일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- DaliandCockyPrince
- Taxidriver
- WiseMountainvillageLife
- HymnOfDeath
- NowWeAreBreakingUp
- HometownChaChaCha
- TwentyFiveTwentyOne
- HighClass
- 18Again
- TheKingsAffection
- YumiCells
- BeMelodramatic
- OurBlues
- LeeJunho
- ChicagoTypewriter
- DrRomantic
- OurBelovedSummer
- startup
- TheDevilJudge
- LeeJeHoon
- Remarriageanddesires
- KimSeonHo
- YouthOfMay
- RacketBoys
- YumiCells2
- MrSunshine
- CrashLandingOnYou
- ForecastingLoveandWeather
- WhyHer?
- TheRedSleeve
- Today
- Total
드라마 다이얼로그
Be Melodramatic 본문
멜로가 체질
ဂျင်ဂျူရဲ့ဇာတ်ညွှန်းကို ဒရာမာရိုက်ဖို့ အစည်းအဝေးထိုင်တဲ့အခန်းမှာ ဘုတ်အဖွဲ့၀င် လူကြီးတစ်ယောက်ကပြောတယ်။
" ဒရာမာ ဆိုတာ ပရိတ်သတ်ကို နောက်တစ်ပိုင်းမှာ ဘာဆက်ဖြစ်မလဲသိချင်လာအောင် လုပ်ရတာ။
ဒါမှ ပရိတ်သတ်က နောက်တစ်ပိုင်းလာမယ့်
နောက်ငါးရက်ကိုစောင့်နေကြမှာ။
ဒါပေမဲ့ မင်းတို့ဒရာမာက ပရိတ်သတ်က
သိချင်စိတ်မပေါ်လို့
တစ်ပိုင်းကျော်ကြည့်မိမယ့် ဒရာမာမျိုးပဲ" တဲ့
ဆွန်းဘုံဆူကတော့
ဂျင်ဂျူရဲ့ဒရာမာကို ဒီလိုပြောတယ်။
"သူတို့က ကြည့်ရှုနှုန်းတွေ အပြိုင်အဆိုင်တွေရဲ့ ဖိအားတွေအများကြီးကို ခံရတယ်။
သူတို့ရှင်သန်ဖို့ အနိုင်ရမှရမယ်။
ဒါကပဲ သူတို့ကို အောင်မြင်တဲ့ဒရာမာတွေရဲ့ အခြေခံ
ပုံသေနည်းတွေအတိုင်း လိုက်လုပ်စေတာ။
ဒရာမာအများစုက
ပုံသေနည်းအတိုင်းပဲရေးကြ ရိုက်ကြတာ။
ဒါပေမဲ့ မင်းဇာတ်ညွှန်းကတော့ အဲဒီလိုမဟုတ်ဘူး။
မင်းမှာအနိုင်ရရမယ်ဆိုတဲ့ ဖိအားမရှိဘူး။
ပုံသေနည်းနောက်လည်း မလိုက်ဘူး
မင်းက မင်းပြောချင်တာကို ရေးချလိုက်ရုံပဲ" တဲ့
ဒရာမာထဲမှာ သူတို့ရိုက်နေတဲ့ ဒရာမာက
ဒီဒရာမာပါပဲ။
ဒီဒရာမာဟာ မအောင်မြင်ခဲ့ပါဘူး။
ဒရာမာထဲက စကားတွေအရတော့
မအောင်မြင်မှာကို သူတို့သိပြီးသား ဖြစ်နေပုံပါပဲ။
ဒီဒရာမာဟာ ရေးချင်တာကိုရေးပြီး ရိုက်ချင်တာကို
ရိုက်ချလိုက်တဲ့ ဒရာမာတစ်ခုပေါ့။
ဒီလိုရိုးသားနေလို့ပဲ ဘ၀တွေကို ထင်ဟပ်မိစေခဲ့တယ်။
ဘဝမှာ စိတ်ပျက်လက်ပျက်နေ့တွေရှိဖူးကြမှာပဲ။
သာမန်နေ့လေးတွေလည်း ရှိဖူးကြမှာပဲ။
ပျော်စရာတွေများတဲ့နေ့တွေလည်း ရှိဖူးကြတာပါပဲ။
ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်ရင့်ကျက်ခြင်း
အဆင့်တစ်ဆင့်ရောက်ပြီလို့လည်း တစ်ခါတလေ
ထင်ဖူးကြမှာပါ။
ကိုယ်တန်ဖိုးအထားဆုံးအရာတွေကို
ဆုံးရှုံးလုနီးပါး ဖြစ်ဖူးတဲ့ ကူကယ်ရာမဲ့
အခြေအနေတွေကိုလည်း ကြုံဖူးကြမှာပါ။
နေ့ရက်တိုင်းနီးပါးက လွယ်ကူမနေခဲ့ဘူးပေါ့။
ဘဝဆိုတာ ဒီလိုပဲမဟုတ်လား။
ပျော်ရွှင်ခဲ့ဖူးတဲ့အမှတ်တရတွေကို ပွေ့ပိုက်ပြီး
ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ကျော်ဖြတ်ကြရတာပဲ။
နည်းနည်းတော့ အဆိုးမြင်ရာကျပေမဲ့
ဘဝက ရက်စက်လွန်းတယ်။
ဒါပေမဲ့ ပစ္စုပ္ပန်မှာတော့ အနာဂတ်မှာ
ပွေ့ပိုက်ထားနိုင်မယ့် ပျော်ရွှင်စရာအမှတ်တရတွေကို ဖန်တီးရင်းပဲ ကျွန်မ နေနေတယ်။
ကျွန်မတို့အသက်က ခုမှ ၃၀ပဲရှိပါသေးတယ်။
အတိတ်အကြောင်းကိုပဲ ပြန်ပြောင်းအောက်မေ့မနေဘဲ
ရှင်သန်ချင်တယ်။
ပြီးတော့ အနာဂတ်အတွက်လည်း စိတ်မပူချင်ဘူး။
ပျော်စရာကြုံရင် ပျော်ပြီး ငိုစရာကြုံရင် ငိုလိုက်ရုံနဲ့
ဘဝတစ်ခုဟာ အလိုလိုပြီးဆုံးသွားမှာပဲ။
အဲဒီလိုနေလာရင်း ခေါက်ဆွဲပြုတ်လေးတစ်ထုပ်ကို အေးအေးဆေးဆေးစားဖူးတဲ့
နေ့မျိုးတွေရှိဖူးလိမ့်မယ်။
အဲဒီလိုစားနေတဲ့အချိန်မှာ ဒီညက ဘာပြဿနာမှ
မရှိတဲ့ သာမန်ညလေးတစ်ညပဲဆိုတဲ့ အတွေးက
ခေါင်းထဲကို အလိုလိုရောက်လာတတ်တယ်။
အောင်မြင်ရတာတွေ ပျော်ရွှင်ရတာတွေထက်
နာကျင်ရတာတွေ ကျရှုံးရတာတွေက
ဘဝမှာ များနှင့်နေပြီးသားပဲမဟုတ်လား။
အသက်၃၀ရောက်လာတဲ့အခါ
အောင်မြင်မယ့်နေ့တွေထက်
ညဘက်မှာ ခေါက်ဆွဲပြုတ်လေးတစ်ထုပ်ကိုစားရင်း
အေးအေးလူလူနေနိုင်တဲ့ သာမန်ညလေးတစ်ညကို
ပိုတန်ဖိုးထားတတ်သွားပါလိမ့်မယ်။
နေလာရင်းနဲ့ဆိုတာ နေလာဖို့ပဲဆိုတာ
အစကတည်းက သိခဲ့ဖို့ကောင်းတယ်။
ဒါနဲ့ မနက်ဖြန်ရော
သာမန်ညလေးတစ်ညဖြစ်ဦးမှာလား
'2019 Kdrama' 카테고리의 다른 글
Hot Stove League: 스토브리그 (0) | 2022.10.25 |
---|---|
Chocolate: 초콜릿 (0) | 2022.09.01 |
Be Melodramatic quotes (0) | 2022.02.18 |