ်ဆိုပြီးတော့ပေါ့
ဒါဆို ဘာကိုရွေးမှာလဲ?
ဘဝကြီးက နေရတာခက်ခဲလာရင်
ကျွန်မတို့က လောကကြီးမှာ ငါရှင်သန်ရမယ့်နည်းလမ်း လုံးဝမရှိတော့ဘူးလို့ စဉ်းစားကြပါတယ်
ဒီအဖြေကို မသိတဲ့ လူကြီးမင်းတို့လိုပေါ့
ဒါပေမဲ့ စိတ်ရောဂါအထူးကုဆရာဝန်ဖြစ်တဲ့ ကျွန်မက လုံးဝ အဲ့ဒီလိုမျိုး မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်
မျှော်လင့်ချက်က အဲ့ဒီလိုအခြေအနေမှာတောင် အမြဲရှိနေပါတယ်
စိတ်ထဲမှာ နာကျင်လာတဲ့အခါ
စိတ်ထဲနေမကောင်းတဲ့အခါ
စိတ်ရောဂါအထူးကုဆရာဝန်တွေဆီ လာပေးတာကလည်း မျှော်လင့်ချက်ကို ရှာဖွေတဲ့ နည်းလမ်းထဲက တစ်ခုပဲဖြစ်ပါတယ်
မိန်းကလေးတစ်ယောက်က အရိုက်ခံခဲ့ရတာပါ
မိဘနဲ့ ညီအစ်ကို မောင်နှမတွေဆီကနေ
အကြောင်းအရင်းကတော့ တစ်ခုတည်းပါပဲ
ကိုယ့်ကို နားမလည်ပေးနိုင်တဲ့ လူတွေဆီကနေ နားလည်ပေးတာကို ခံချင်လို့
မျက်နှာမှာ ဒဏ်ရာတွေရပြီး ခြေထောက်လည်းကျိုးသွားတာကို
အဲ့ဒီမိန်းကလေးက သူ့ကိုရိုက်တဲ့သူတွေရဲ့ခံစားချက်ကို နားလည်ပါတယ်ဆိုပြီး အိမ်ကိုပြန်မယ်လို့ပြောပါတယ်
ဒီတစ်ခေါက်တော့ အိမ်ကိုပြန်မယ်ဆိုရင် အရိုက်ခံရရင်းနဲ့ ခေါင်းတောင်ကွဲသွားနိုင်တာကို ခြေထောက်မဟုတ်ဘဲနဲ့ ခါးရိုးကျိုးသွားနိုင်တာကို
မိဘညီအစ်ကိုမောင်နှမတွေမလို့ အဆင်ပြေတယ်ဆိုပြီးပြောနေတယ်
အးိုက်ခံရမဲ့အရာပဲဆိုပြီးတော့
အဲ့ဒါကြောင့် အရိုက်ခံမယ်ဆိုပြီးတော့ပြောတယ်
မင်း ကျိန်းသေပေါက် နားလည်ပေးရမဲ့လူက မိဘတွေထက် မင်းကိုယ်တိုင်ကိုပါ
ရိုးသားပြီး သဘောကောင်းတဲ့သူဆိုရင် ကိုယ့်သားသမီးကို နာကျင်အောင်မလုပ်တော့ဘူးပေါ့
နတ်သမီးလိုမျိုး ငါ့အမေတောင်မှ တစ်ခါတစ်လေကျရင် ငါ့ကို နာကျင်စေတာကို
သဘောကောင်းတဲ့သူလည်း စိတ်ဒဏ်ရာပေးတတ်ပါတယ်
၁၉၇၆ခုနှစ်တုန်းက Jack Nicholson ရဲ့ သရုပ်ဆောင်မှုတွေက ကျွန်တော်တို့ကို ကြီးမားတဲ့ အထင်ကြီးမှုတွေကို ဖြစ်စေခဲ့တဲ့ရုပ်ရှင်
အဓိကဇာတ်ဆောင် Mc Murphy က ပထမဦးဆုံးအကြိမ် စိတ်ရောဂါကုဆေးရုံကို သွားလည်ပြီး လူနာတွေကိုကြည့်ရင်းနဲ့ သူတို့နဲ့သူက လုံးဝ ကွဲပြားတယ်လို့ ထင်ခဲ့ပါတယ်
လုံးဝကို အထင်သေးပြီးတော့ လှောင်ရယ်ခဲ့တာပေါ့
ရုပ်ရှင်ကြည့်နေကြတဲ့ ကျွန်တော်တို့ ကြည့်ရှုသူတွေကလည်း မထူးခြားနားပါပဲ
ကျွန်တော်တို့က သူတို့နဲ့ ကွာခြားတယ်
သူတို့တွေက ရူးနေပြီးတော့ ငါကတော့ အကောင်းအတိုင်းပဲလို့ စဉ်းစားနေတတ်ကြပါတယ်
ဒါပေမဲ့ အချိန်တွေကုန်ဆုံးသွားပြီးတော့ ဇာတ်ကြောင်းကို ပြန်လှန်ပြလိုက်တဲ့ အချိန်မှာတော့ ကျွန်တော်တို့တွေအကုန် စိတ်တွေ ရှုပ်ထွေးကုန်ကြပါတယ်
ထူးဆန်းပြီး အံ့ဩစရာကောင်းတယ်
စိတ်မနှံ့ဘူး ရူးနေတယ်လို့ ထင်နေခဲ့ကြတဲ့ ဇာတ်ကောင်တွေအတွက် သနားမိ နာကျင်မိဖူးပြီး စိတ်မကောင်းဖြစ်မိတဲ့အတွက်ကြောင့်ပါ
ကျွန်တော်တို့ လွယ်လွယ်နဲ့ လက်ညိုးထိုးခဲ့ကြတဲ့ စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်နေတဲ့လူနာတွေ
ဒါပေမဲ့ နောက်ဆုံးမှာ သူတို့ရဲ့အကြောင်းတွေကို သိသွားတဲ့အခါမှာ
အရမ်းကို ထူးထူးခြားခြားနဲ့ နားလည်လာတဲ့ သူတို့ရဲ့နာကျင်မှု
စိတ်ကျန်းမာရေးဆရာဝန်တွေက ပြောကြပါလိမ့်မယ်
ကျွန်တော်တို့အားလုံးက လူနာတွေပါပဲ
အအေးမိသလိုပဲ စိတ်ပိုင်းဆိုင်ရာ ဖျားနာမှုကလည်း လူတိုင်းဖြစ်နိုင်ပါတယ်
အဲ့ဒါကို အသိအမှတ်ပြုပြီးတော့ အချင်းချင်းရဲ့ နာကျင်မှုတွေကို နားလည်ပေးရမယ်
ဒါဆိုရင်တော့ ကမ္ဘာကြီးက အခုထက်ပိုပြီးတော့ လှပလာပါလိမ့်မယ်
လူအများစုက ကိုယ်နဲ့မတူတဲ့အတွေးမျိုးရှိနေတာကို ကိုယ်ကမှန်တယ်
အဲ့ဒီလူက ကိုယ်နဲ့မတူလို့ မှားနေတယ်လို့ တွေးတတ်ကြပါတယ်
လူတွေက လက်ပြတ် ခြေပြတ်
ကင်ဆာရောဂါသည်မှ
စာနာတတ်ကြတာ
စိတ်ကျန်းမာရေးမကောင်းတဲ့သူတွေကိုတော့
ထူးထူးဆန်းဆန်းဖြစ်နေကြတာ
သူတို့လည်း လူတွေမဟုတ်သလိုပဲ
စိတ်ဖိစီးမှုတွေ စိတ်ဒဏ်ရာတွေများလာရင်
လူတိုင်းကြုံရနိုင်တဲ့ စိတ်ဒဏ်ရာကို
သူတို့တွေက ဘယ်တော့မှ မကြုံရမယ့်ပုံစံမျိုးနဲ့
ပြောနေကြတာ
ပိုင်ဆိုင်ချင်ရင် ဆုံးရှုံးမယ်
ဆုံးရှုံးဖို့ ပြင်ဆင်ထားမယ်ဆိုရင်
တစ်ခုခုတော့ ထူးမှာပဲ
တစ်ကယ်ပဲ အချစ်က
အရာရာကျော်ဖြတ်စေနိုင်ပါ့မလား
အချစ်ဆိုတာ အမြဲတမ်း ပျော်ရွှင်မှု စိတ်ချမ်းသာမှု အေးချမ်းမှုနဲ့ သတ္တိကိုပဲ ယူဆောင်ပေးတယ် ဆိုတာမျိုးလား
နာကျင်မှု နာကျည်းမှု ဝမ်းနည်းမှု စိတ်ပျက်မှုနဲ့
မပျော်ရွှင်မှုလည်း ယူဆောင်လာနိုင်တာပေါ့
ပြီးတော့ အဲ့ဒါတွေကို ကျော်ဖြတ်နိုင်မယ့်
အားအင်ကိုလည်း ပေးမှာပေါ့
အဲ့ဒီလောက်ရှိမှလည်း အချစ်လို့ခေါ်နိုင်တာပေါ့
သဲကန္တာရထဲမှာ နေထိုင်တဲ့လူတွေက
ညဘက်ဆိုရင် သူတို့ရဲ့ ကုလားအုတ်တွေကို
သစ်ပင်မှာ ချည်ထားလေ့ရှိကြတယ်
ဒါပေမဲ့ မနက်ရောက်လာရင်တော့
ကြိုးဖြည်ပေးတယ် တွေ့တဲ့အတိုင်းပဲ
ဒါပေမဲ့လည်း ကုလားအုတ်တွေကတော့
ထွက်မပြေးကြဘူး
သစ်ပင်မှာ အချည်ခံရတဲ့အချိန်ကို
ညဘက်ရောက်ရင် မှတ်မိနေတာမို့
ငါတို့တွေ အတိတ်က ဒဏ်ရာကို
မှတ်မိနေသလိုမျိုးပေါ့
အတိတ်မှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာက
တိုက်ဆိုင်လာရင် လက်ရှိ ငါတို့ရဲ့ပစ္စုပ္ပန်မှာ
ခဏခဏပေါ်လာတယ်လို့ ဆိုလိုတာပဲ..
မညိုးနွမ်းသွားဘဲ ပွင့်လန်းသွားမယ့်ပန်းဆိုတာ
ဘယ်ရှိပါ့မလဲ
မညိုးနွမ်းသွားတဲ့ အချစ်ဆိုတာရော
ဘယ်မှာများရှိပါ့မလဲ
ဘဝဆိုတာလည်း အဲ့လိုပဲ
အသက်ရှင်သန်ရတာ ဒီလိုပါပဲလေ
ဟုတ်တယ်မလား
တစ်ယောက်ယောက်က ဒီလိုပြောဖူးတယ်
လောကကြီးမှာ နားဝင်အခါးဆုံးစကားက
ယောကျာ်းဆန်ရမယ် မိန်းမဆန်ရမယ်
အမေပီသရမယ် ဆရာဝန်ပီသရမယ် ကျောင်းသားပီသရမယ်
အဲ့ဒီလိုစကားတွေတဲ့
ဒီအတိုင်း အကုန်လုံးက ပထမဆုံးရှင်သန်ဖူးတဲ့ဘဝမို့လို့ နေသားကျအောင် ကြိုးစားနေကြတာတဲ့
အဲ့ဒါကြောင့် နေသားမကျသေးတာမို့
အမှားလုပ်မိလို့လည်း ရတယ်တဲ့
ငါကတော့ တစ်ကယ့်ကိုလှတဲ့ လောကကြီးမှာ
နေနိုင်နေပေမဲ့ ဘာလို့ ဒီလိုမျိုးဦးတည်ချက်မရှိတဲ့လမ်းကို သွားနေရတာလဲ
ဘယ်အချိန်ထိ ဒီလိုမျိုး ပူပန်သောကတွေပိုက်ပြီး
နေရဦးမှာလဲ
ငါ့ခေါင်းထဲမှာ တွေးနေမိတဲ့ အတွေးတစ်ခုရှိတယ်
ဘယ်လိုလုပ်မှ ပုံမှန်ဖြစ်တဲ့ဘဝကို နေခွင့်ရမလဲ
ကျွန်မတို့ လူသားတွေအားလုံးက ကိုယ်တိုင်က
အမြဲလွတ်လပ်ပြီးတော့ အမြဲပြောင်းလဲကြတယ်ဆိုပြီး
အထင်မှားနေကြပေမဲ့ အမှန်တော့ ကျွန်မတို့ကို
ထိန်းချုပ်နေတဲ့အရာက ဒီအတိုင်း လုပ်နေကြဖြစ်တဲ့
အကျင့်တစ်ခုပါပဲ
လေပြည်လေးရောက်လာရင် ရောက်လာတဲ့အတိုင်း
ထားထားလိုက်ပြီး ပြန်ထွက်သွားခွင့်ပေးလိုက်ပါ
လွမ်းဆွတ်မှုရောက်လာရင် ရောက်လာတဲ့အတိုင်း
ထားထားလိုက်ပြီး ပြန်ထွက်သွားခွင့်ပေးလိုက်ပါ
နာကျင်မှုလည်း ရောက်လာလောက်မှာပေါ့
အခြေချနေထိုင်လောက်မှာပေါ့
နေရင်းကနေ ပြန်ထွက်သွားလောက်မှာပေါ့
မျှော်လင့်ချက်က မင်းကို
ဘယ်တော့မှလက်မလျှော့ဘူး
မင်းကသာ လက်လျှော့လိုက်တာပဲ
အချစ်ဆိုတာ တစ်ဖက်လူအတွက် တစ်ခုခုကို လက်လျှော့ပေးလိုက်တာ မဟုတ်ဘဲ တစ်ခုခုကို လုပ်ပေးလိုက်နိုင်တာပဲ
ကျွန်တော်က အဲ့ဒီစကားကို ယုံကြည်ပြီးတော့
အတတ်နိုင်ဆုံး အကောင်းဆုံးကြိုးစားကြည့်ဖို့
လုပ်နေပါတယ်
ချစ်ရတဲ့သူအတွက် ကျွန်တော်လုပ်နိုင်တဲ့ကိစ္စက
ဘယ်အချိန်မှာမဆို လုံးဝမျှော်လင့်ချက်ကို
မစွန့်ပစ်ဖို့ဘဲလို့ ယုံကြည်နေတဲ့အတွက်ကြောင့်ပါ
ကျွန်တော်က ဒီအတောအတွင်းမှာ သူများတွေကို အဆင်ပြေရဲ့လားဆိုပြီးတော့ သာကြောင်းမာကြောင်းတွေမေးပြီးတော့ Good Night နှုတ်ဆက်စကားကို
မရေမတွက်နိုင်အောင် ပြောဖူးပေမဲ့ ကိုယ့်ကိုကိုယ်ကိုတော့ တစ်ခါလေးတောင်မှ မနှုတ်ဆက်ခဲ့ဖူးပါဘူး
လူကြီးမင်းတို့လည်း ဒီညမှာ တစ်ခြားသူတွေကိုမဟုတ်ဘဲ ကိုယ့်ကိုကိုယ်
“မင်းတစ်ကယ်ပဲ အဆင်ပြေရဲ့လား” ဆိုပြီးတော့
သာကြောင်းမာကြောင်းလည်း မေးကြည့်ပြီးတော့
နွေးထွေးတဲ့ Good Night နှုတ်ဆက်စကားကို
ပြောပေးရင် ကောင်းမှာပါပဲ
လူတွေအများကြီးရဲ့အကူအညီနဲ့
အဲ့ဒီအိမ်လေးထဲမှာ တစ်ရက်မှာ ၂၄နာရီလုံး
တစ်နှစ်မှာ ၃၆၅ ရက် နေ့ညမပြတ် တောက်လောင်နေတဲ့ ဖယောင်းတိုင်လေးရှိပါတယ်
ဖယောင်းတိုင်လေးကို ထွန်းထားရတဲ့အကြောင်းအရင်းကတော့ တစ်ခုတည်းပဲရှိတယ်
တစ်ကမ္ဘာလုံးမှာ ရှိသမျှ အထီးကျန်နေတဲ့သူတွေ
အားလုံးအတွက်ပါ
အခု တစ်ယောက်ထဲဖြစ်နေလို့ဆိုပြီးတော့
အထီးကျန်နေတဲ့သူတွေ မင်းအတွက် ၂၄နာရီလုံးလုံး
ဆုတောင်းပေးနေတဲ့ တစ်စုံတစ်ယောက် ရှိနေပါတယ်
မှတ်ထားပါ
လူကြီးမင်းတို့က တစ်ခါလေးမှကို တစ်ယောက်တည်း
မဖြစ်ဖူးခဲ့ပါဘူး