드라마 다이얼로그

My Mister: 나의 아저씨 본문

카테고리 없음

My Mister: 나의 아저씨

드라마 Dialogue 2024. 1. 19. 00:31

ကိုယ့်စိတ်ထဲမှာ
ဝန်မလေးစေတဲ့ ဘာကိုမဆိုသတ်နိုင်တယ်
ဒါပေမယ့် ဝန်လေးနေရင်
ပိုးကောင်သတ်တာကလည်း ပြဿနာပဲ

ကုမ္ပဏီကြီးရဲ့ဌာနမှူး
မနက်ပိုင်းနိုးရင် သွားစရာနေရာရှိတယ်
ပြီးတော့ မင်းကိုချစ်နေတဲ့ဝန်ထမ်းကောင်မလေး
ငယ်ငယ်လေးလည်းရှိတယ်
အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းလွန်းလို့
မနက်အစောကြီးမျက်လုံးပွင့်ပြီး နိုးလာတယ်
ငါထပ်ပြီး မွေးဖွားလာရင် ဆက်ဆက်
မင်းအဖြစ်မွေးဖွားလာမယ်


လူကိုမုန်းဖို့ အကြောင်းအရင်းမလိုဘူး
ဒီအတိုင်းမုန်းတာ
ဘာလို့လဲဆိုတဲ့ အကြောင်းပြချက်တောင်
မစဉ်းစားချင်တဲ့အထိ မုန်းတဲ့လူရှိတယ်

ငါမုန်းတဲ့လူတွေအားလုံး အောင်မြင်နေကြတယ်

“နာကျင်မှာပဲ အဲ့ဒီလိုအောင်မြင်နေတာကိုမြင်ရတာ ကျွန်မကိုရော မုန်းပေးမလား
မုန်းပေးပါ မနက်ဖြန်မရှိသလိုမျိုး
အများကြီး ကြိုးစားပြီးတော့
ကျွန်မလည်း ဦးလေးကြီးကို မုန်းပေးမယ်
အများကြီး ကြိုးစားပြီးတော့..”


တစ်သက်လုံး အလုပ်လုပ်ပြီး ငွေရှာပေးတာတောင်
ဘာမှမရဘူး ငွေမရှာနိုင်တော့ အပြစ်ပေးခံရတယ်


မိသားစုဆိုတာ လူမမြင်တဲ့နေရာမှာ
မင်းကိုအမှိုက်ပုံးထဲ ပစ်ထည့်ခဲ့ချင်တဲ့ လူမျိုးတွေတဲ့

ပိုက်ဆံရှိတဲ့လူတွေက လူကောင်းဖြစ်ဖို့လွယ်တယ်

ဒီလိုတိုက်အဟောင်းကြီးကို ဘာလို့ကြိုက်တာလဲ?
ငါနဲ့တူလို့
အရင်က ဒီတိုက်အောက်မှာ မြစ်တစ်ခုရှိတယ်
ရေရှိတာကို ရှောင်ဆောက်ထားလို့
တိုက်တွေက ပုံမကျနေတာ
မြစ်အဟောင်းပေါ်ဆောက်ထားတာမို့လို့
ပြန်ဆောက်လို့လည်းမရဘူး
သူ့အချိန်ကျလာရင် ဖြိုပစ်ရမှာ
နေရာရွေးမှားတာပဲ
ငါလည်းအဲ့လိုပဲ
ငါလည်းနေရာရွေးမှားခဲ့တာ
ငါ ကမ္ဘာပေါ်မှာ မွေးဖွားမလာခဲ့သင့်ဘူး

ဒုံဟွန်းက ငါမဟုတ်တဲ့တစ်ခြားမိန်းမနဲ့သာဆိုရင်
ဘာပြဿနာမှမရှိမယ့်ယောကျာ်းပါ
စိတ်ထားကောင်းပြီး ဖြောင့်မှတ်တယ်
သူကိုယ်တိုင်ကိုက အထီးကျန်ကျန်နေတဲ့လူမျိုး
အဲ့ဒါကြောင့် သူ့ဘေးကလူတွေကိုပါ
အထီးကျန်အောင်လုပ်သလိုဖြစ်နေတာ
သူပျော်လာအောင် ဘယ်လိုလုပ်ပေးပေး
ငါ့ကြောင့်ပျော်လာမယ့်လူမဟုတ်ဘူးပဲဆိုပြီး
သိလိုက်တယ်
သူ့ကိုကြည့်ရတာ တသ်ခုခုပျောက်ဆုံးနေသလိုပဲ
သူ့ကိုယ်သူလည်း
ဘာပျောက်ဆုံးနေမှန်းမသိတဲ့လူမျိုး
အမြဲတွေဝေနေတာ

ငါလည်း အရင်က ဒူးထောက်ဖူးတယ်
ပါးရိုက်လည်း ခံဖူးတယ်
အဆဲလည်း ခံရဖူးတယ်
အဲ့လိုတွေဖြစ်တဲ့အချိန်တိုင်း မိသားစုတွေမသိခဲ့လို့ ကျေးဇူးတင်မိတယ်
ဘာမှမဖြစ်ချင်ယောင်ဆောင်ပြီး
အိမ်ကိုမုန့်တွေဝယ်ပြီးပြန်ဖူးတယ်
ဘာမှမဖြစ်သလို ထမင်းစားပြီးနေခဲ့တယ်
ဘာမှမဖြစ်ပါဘူး
ဘယ်လိုအနိုင်ကျင့်ခံရရ ငါ့မိသားစုမသိရင်ရပြီ
ဘာမှမဟုတ်ဘူးဆိုပြီး ဘယ်လိုကိစ္စကြီးဖြစ်နေပါစေ သူများမိသားစုရှေ့မှာတော့ အဲ့လိုမပြုမူသင့်ဘူး
သူများမိသားစုရှေ့မှာ အဲ့လိုလုပ်ရင်တော့
ခင်ဗျားအသတ်ခံရရင်တောင် မထူးဆန်းဘူး

အဲ့တစ်ယောက်က ငါ့ကိုနားလည်တယ်
ငါလည်း သူ့ကို နားလည်တယ်ထင်တာပဲ
ဝမ်းနည်းတယ် ငါ့ကိုသိနေတာ

ဘယ်လောက်ပဲကြင်နာတတ်ပြီး ဖော်ရွေတတ်ပေမယ့် ကိုယ့်မိသားစုကိုတောင် တာဝန်မယူနိုင်တဲ့လူတွေရှိတယ် နည်းနည်းရိုင်းပြီး ထူးခြားပေမယ့် မိသားစုကို တာဝန်ယူနိုင်တဲ့လူတွေရှိတယ်
ဘယ်သူ့ကို လူကောင်းလို့ပြောမလဲ

ကျွန်မဘဝမှာ ကျွန်မကိုကူညီမယ့်လူ
တစ်ယောက်မှမရှိဘူးလို့ မစဉ်းစားပါနဲ့
အများကြီးရှိပါတယ် ကူညီတဲ့လူတွေ
ထမင်းလည်းပေးတယ် အရံဟင်းလည်းပေးတယ်
တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ် လေးကြိမ်
လေးကြိမ်အထိပေးပြီးတော့
အားလုံးထွက်ပြေးသွားတယ်
ကျွန်မဆီမှာ အနာဂတ်ကို မတွေ့လို့
အထင်သေးပြီး ထွက်သွားကြတာ
သူတို့ကိုယ်သူတို့
တစ်ကယ်ကောင်းတဲ့လူလို့ ထင်နေတာဖြစ်မယ်

လူကောင်းပဲ လေးကြိမ်က အများကြီးပဲ
လူအများစုက တစ်ကြိမ်တောင်မကူညီကြဘူးလေ

ပြန်မယူဘဲပေးချင်ပေမယ့် လက်ခံချင်တဲ့လူမရှိဘူး

ပျော်ပျော်နေရအောင် သူငယ်ချင်းရေ
ဘာမှမဟုတ်ပါဘူးကွာ
ဘာမှမဟုတ်ပါဘူး

သူ့ကိုမသနားဘူးလား
အေးတဲ့လူတွေ အကုန်သနားဖို့ကောင်းတယ်
သူတို့ရဲ့အတိတ်ကြောင့် အဲ့လိုဖြစ်နေရတာ
စိတ်ဒဏ်ရာရတဲ့ကလေးတွေက
ပိုပြီးရင့်ကျက်လွယ်ကြတယ် အဲ့ဒါကိုမြင်နေရတယ်
အဲ့ဒါကြောင့် သနားတယ်
သူ့အတိတ်ကိုတောင်သိရဖို့ ကြောက်မိတယ်


ကျွန်မလိုပဲ ပျင်းနေပုံပဲ
တစ်လကို ငါးမီလီယံ ခြောက်မီလီယံလောက်
ဝင်ငွေရှိရဲ့သားနဲ့ ဘာလို့အဲ့လိုဖြစ်နေရတာလဲဆိုပြီး
သိချင်လာလို့
တက္ကသိုလ်က ဂျူနီယာဆီအလုပ်ဝင်တယ်
သူက အလုပ်ဖြုတ်ချင်နေတာကို သိရဲ့သားနဲ့
ကြိုးစားပြီးအလုပ်လုပ်နေတယ်
ဒီထဲမှာ ပျင်းဖို့အကောင်းဆုံးနဲ့
စိတ်ညစ်ဖို့အကောင်းဆုံးက ဌာနမှူးပဲ
ကျွန်မဘဝလိုပဲ ပျင်းစရာကောင်းနေတာတွေ့လို့
ကျွန်မသာနမ်းလိုက်ရင်
ဌာနမှူးဘဝပိုပြီး ပျော်စရာကောင်းလာမလား
တစ်စက္ကန့်လောက် အသက်ဝင်သွားမလားလို့
လုပ်ကြည့်တာ အဲ့ဒါကြောင့်နမ်းလိုက်တာ
ဒါပေမဲ့ ကျွန်မဘဝကတော့
ပျင်းစရာကောင်းနေတုန်းပဲ အတူတူပဲ
ဦီးလေးကြီးရော ဘယ်လိုလဲ


ငါ့ရဲ့လေးလံတဲ့ ခန္ဓာကိုယ်ကြီးကို
ဆန္ဒမပါဘဲ အလုပ်ကိုသွားနေရတယ်

မင်းခန္ဓာကိုယ်က အဲ့လောက် မလေးလံပါဘူး
လေးလံနေတာက မင်းရဲ့နှလုံးသားပဲ


ငါက ဒီနေ့ သေလို့မဖြစ်ဘူး
စျေးကြီးတဲ့အတွင်းခံ မဝတ်ထားဘူး
“ငါဘယ်လောက်ပဲ ပိုက်ဆံမရှိပါစေ
အတွင်းခံကိုတော့ အနည်းဆုံး
ဝမ် ၅၀၀၀၀ တန်တာကို ဝတ်တယ်
ဒီနေ့ သေရမယ်ဆိုရင်တောင် ကားတိုက်တာဖြစ်ဖြစ်
ဓားပြတိုက်ခံရတာဖြစ်ဖြစ်
ဆေးရုံကို အမြန်ဆွဲခေါ်သွားရရင်တောင်
လုံးဝ အထင်သေးခံရမှာ မဟုတ်ဘူး
စျေးကြီးတဲ့ အတွင်းခံ ဝတ်ထားလို့
ကျွန်တော်က အစီအစဉ်မရှိဘဲ နေထိုင်နေလည်း
သေရင်တောင်မှ အရှက်မကွဲရအောင်
နေ့တိုင်း နေ့တိုင်း စျေးကြီးတဲ့ အတွင်းခံဝတ်တယ်
အဲ့ဒီလိုမျိုး နေတာပဲ”


ယောကျာ်းတွေက အရွယ်ရောက်ချိန်ကို
နှစ်ကြိမ်တွေ့ကြုံရတယ်
အားအင်တိုးတက်လာရင် တစ်ခါ
အားအင် ဆုတ်ယုတ်လာရင် တစ်ခါ
အားအင်ဆုတ်ယုတ်နေတဲ့အချိန်မှာ
အရမ်းမကြိုးစားနဲ့ သနားဖို့ကောင်းတယ်
စိတ်ပဲညစ်ရလိမ့်မယ်


လူတိုင်းက နောက်ကွယ်မှာ အတင်းပြောတာပဲ 
ရင်းနှီးတဲ့သူငယ်ချင်းတွေတောင် ပြောကြတာပဲ 
လူတွေက မျက်နှာတစ်ဖက်တည်းမို့လို့လား 
ငါလည်း သူများနောက်ကွယ်မှာပြောတာပဲ 
အဲ့ဒါနဲ့ပတ်သက်ပြီး ဘာလုပ်လို့ရမှာလဲ 
 
လူတွေနောက်ကွယ်မှာ အတင်းပြောတာကြားရင်
အဲ့ဒီလူပြောတာကို ပြန်လက်ဆင့်မကမ်းနဲ့
ဒီအတိုင်း မေ့မစ်လိုက်
တစ်ယောက်ကို ပြန်ပြောပြတာ
နင်တို့အရွယ်လေးတွေကြားက
ခင်မင်မှု ဖြစ်မလားမသိပေမယ့်
လူကြီးတွေကတော့ မဟုတ်ဘူး
မသိချင် ဟန်ဆောင်လိုက်တာကမှ
သစ္စာရှိပြီး ယဉ်ကျေးတာ
အဲ့ဒီအကြောင်းအရာကို ပြန်ပြောပြရင်
အဲ့ဒီလူက နင့်ကို ရှောင်လိမ့်မယ်
ကိုယ့်အမာရွတ်တွေအကြောင်း သိနေတဲ့
လူအနားနေရတာ မသက်မသာဖြစ်တယ် မနေချင်ဘူး
ဘယ်သူမှ မသိအောင် လုပ်လိုက်ရင်ဖြစ်တယ်
အဲ့ဒါက ဘာမှမဖြစ်ဘူး
ဘယ်သူမှ မသိရင် ဘာမှဖြစ်ဘူး


မြန်မြန် AI ခေတ် ရောက်လာရင်ကောင်းမယ်
သရုပ်ဆောင်မှာ AI က သေချာလုပ်နိုင်ပြီး
စာလည်း AI  က အကောင်းဆုံး လုပ်နိုင်မှာ
ရှေ့နေတွေ တရားသူကြီးတွေ ဆရာဝန်တွေ
အားလုံးမှာလည်း AI က အကောင်းဆုံးဖြစ်မှာ
လူသားတွေ ကြွားဝါလို့မရတဲ့
လောကကြီးဖြစ်သွားရင်
လူတွေကြွားဝါစရာ မလိုတော့တဲ့
လောကကြီး ဖြစ်သွားရင် ဘယ်လောက်တောင်မှ
လွတ်လပ်သွားမလဲ
လူသားတွေက ဒီအတိုင်း
ဒီအတိုင်း အချစ်မှာပဲ အာရုံစိုက်ရင်ရပြီ
ငကြွားကောင်တွေနဲ့ ပြည့်နှက်နေတဲ့ လောကကြီးကို
အရမ်းစိတ်ပျက်တယ်
ကျွန်မက ကြွားစရာတစ်ခုမှမရှိလို့
သေတော့မယ်ထင်တယ်


လူတွေက ကျရှုံးမှာကို ကြောက်ပြီးတော့
အကြောက်တရားနဲ့ နေကြတာပါ
ကျွန်မလည်း အဲ့ဒီလို နေခဲ့တာထင်တယ်
ပထမတော့ ဒါရိုက်တာကြီးလည်း ကျရှုံးသွားလို့
တစ်ကယ်ပျော်ပေမယ့် ကျရှုံးသွားတဲ့
ဒါရိုက်တာကြီးက ဘာမှမဖြစ်သလို နေနေတော့
ပိုပြီး သဘောကျလာတယ်
ကျရှုံးလည်း အဆင်ပြေပါတယ်ဆိုပြီး
သင်ယူနိုင်ခဲ့တယ်
ဘာမှမဟုတ်ဘူးပဲကိုး
ကျရှုံးသွားလည်း ပျော်လို့ရနေတာကိုး ဆိုပြီး
စိတ်အေးသွားခဲ့ပါတယ်
ဒီပတ်ဝန်းကျင်က မွဲတေတယ်ထင်ရလို့
လူတွေကလည်း အားလုံးမွဲတေတယ်လို့ ထင်ရပေမယ့်
မပျော်မရွှင်ဖြစ်နေတဲ့လူ မရှိပါဘူး လုံးဝကို
အဲ့ဒါကြောင့် သဘောကျတာပါ
ကျွန်မကို စိတ်သက်သာစေလို့


အဆောက်အဦးတိုင်းက အတွင်းပိုင်းနဲ့
အပြင်ပိုင်းကြားမှာ တိုက်ပွဲတွေရှိတယ်
လေ ဝန်အား တုန်ခါမှု
ဖြစ်နိုင်ခြေအားလုံးကို ထည့်တွက်ရတယ်
အဲ့ဒါကြောင့် အတွင်းပိုင်းဒီဇိုင်းက ပိုပြီး သန်မာရတယ်
အတွင်းပိုင်းက အမြဲတမ်း အပြင်ပိုင်းထက်
ပိုသန်မာရတယ်
ဘဝရောပဲ
အတွင်းပိုင်းနဲ့ အပြင်ပိုင်းကြားမှာ တိုက်ပွဲတွေရှိတယ်
ဘာတွေပဲရှိရှိ အတွင်းပိုင်းမှာ ခံနိုင်ရည်ရှိရင်
ကြာရှည်ခံမယ်

ငါ့သူငယ်ချင်းတစ်ယောက်က
တစ်ကယ်ကို ဉာဏ်ကောင်းတယ်
ရပ်ကွက်ထဲက လူတိုင်းက သူ့ကိုတစ်ကယ်
ကောင်းကောင်းလုပ်နိုင်မယ် ထင်ကြတယ်
ဒါပေမဲ့ အဲ့ဒီကောင် ဘွဲ့ရပြီး သိပ်မကြာခင်မှာ
ခေါင်းတုံးပြီးတော့ ဘုန်းကြီးဝတ်သွားတယ်
အဲ့ဒီတုန်းက သူ့မိဘတွေက စိတ်ပူကြတယ်
တစ်ရပ်ကွက်လုံးလည်း လန့်သွားကြတယ်
သူထွက်သွားတုန်းက ပြောခဲ့တယ်
ဘာကိုမှ မပိုင်ဆိုင်တဲ့လူသားဖြစ်ချင်တယ်တဲ့
လူတွေအားလုံးက တစ်သက်လုံး တစ်ခုခုကို
ပိုင်ဆိုင်ဖို့အတွက် ကြိုးစားနေကြတယ်
ငါက ဘယ်လိုလူဆိုတာကို သက်သေပြဖို့
အကောင်းဆုံး ကြိုးစားကြတယ်
ဘာကိုလုပ်ရမလဲ မသိဘူးတဲ့
ငါလိုချင်တာကို ရရင်တောင်
အဲ့ဒီအရာတွေက ငါ့ကို အန္တရယ်ကင်းစေနိုင်မလား
ငါလို့ စဉ်းစားလိုက်တဲ့အရာတွေက
အက်ကွဲလာတဲ့အခါ ခံနိုင်မှာ မဟုတ်ဘူးတဲ့
ပျက်စီးသွားလိမ့်မယ်တဲ့
ငါလို့ စဉ်းစားခဲ့တဲ့အရာက
ငါ့ကိုထောက်ပံ့ပေးတဲ့ မဏ္ဍိုင်ဖြစ်နိုင်မလား
တစ်ကယ်တော့ ငါ့မှာ စစ်မှန်တဲ့
အတွင်းပိုင်း ခံနိုင်ရည်အား မရှိဘူးတဲ့
ဒီအတိုင်း သူမဟုတ်ဘူးလို့ တွေးလိုက်တာပေါ့


ဘဝက ဘာလို့ဒီလောက် စိတ်ညစ်ဖို့ကောင်းတာလဲ?
အချစ်မရှိလို့ပေါ့
စိတ်ညစ်စရာကောင်းတာတွေ အများကြီးရှိလို့


နင်က ပေါ့ပေါ့ပါးပါးထားလိုက်ရင်
သူများတွေလည်း အဲ့ဒီလိုပဲ ထားမယ်လို့တွေးလိုက်
နင်က ဆိုးဆိုးရွားရွားတွေးနေရင်
သူများတွေလည်း အဲဒီလိုပဲ တွေးလိမ့်မယ်
အားလုံးက အဲဒီလိုပဲ
အမြဲတမ်း နင်က ပထမပဲ
အရင်က ကိစ္စက ဘာမှမဟုတ်ဘူး
နင်က ဘာမှမဟုတ်ဘူးလို့ စဉ်းစားရင်
ဘာမှ မဟုတ်ဘူး ယုံကြည်ချက်အတိုင်း နေပါ


နေရမှာမို့လို့ နေရတယ်
နှလုံးသားက တစ်ခြားတစ်နေရာကို ရောက်နေပေမယ့်
ခန္တာကိုယ်ကို ဖိအားပေးပြီးနေရမယ်
အဲဒီလိုလုပ်ရမှာမို့လို့

မင်းရဲ့နှလုံးသားအတွက် စိတ်မကောင်းဘူး
ငါသာဆိုရင် တစ်ခါတည်းနဲ့လွှတ်ချလိုက်မှာ


ဘဝက သွားပြီ
ဘယ်လိုအသက်ရှင်ရမလဲမသိဘူး
ဒီအတိုင်း ငါတစ်ယောက်ထဲ စွန့်လွှတ်လိုက်ရင်
အားလုံးအဆင်ပြေသွားမယ်ထင်တယ်

ကြိုးစားပြီးနေပေမယ့် ဘာကိုမှလည်း မရလာဘူး
ပျော်လည်းမပျော်ရဘူး
အဲ့ဒါကြောင့် ကိုယ့်ကိုကိုယ် စွန့်လွှတ်အနစ်နာခံတယ်ဆိုပြီး စဉ်းစားနေတာဖြစ်မှာပေါ့

မင်းရဲ့သားကိုပြောကြည့်လေ
မင်းအတွက် ဘဝကို အနစ်နာခံစွန့်လွှတ်ခဲ့တယ်လို့
ဆဲချင်လာမှာပေါ့ စိတ်ပျက်မှာပေါ့
ဘယ်သူက ဘဝကို စွန့်လွှတ်ချင်မှာလဲ
ဘယ်လိုသားသမီး ဘယ်လိုမိဘကလဲ
ဘယ်သူက ဘယ်သူ့အတွက်လဲ
အဲ့ဒါလူတွေက သူတို့စိတ်သက်သာဖို့ပေးတဲ့ ဆင်ခြေပဲ

ကြည့်ရတာ မလွယ်ဘူး
မင်းက အရင်ပျော်ရွှင်မှပေါ့
ကိုယ့်ကိုကိုယ်စွန့်လွှတ်ဖို့အတွေးကို ရပ်လိုက်တော့
မျက်နှာပြောင်တိုက်ပြီး မင်းကိုယ်မင်းအတွက်ပဲတွေး
အဲ့ဒီလိုလုပ်လို့ဖြစ်တယ်


ငါ နောက်နှစ်ဆို ၅၀ပြည့်ပြီ
လန့်စရာမကောင်းဘူးလား
ရာစုနှစ်တစ်ဝက်အတွင်း ဘာကိုမှ မရခဲ့ဘူး
ဘာကိုမှ မလုပ်ခဲ့ဘူး
တစ်ခုခုကိုလုပ်ဖူးတာလည်း မမှတ်မိဘူး
ကျောင်းမှာ သေလောက်အောင် စာလုပ်ခဲ့ပေမယ့်
ညဘက်ဆို ဒီနေ့ဘာနဲ့စားခဲ့လဲ မမှတ်မိတော့ဘူး
အဲဒီလိုမျိုး တစ်ခုခုရဖို့ အသေကြိုးစားခဲ့ပေမယ့်
မှတ်မိတာ ဘာတစ်ခုမှမရှိဘူး
ဒီအတိုင်း စားလိုက် ပါလိုက်ဘဲလုပ်နေခဲ့တာ
တောင်ကိုရီးယားကတော့ နှစ်၅၀အတွင်း
ကိစ္စအားလုံးကို ရင်ဆိုင်ခဲ့ရတယ်
လူသားဘတ်ဆန်းဟိုရဲ့ဘဝကတော့
နှစ် ၅၀လုံး စားလိုက် ပါလိုက် စားလိုက် ပါလိုက်
အချိန်အားလုံးကို စားလိုက် ပါလိုက်
စားလိုက် ပါလိုက်နဲ့


အစ်မလည်း တစ်ချိန်က ညီမလေးလို ၂၀ကျော်လေးပဲ
အစ်မတို့လို အိုသွားမှာမကြောက်ဘူးလား

ကျွန်မတော့ အဲ့လိုအရွယ် မြန်မြန်ရောက်ချင်တယ်
ဘဝက ပိုပြီး ပင်ပန်းလာတော့မှာမလား

သိလား ငယ်တုန်းကလည်း
ဘဝက မပင်ပန်းခဲ့တာတော့ မဟုတ်ပါဘူး


အဖေ အမြဲတမ်းပြောခဲ့တာကို မှတ်မိလား
ဘာမှ မဟုတ်ပါဘူး ဘာမှ မဟုတ်ပါဘူး
အဲ့ဒီလိုစကား ငါ့ကိုပြောမယ့်လူမရှိဘူး
အဲ့ဒါကြောင့် ငါ့ကိုယ်ငါပြောရတယ်
ဘာမှ မဟုတ်ပါဘူး ဘာမှ မဟုတ်ပါဘူး ဆိုပြီး


“သေချင်လာရင် မသေနဲ့
ရှင်က အဆင်ပြေတဲ့လူပါ
အားတင်းထားပါ” ဆိုပြီး
အဲဒီလိုပြောပေးတဲ့လူရှိတာ ကောင်းလိုက်တာ


လူတွေက စိတ်မသက်သာမှုနဲ့ ပျော်ရွှင်မှုတွေကို
ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်မြင်တဲ့အရာတွေကြောင့်
စိတ်ထဲရောက်လာတယ်လို့ ထင်ကြပါတယ်

လူသားတွေက သူတို့ဆန္ဒကိုပဲ မြင်နိုင်ကြတာပါ
သူတို့နှလုံးသားက မြင်ချင်တာကိုပဲ မြင်ကြပါတယ်
ကောင်းမွန်တဲ့နှလုံးသားရှိရင် လောကကြီးမှာ မုန်းစရာတစ်ခုမှမရှိပါဘူး


ဘာလို့အဲ့ဒီလို တရားဉပဒေကိုဆန့်ကျင်ပြီးတော့
လူတစ်ယောက်ရဲ့နာကျင်စရာ အတိတ်ကို
တူးဖော်ရတာပါလဲ
ကျွန်တော်တို့ မေ့ပစ်ချင်တဲ့အတိတ်တွေရှိသလောက်
တစ်ခြားလူရဲ့အတိတ်ကိုလည်း မေ့ပစ်ပေးရမယ်မဟုတ်လား


ငါ့ဘဝက ဘယ်လောက်စုတ်ပြတ်သတ်နေတာကို
ကြားပြီးတာတောင် ငါ့ဘက်မှာ ရှိနေပေးလို့ ကျေးဇူးပဲ
ငါအခု ဘာဖြစ်ဖြစ် ပျော်ပျော်နေမယ်
ငါက ပျော်ရွှင်တဲ့ဘဝမရနိုင်ရင်
နင်က ဆက်တိုက် ငါ့ကြောင့် စိတ်တွေ နာကျင်နေရမှာ
ငါ့ကြောင့် စိတ်တွေနာကျင်နေမယ့် နင့်ကိုတွေးမိရင်
ငါလည်း သည်းမခံနိုင်ဘူး
အဲဒါကြောင့် ကြည့်နေပါ
ကြည့်နေ ငါဘယ်လောက်ပျော်နေမလဲဆိုတာကို
ဘာမှမဟုတ်ပါဘူး
အရှက်ကွဲတာလား
လူတွေအတင်းပြောလို့ ဘဝပျက်မှာကိုလား
အားလုံး ဘာမှမဟုတ်ဘူး
ပျော်ပျော်ရွှင်ရွှင်နေနိုင်တယ်
ငါ့ဘဝကို အပျက်မခံဘူး
ပျော်ပျော်နေမှာ


လူတစ်ယောက်ကို နားလည်သွားရင်
အဲ့ဒီလူကို နားလည်သွားရင်
အဲ့ဒီလူ ဘာလုပ်လုပ် ကိစ္စမရှိတော့ဘူး


ဘယ်အချိန်အထိ အသက်ရှင်နေရမှာလဲ ငါ
ဒီလိုမျိုး ဘယ်အချိန်ထိ အသက်ရှင်ရမှာလဲ
သူများတွေလိုမျိုး အလုပ်ထွက်ရင်
ငါလည်း သာမန်လိုနေနိုင်မယ် မဟုတ်လား
တစ်နေ့ကုန်ဆုံးသွားရင်
ဒေါက်ဒေါက် ဒေါက်ဒေါက်နဲ့
လူတွေရဲ့ခြေသံကို ကြားရတယ်
အိပ်ရာထဲကနေကြားရတဲ့ အဲ့ဒီအသံတွေက
ငါ့ကို အရမ်း အထီးကျန်စေတယ်
တစ်ယောက်ထဲငြိမ်နေရသလိုမျိုးကြီး
အဲ့ဒါကြောင့် တစ်ခါတစ်လေ
မနက်ပိုင်း ဆိုင်ရှေ့မှာ ထိုင်နေလိုက်တယ်
ငါလည်း အတူတူ လျှောက်သွားသလို
ခံစားချက် ရချင်လို့


ဦးလေးကြီးက ပထမဆုံးလူလေ
၄ကြိမ်ထက် ပိုကောင်းပေးတဲ့လူ
ကျွန်မလိုမျိုးလူ
ကျွန်မ သဘောကျရတဲ့လူ


နိုင်တာ ရှုံးတာ မရှိဘူး
အားလုံးက ကိုယ့်ဘဝကို ရှင်သန်ကြတာ


ငါက နင့်စိတ်နဲ့ အသက်ရှင်ခဲ့တယ်
နင့်စိတ်ထဲမှာ ငါရှိမယ်လို့ မျှော်လင့်ပြီးနေခဲ့တယ်
ငါဘာလုပ်လုပ် နင့်စိတ်နဲ့ မလုပ်တော့ဘူး
ဒါဆို ငါအခု ဘာပျော်ရွှင်မှုနဲ့ နေထိုင်နေလဲ


စဉ်းစားကြည့်ရင် ခင်မင်မှုတိုင်းက
အံ့ဩဖို့ကောင်းတယ်
တန်ဖိုးရှိတယ်

“ဘယ်သူမှမသိဘူး” ဆိုတဲ့ ရုပ်ရှင်ရှိတယ်
အမေက ကလေးတွေကို စွန့်ပစ်ပြီးတော့
ကလေးတွေက သူတို့ဘာသာရှင်သန်ရတဲ့ရုပ်ရှင်
ငါးမိနစ်ကြည့်ပြီး ပိတ်လိုက်တယ်
အသက် ၁၂အရွယ်ကလေးက လျှောက်သွားပြီး
လူကြီးတွေဆီက ပိုက်ဆံချေးနေတာကို
မြင်မြင်ချင်း ပိတ်ပစ်လိုက်တယ်
ငါဒီရုပ်ရှင်ကို ရင်နာရလို့မကြည့်နိုင်ဘူးဆိုပြီး
ငါတီဗွီကိုခွဲပြီး ကလေးတွေကိုဆွဲထုတ်ပြီး
ငါပျိုးထောင်ပေးမယ်
ဒါရိုက်တာဆိုတဲ့ကောင်က ဒီလိုရုပ်ရှင်ကို
ဘယ်လိုလုပ်ရိုက်နိုင်တာလည်းဆိုပြီး
နောက်နေ့ကျ ကြည့်ခဲ့တယ်
ကြည့်လိုက်တာ ကောင်းတယ်ပေါ့
ကလေးတွေက သန်မာကြတယ်လေ
လူသားအားလုံးက
ကိုယ့်ကိုကိုယ် ကုသနိုင်စွမ်းရှိကြတယ်