드라마 다이얼로그

Dr. Romantic 3 본문

Dr. Romantic

Dr. Romantic 3

드라마 Dialogue 2023. 6. 15. 16:42

살린다, 무슨 일이 있어도 살린다. 
“ကယ်မယ် ဘာကိစ္စပဲရှိရှိ ကယ်ရမယ်” 

စစ်မြေပြင်မှာတောင် ဒဏ်ရာရထားရင် သူ့ဖက်ကိုယ့်ဖက် ခွဲခြားမနေဘဲ အကုန်လုံးကိုကြည့်ရှုပေးရတာက လူ့သဘာဝပဲ

လူ့အသက်ကိုကယ်တာက ငါတို့ရဲ့ အလုပ်နဲ့ကျင့်ဝတ်ပဲ

ကမ္ဘာကြီးက ဘယ်လိုပဲသွားနေပါစေ ငါတို့ကဒီတိုင်း ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆက်သွားရအောင်

အပြောင်းအလဲဆိုတာတော့ အမြဲတမ်းရှိနေတာပဲ ဆန္ဒရှိတဲ့နေရာမှာ လမ်းရှိတတ်တာပဲ

ငါတို့တွေ ငါတို့တတ်နိုင်တာကို အလုံအလောက်လုပ်ပေးပြီးပါပြီ

တော်တော်များများ လူ့ကျင့်ဝတ် နဲ့ လက်တွေ့ကြားမှာ ဘယ်ဟာက အမှန်တရား

ဘယ်ဟာက အဖြေဆိုပြီး ဟန်ချက်ညီဖို့ ခဲယဉ်းတာမျိုးလည်းရှိပေမယ့်

ဒါပေမယ့်လည်း ငါတို့တွေ ဆရာဝန်တွေအနေနဲ့ အကောင်းဆုံးလုပ်ပေးတာက ပိုကောင်းတာပဲလေ

လူ့ကျင့်ဝတ် နဲ့ လက်တွေ့ကြားက ဟန်ချက်ကို အဆုံးအဖြတ်ပေးတာ နိုင်ငံရေးပဲ

ဆင်ကို ရေခဲသေတ္တာထဲ ဘယ်လိုထည့်ရလဲ သိလား နည်းလမ်းက ရိုးရိုးလေးပါ တံခါးကို ဖွင့် ဆင်ကိုထည့် ပြီးရင် တံခါးကိုပြန်ပိတ် ဒါပေမဲ့ နည်းလမ်းက ရိုးရှင်းတယ်ဆိုတိုင်း လူတိုင်းလုပ်နိုင်တာ မဟုတ်ပြန်ဘူး နည်းလမ်းက ရိုးရှင်းတယ်ဆိုတိုင်း လွယ်ကူတာ မဟုတ်လို့

လက်ရည်ကောင်းတာနဲ့ ဆရာဝန်ကောင်းတော့မဟုတ်ဘူးလေ

ဟုတ်တာပေါ့ စာမေးပွဲအမှတ်ကောင်းတိုင်းလည်း ဆရာဝန်ကောင်းမဟုတ်ပါဘူး

အားထုတ်မှုနဲ့ ပေးဆပ်မှုတွေဆိုတာက အဲဒါကို ပေးခဲ့တဲ့အခိုက်အတန့်မှာပဲ ချန်ထားခဲ့ရမှာပေါ့ အဲဒါအတွက် တန်ကြေးကို မျှော်လင့်နေတာတို့ ကိုယ့်လုပ်ဆောင်ချက်အတွက် အသိအမှတ်ပြုခံရဖို့ မျှော်လင့်နေမယ်ဆိုရင် အချိန်ခဏလေးမှာတင် ညံ့ဖျင်းတဲ့လုပ်ရပ်ဖြစ်သွားလိမ့်မယ်

ဆရာဝန်ဆိုတာ ရောဂါရှာဖွေရတာ ဟောကိန်းထုတ်နေတာမဟုတ်ဘူး ငါတို့ ထိတွေ့ဆက်ဆံနေရတာ ဘယ်အချိန်ထိခိုက်မယ်မှန်းမသိတဲ့ လူတွေကိုမဟုတ်ဘဲ ထိခိုက်ပြီး နာဖျားပြီး ပျက်စီးနေတဲ့ အသက်မျှင်မျှင်လေးပဲရှိတဲ့ လူနာတွေမလို့ပဲ

ခင်ဗျားအမေဆိုရင် အခုဘယ်လိုလုပ်မယ်ထင်လဲ

အခုလှဲနေရတဲ့လူက ခင်ဗျားသာဆိုရင် ခင်ဗျားအမေက

ပိုက်ဆံမရှိဘူးဆိုပြီး သားရဲ့အသက်ကို လွယ်လွယ်နဲ့ လက်လျှော့မယ်ထင်လား

ခွဲခန်းထဲကို ဆရာဝန် ၂ မျိုးပဲဝင်လို့ရတယ် ကယ်မယ်ဆိုတဲ့လူနဲ့ သင်ယူမယ်ဆိုတဲ့လူ

အဲလိုစိတ်မရှိဘဲ လက်လွတ်စပယ်ဓားကိုင်လိုက်ပြီး ခွဲစိတ်ခန်းကုတင်ရှေ့မှာရပ်လို့မဖြစ်ဘူး

ပြန်ပြောတာက ဘာမှမဖြစ်ဘူး ထင်မြင်ချက်တွေမတူရင် ရန်ဖြစ်လို့ရတယ် လူနာအတွက်လုပ်လို့ရတယ်

ဆရာဝန်ဆိုတာ ခွဲစိတ်ဝတ်စုံဝတ်လိုက်ကတည်းက ဘယ်လူနာကိုမှ ခွဲခြားဆက်ဆံလို့မရဘူး

ဘယ်လိုလူနာဖြစ်ပါစေ တန်းတူညီမျှ မျှမျှတတပဲ နိုင်ငံကိုယ်စားပြုဖြစ်ဖြစ်

မီးရှို့တဲ့သူဖြစ်ဖြစ် လူသတ်သမားဆိုရင်တောင်

ဆရာဝန်ဆိုရင် အဲလူနာကို ကုသပေးရမယ့်တာဝန်ရှိတယ် အဲဒါက ဆရာဝန်ရဲ့ ကံနဲ့တာဝန်ပဲ

သေတော့မယ့်လူနာရှေ့မှာ ဘာမှားသွားတယ် လူကောင်း လူဆိုးခွဲနေတာလဲ

ဒါဆိုလည်း တရားသူကြီးတို့ အမှုစစ်တို့သာလုပ်လိုက် ဒီမှာရပ်မနေနဲ့

ကြိုးစားတောင် မကြိုးစားတဲ့အဆင့်နဲ့ ကမ္ဘာကြီးက မတရားဘူးလို့ပြောနေတဲ့ကောင်တွေ

အရည်အချင်းမရှိဘဲ ဆရာဝန်ဝတ်စုံဝတ်တာနဲ့ပဲ တော်တတ်ချင်ယောင်ဆောင်တဲ့ ကောင်တွေ

ကိုယ့်အလုပ်ကိုတောင် သေချာမလုပ်ဘဲ အကုန်လုံးကို စောဒကတက်နေတဲ့ကောင်တွေ

ဒီအတိုင်း...ငါက ဒဲ့တိုးနှိမ်တဲ့နေရာမှာ ပရိုပဲ

ဘဝမှာ ကိုယ်နဲ့အဆင်ပြေတဲ့လူထက် ကိုယ်နဲ့အဆင်မပြေတဲ့လူတွေနဲ့ ပက်သက်ရတာ ပိုများလိမ့်မယ်

အစကတည်းကအခြေအမြစ်မရှိတဲ့မကျေနပ်ချက်နဲ့ ဆင်ခြေတွေဆိုတာ

အဲ့လိုပဲ တဖြည်းဖြည်းချင်း လူ့စိတ်ကို ပိုပြီးအမြင်ကျဉ်းအောင်လုပ်ပစ်တာ

မသိတာက ရှက်စရာမဟုတ်ဘူးလို့ထင်ပါတယ် ဒါပေမဲ့ မသိတာကိုဖုံးကွယ်ထားတာက အန္တရာယ်များတယ်လို့ထင်ပါတယ်

နဂိုကတည်းက အာရုံကြောဆိုတာကလေ တစ်ခါထိခိုက်မိသွားရင် ပြန်ကောင်းနိုင်ဖို့က မလွယ်ကူပါဘူး 
ဆေးပညာအရဆိုရင်တော့ အဲဒီလိုပဲပေါ့ဗျာ ဒါပေမဲ့လည်း...

ဆေးပညာကလိုက်မမီနိုင်တဲ့ နယ်နမိတ်ကို ကျော်လွန်သွားနိုင်ခဲ့ကြတာတွေ အများကြီးကြုံဖူးပါတယ်

လူတွေကတော့ အဲဒါကို ဆန်းကြယ်မှုလို့ခေါ်ကြတာပေါ့.

ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒါကို လူရဲ့စိတ်ဆန္ဒပြင်းပြမှုလို့ ပြောချင်တယ်

လက်မလျှော့လိုက်ပါနဲ့ နောက်ဆုံးတော့ လူရဲ့စိတ်ဆန္ဒပြင်းပြမှုက ဆန်းကြယ်မှုတွေကို ဖန်တီးနိုင်တာပါ

လူဆိုတာဘယ်လိုချောက်ကမ်းပါးအစွန်းမှာပဲ ရပ်နေသည်ဖြစ်စေ ပြန်ပြီးတော့ အိပ်မက်မက်နိုင်ပါတယ်

ဘယ်လိုစိတ်ပျက်အားငယ်မှုမျိုးနဲ့ပဲ ကြုံတွေ့ သည်ဖြစ်စေ မျှော်လင့်ချက်ကို မစွန့်လွှတ်တတ်ကြပါဘူး

အရင်အတိုင်း အသက်ရှင်နေရင်းအဆုံးထိ သက်သေပြပေးချင်ကြတာပါ

အဲဒါက မဖြစ်နိုင်တဲ့မျှော်လင့်ချက် ဆိုရင်တောင်မှပေါ့ အဆုံးထိ လက်မလျှော့ချင်ကြပါဘူး

“ငါတို့တွေ ဒုက္ခရောက်ရတာ ဒုက္ခရောက်နိုင်တာကို မသိလို့မဟုတ်ဘဲ 
ဒုက္ခမရောက်နိုင်ပါဘူးလို့ သေချာသိထားလို့သာရောက်ရတာ"
ဒါ Mark Twain ပြောခဲ့တဲ့ စကားပဲ

အခုဒီအချိန်မှာတောင် တစ်နေရာရာမှာ စစ်ပွဲတွေကြောင့် အမျိုးသမီးတွေ ကလေးငယ်တွေ သေဆုံးနေကြရမှာ

တခြားတစ်နေရာရာမှာတော့ ငလျင်ဒဏ်ကြောင့် လူတွေထောင်ပေါင်းများစွာ သေဆုံးနေကြမှာ

သဘာဝဘေးကြောင့် တစ်မြို့လုံးရေနစ်သွားတာတို့

ကူးစက်ရောဂါကြောင့် တစ်ကမ္ဘာလုံး Lockdown ကျခဲ့ရတာကိုလည်း မြင်ခဲ့ရဖူးတာပဲမလား ကျွန်တော်တို့က

အခုကတော့ ဘယ်လိုကိစ္စမျိုးတွေပဲဖြစ်လာလာ လက်တွေ့မဆန်ဘူးဆိုတာမျိုး မရှိတော့တဲ့ အဲဒီလိုလောကကြီး ဖြစ်နေပါပြီ

အခု ကျွန်တော်တို့က အဲဒီလိုလောကကြီးအတွက် အသင့်ပြင်ထားရမယ့်အချိန်ပါ

ငါတို့လက်လျော့လိုက်တဲ့အချိန် လူတွေသေသွားမှာပါ

ဒါနဲ့လေ ဆောဝူဂျင်း
သိချင်တာရှိတယ်
ဘာလို့ အဲလောက်ထိ လုပ်ခဲ့တာလဲ
နင့်လက်ပါ အထိခိုက်ခံပြီး အဲလိုလုပ်ဖို့ ထိုက်တန်တဲ့လူလား

အင်း သူကဆရာလေ စဉ်းစားမိနေတုန်းပဲ တကယ်လို့ အဲတုန်းက နင်နဲ့ ငါသာ ဂင်ဆာဘူကိုမတွေ့ခဲ့ရင်.. ဘယ်လိုဖြစ်နေမလဲ

ငါ ခွဲခန်းထဲမှာ အန်တာဖြစ်ဖြစ် မေ့လဲပြီးအိပ်ပျော်နေမှာပေါ့ မတော်ရင် ဆရာဝန်အလုပ်ကနေတောင် နားသွားနိုင်တယ်

ငါလည်း အဲလိုပဲ
ငါ့ဘဝ အဆုံးမရှိ စုတ်ပြတ်သွားမှာ
အဲတုန်းက ဂင်ဆာဘူသာ ဆွဲမထားခဲ့ရင်
အဲကလေးအတွက် အဲဒီဆရာလည်း အဲလိုလုပ်ပေးခဲ့တာ

ဆရာတွေက အဲလိုပဲ သူများရဲ့ဘဝကို
လေးလေးနက်နက်ပြောင်းလဲပေးနိုင်တဲ့သူပဲ

လူတိုင်းလူတိုင်း ဘယ်သူ့မှာမဆို “ငါမင်းအရွယ်တုန်းက” ဆိုတာရှိကြတယ်
အဲဒီ "အရွယ်တုန်းက” ဆိုတာသာမရှိရင် အခု ငါဆိုတာ ရှိမနေဘူးလေ

သေတယ်ဆိုတာက ဘာလဲဆိုတာ မင်းကသိလို့လား 
ဝန်းယောင်းသေသွားတုန်းက ငါသူ့ကိုကျောပိုးပြီး နာရီဝက်လောက်ကြာအောင် ပြေးခဲ့တာ 
ငါအခုထိလည်း ငါ့ကျောပေါ်မှာ တဖြည်းဖြည်းအေးစက်တောင့်တင်းသွားတဲ့ ဝန်းယောင်းရဲ့ခန္ဓာကိုယ်ကို မှတ်မိနေတုန်းပဲ 
အဲဒီညတုန်းက ငါ နည်းနည်းလောက်ပိုပြီး ဝန်းယောင်းဆီကို မြန်မြန်ရောက်ခဲ့ရင် ဝန်းယောင်း အသက်ရှင်နိုင်လောက်မလားတောင် မသိဘူး 
မင်းလိုမျိုးအမှိုက်ကောင်နဲ့ မပေါင်းသင့်ဘူးဆိုပြီး သေချာတားခဲ့သင့်တာ မဟုတ်ဘူးလားဆိုတဲ့ 
အဲဒီလိုနောင်တနဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်တဲ့စိတ်ရယ်  အမြဲတမ်းလိုလို ဘယ်တော့မှအဆုံးမသတ်ဘဲ ပေါ်မှာလေးလံနေတဲ့ သေခြင်းတရားဆိုတဲ့ အလေးချိန်ကိုပါ 
ငါ့ကျောပေါ်မှာအမြဲတမ်းတင်ထားပြီး ငါကဆယ်နှစ် လောက်ကြာအောင် ဆက်ပြီးပြေးလာခဲ့တာ

ဒါပေမဲ့ မင်းကအဲဒါကို ၅ မိနစ်အတွင်း ဖျက်ဆီးပစ်မလို့လား 
ရယ်စရာတွေ မလုပ်စမ်းပါနဲ့ 
မင်း ငါ့ရဲ့ကော်လံကိုတောင်မထိနိုင်ဘူး 
ဘာလို့လဲဆိုတာ သိလား 
မင်းက ဘယ်လောက်ပဲ ယိမ်းယိုင်အောင်လုပ်လုပ် ငါက ယိမ်းယိုင်သွားမှာမဟုတ်ဘူးလေ 
မင်းလိုကောင်ကြောင့်နဲ့ ယိမ်းယိုင်ရလောက်တဲ့အထိ 
မိုက်မိုက်ကန်းကန်းနေခဲ့တာလည်း မဟုတ်ဘူး

လောကကြီးက ကြိုးစားလည်းမထူးဘူး ဘယ်လောက်ပဲ ကြိုးစားပါစေ 

ဘယ်တော့မှ မကျော်နိုင်တဲ့ အရာဆိုတာရှိတယ် 
အဲဒါလည်း အကောင်းဆုံး ကြိုးစားပါတဲ့ 
သေမတတ် ကြိုးစားရင် ဖြစ်နိုင်တယ်ဆိုပြီး ဘာလို့များ အဲဒီလို မဟုတ်တဲ့ မျှော်လင့်ချက်တွေ ပေးရတာလဲ 
လူကို စိတ်တိုအောင် ဘာပဲဖြစ်ဖြစ် မဖြစ်နိုင်တာက မဖြစ်နိုင်တာပဲမလား 
မတူညီတဲ့ အခြေအနေမှာ မွေးလာခဲ့ပြီး စ,ထွက်တဲ့နေရာလည်း မတူဘူးလေ 
ဟုတ်တယ်မလား 
 
လောကကြီးက မမျှမတနဲ့ အတော်မတရား နိုင်တယ်
ဒါပေမဲ့လည်း တစ်ယောက်ယောက်က သေမတတ်ကြိုးစားပြီး အရယူထားတာကို လွယ်တယ်လို့ မတွေးလိုက်နဲ့
သေမတတ် ကြိုးစားပြီး ဒီအထိရောက်လာတဲ့ ငါကစိတ်တိုမိလိမ့်မယ်

တစ်လောကလုံးကလူတွေအကုန်လုံးက ငါတို့ရဲ့စိတ်ရင်းကို နားလည်ကြမှာမဟုတ်ဘူး

သူတို့တွေက ငါတို့ကို စိတ်လည်းမဝင်စားဘူး

အဲ့ဒါကြောင့် ငါတို့တွေဘယ်လောက်ကြိုးစားနေထိုင်ခဲ့ရတယ်တို့ ဘယ်လောက်အကောင်းဆုံးကြိုးစားခဲ့တယ်လို့

အဲဒီလိုအကြောင်းတွေကို လိုက်ရှင်းပြနေစရာမလိုဘူး

ငါတို့က ငါတို့ ဒီတိုင်း လုပ်ခဲ့ကြတဲ့အတိုင်း ရှင်သန်လာခဲ့ကြတဲ့အတိုင်း ဘယ်သူဘာပြောပြော တိုးတိုးတိတ်တိတ်ရှေ့ဆက်ကြရုံပဲ

 

တိုးတိုးတိတ်တိတ်နေတယ်ဆိုတိုင်း

ပျောက်ကွယ်သွားမှာလို့ ဆိုလိုတာ လုံးဝမဟုတ်ဘူး
အရေးအပါဆုံးအရာတွေက
ဘယ်တော့မှ ပျောက်ကွယ်သွားရိုးထုံးစံမရှိဘူး

လူက အရမ်းစိတ်ထိခိုက်ပြီး ဒေါသထွက်လာရင် အဲဒီလိုလည်း လုပ်နိုင်တာပေါ့ 
အဲဒီလိုမျိုး အတွေးတွေ အထိန်းအကွပ်မဲ့သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ် 
ဒါပေမယ့် အချိန်ကုန်သွားတာနဲ့အမျှ
ဒေါသကို ဒေါသနဲ့ပြန်ပေးဆပ်ခိုင်းတာထက် ပိုရူးမိုက်ရာကျတဲ့အရာမရှိတော့ပါဘူး 

ကျွန်တော်က ဘယ်လိုအခြေအနေမျိုးမှာမဆို လူတွေကို အသုံးချရတဲ့ အဲဒီလိုအပေးအယူမျိုး မလုပ်ပါဘူး 
ဘယ်လိုဘဝမျိုးမဆို အဲဒီလိုဆက်ဆံဖို့ကတော့ မဖြစ်နိုင်ဘူးလို့တွေးလို့ပါ 
လက်မခံနိုင်ပါဘူး

အလုပ်မှာ မတော်တာတို့ မပြည့်စုံတာတို့ ရှိရင် စိတ်ကြိုက်အလုပ်ထုတ်ပစ်လို့ ရတာပေါ့

ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်မှာ နိုင်ငံရေးတွေ ပါနေရင်တော့ ဘယ်ဖြစ်မလဲ

ရည်ရွယ်ချက်က ဘယ်လောက်ပဲကောင်းကောင်း အရောက်သွားတဲ့ နည်းလမ်းက မမှန်ရင် မမှန်တာပါပဲ 

ခေါင်းဆောင်တစ်ယောက် ဆိုတာက 
လှိုင်းလုံးကြီးတွေကိုမျက်နှာချင်းဆိုင် တိုက်ခိုက်ရတဲ့လူမျိုးလေ 
တခြားလူတွေဆိုရင်တော့ စိတ်ပူတာမျိုး ယိမ်းယိုင်တာမျိုးဖြစ်မှာပေါ့ 

သူ့ရဲ့ ကမ်းလှမ်းချက်လှလှလေးကို မျက်စိဇွတ်မှိတ် လက်ခံပြီး ရွေးချယ်စရာမရှိသလိုမျိုး လုပ်နေရင် 
ကျွန်တော်တို့ လိုချင်တာကို ရမယ် ထင်တာပေါ့ ဟုတ်လား 
မဖြစ်နိုင်ဘူး 
သူက ကျွန်တော်တို့ကို လွယ်လွယ်နဲ့ရတဲ့လူတွေလို့ မြင်ပြီး အဲဒီထက်ပိုပြီး တောင်းဆိုလာတော့မှာ

ကျွန်တော်တို့ဘယ်တုန်းက လွယ်လွယ်နဲ့ရခဲ့လို့လဲ 
ကျွန်တော်တို့က အမြဲတမ်း အခက်အခဲနဲ့ကပ်ဘေးတွေကိုပဲ ရင်ဆိုင်ခဲ့ရတာ 
အမြဲတမ်းပင်ပန်းခဲ့ရတာချည်းပဲ 
အခုထိ ကျွန်တော်တို့ကအဲဒီလို အခက်အခဲတွေကို တစ်ခါမှ သူရဲဘောကြောင်တဲ့လူတွေလိုမျိုး ရှောင်ခဲ့တာ မဟုတ်ဘူးလေ 
ဒါကို ဖြိုခွဲပစ်ဖို့နည်းလမ်းတစ်ခုတော့ အမြဲရှာကြံကြိုးစားခဲ့ကြတာပဲလေ 
အဲဒါကြောင့်ဒီလို ဖြစ်လာခဲ့တာပဲ 
ဘယ်လို ခြိမ်းခြောက်မှုမျိုးကမှ 
ကျွန်တော်တို့ကိုတွန်းဖယ်ပစ်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောတာ 

ငါတို့ ဒိုဒမ်ဆေးရုံမှာ ဘယ်လိုမသန်စွမ်းမှုမျိုးကမှ မင်းကို အတားအဆီးဖြစ်စေမှာမဟုတ်ဘူး 
အဲဒါကို ကျော်လွှားချင်တဲ့ စိတ်ဆန္ဒသာရှိမယ်ဆိုရင်ပေါ့ 
ဒါကြောင့်မို့ အားတင်းထားပါ

ဆရာဝန်တစ်ယောက်မှာ ဂုဏ်သိက္ခာကိုဖယ်လိုက်ရင် ဘာကျန်ဦးမှာလဲ 
တာဝန်ဝတ္တရား 
အနှစ်ချုပ်ရင် ငါတို့လုပ်နေတဲ့အလုပ်က ဒဏ်ရာရပြီး နေမကောင်းတဲ့သူတွေကို ကုသပေးရတာပဲ 
အစလည်းအဲဒီမှာပဲအဆုံးလည်းအဲဒီမှာပဲ 
တခြားဟာတွေကတော့ အကျိုးမရှိတန်ဖိုးမရှိတာတွေပဲ 

ဘယ်အချိန်ထိ ဘယ်အချိန်ထိ အဲလိုရိုင်းရိုင်းစိုင်းစိုင်းပြောတာကို သည်းခံနေရမှာလဲ 
သေရာကနေ ပြန်ရှင်လာအောင်လုပ်ပေးလည်း အပြစ်တင်မှုတွေနဲ့ နာကြည်းချက်တွေပဲပြန်ရလာတာ 
ဘယ်အချိန်ထိလဲ
 
ဖြစ်လာတဲ့အထိပဲ 
အဲဒီဆင်ခြေတုံတရားမရှိတာတွေနဲ့ပတ်သက်ပြီး အဖြေရှာတွေ့တဲ့အထိ
အဲလိုလုပ်ဖို့ အသက်ကြီးတဲ့ငါတို့က ရှေ့ထွက်ရပ်နေတာပဲ 
အောက်ကနေ ဂုတ်သွေးစုပ်ပြီးအပေါ်ကိုတက်သွားရမှာမဟုတ်ဘူး 
ငါတို့ရဲ့လုပ်တတ်ကိုင်တတ်အတွေ့အကြုံ၊ ဉာဏ်ရည်တွေနဲ့ 
ပိုကောင်းတဲ့လောကကြီး ဖန်တီးရမှာ 
မင်းရဲ့ကိုယ်ပိုင်ဂုဏ်သိက္ခာအတွက်တင်မဟုတ်ဘဲ အကုန်လုံးရဲ့ ကျန်းမာရေးနဲ့အကျိုးခံစားခွင့်အတွက် 
မင်းကိုအဲနေရာမှာထားတာလို့ သိရဲ့လား 

မင်း တကယ်တမ်း ဘယ်လိုကလဲ့စားချေရသလဲ သိလား 
မင်းက သူတို့တွေထက် ပိုသာတဲ့ လူသားတစ်ယောက် ဖြစ်လာဖို့ပဲ 
မင်းကိုလျစ်လျူရှုပြီးတော့ မင်းကိုခွဲခြားဆက်ဆံကြပြီးတော့ 
အဲဒီလိုလူတွေ ဝေဖန်ပြီးအပြစ်တင်နေတာက 
ဘယ်လောက်တောင် ရယ်စရာဖြစ်နေသလဲဆိုတာကို မင်းရဲ့အရည်အချင်းနဲ့သက်သေပြသွားရင် ရပြီ 
လောကကြီးမှာအဲဒါထက် ပိုသာတဲ့ကလဲ့စားချေခြင်းဆိုတာ မရှိတော့ဘူး
ရှေ့လျှောက် အဲဒီလိုနိမ့်ကျတဲ့ကိစ္စတွေကို မလုပ်စမ်းပါနဲ့ 
အဲဒါက ဘာမှကလဲ့စားချေတာမဟုတ်ဘူး
ဒီတိုင်း မင်းရဲ့ကိုယ်ပိုင်သိက္ခာကို မင်းလက်နဲ့မင်းရိုက်ချိုးပစ်တာပဲ 
အပြုအမူတွေနဲ့ ဖုံးကွယ်ထားနိုင်မလား မသိပေမယ့် 
မင်းရဲ့ အသိစိတ်ကတော့ 
တစ်သက်လုံး မင်းကိုခြောက်လှန့်နေလိမ့်မယ်

အမှန်အတိုင်းပြောရရင် ငါက မင်းတို့မျိုးဆက်နဲ့ပက်သက်ပြီး တကယ်နားမလည်နိုင်ဘူး 
ဘာမဆို အလွယ်တကူလုပ်နိုင်တယ်လို့ ပြောဆိုနေကြတဲ့ မင်းတို့ကောင်တွေက 
တာဝန်ယူရတဲ့အချိန်ကျတော့ ဘာလို့များ အလွယ်လေးပြိုလဲသွားတတ်ကြတာလဲ 
စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း အားနည်းပြီးတော့ ဘာကများ ဒီလောက်ထိ ခက်ခဲနေပြီး အားထုတ်စရာတွေ များနေရတာလဲ 
ကြိုးတောင်မကြိုးစားကြည့်ဘဲနဲ့ 
ရလဒ်ကောင်းကိုတော့ မျှော်လင့်ကြတယ် 
ကြိုးစားပြီးလည်း မလုပ်ခဲ့ကြဘဲနဲ့ တစ်ခုခုခိုင်းလိုက်ရင် ပင်ပန်းတယ်ဆိုပြီး ညည်းညူကြပြန်ရော 
ဒါနဲ့များ တကယ်ပဲ တကယ်ပဲ ဘာကိုအကောင်းဆုံး လုပ်နိုင်နေရတာလဲ 
 
တွေးတောပုံကွာခြားပြီးတော့ အဲဒါတွေထက် နေထိုင်ရတဲ့ လောကကြီးက ကွာခြားနေတာပါ 
အလားအလာကောင်းရှိတဲ့ ခေတ်မှာ နေရတာမဟုတ်ဘဲ တောင့်ခံပြီး ရှင်သန်ရတဲ့ခေတ်မှာ နေရတာမို့လို့ပါ 
အခုခေတ်လူငယ်တွေက 
 

ကျွန်တော်တို့လုပ်တဲ့ ရွေးချယ်မှုတိုင်းမှာ အကုန်လုံး ပြန်ပေးဆပ်ရမယ့်အရာဆိုတာရှိတယ် 
ဒါပေမဲ့ လူအများစုကတော့ အဲဒီအချိန်မှာ အဲဒါကို သေချာမသိကြဘူး အချိန်တွေ ကျော်လွန်သွားပြီးတဲ့အခါမှပဲ ကိုယ်လုပ်ခဲ့တဲ့ ရွေးချယ်မှုကြောင့် ဆုံးရှုံးသွားခဲ့ရတာတွေကို စပြီးမြင်လာကြတာ 

ကိုယ့်ရဲ့လုပ်နိုင်စွမ်းနဲ့ဉာဏ်ထက်မြက်တာကို သိပ်ပြီးမယုံပါနဲ့...
အဲဒီလိုကနေ ဆိုးဆိုးရွားရွား ခြေလှမ်းမှားသွားတာမျိုး ဖြစ်လာနိုင်ပါတယ်
 

လူတစ်ယောက်အကြောင်းကို သိသွားပြီဆိုရင် သူ့ရည်ရွယ်ချက်ကို မြင်ရတယ် 
သူ့ရည်ရွယ်ချက်ကို မြင်ရရင် သူ့စကားအသွားအလာကိုလည်း နားလည်သွားတာပေါ့

အရာအားလုံးကို လူတွေလုပ်တာပဲ ဘယ်လောက်ပဲကောင်းတဲ့ ဆေးရုံဖြစ်ပါစေ

ဘယ်လောက်ကောင်းတဲ့ နည်းစနစ်ဖြစ်ပါစေ လူမရှိရင် ဘာမှမလုပ်နိုင်ဘူး

မင်းကရာနှုန်းပြည့် မှန်ပြီးတော့ ဆရာဂန်က ရာနှုန်းပြည့် မှားနေခဲ့ရင်တောင် 
မင်းကဒီနည်းလမ်းကိုရွေးလိုက်တာနဲ့ မင်းကအမှားလုပ်တဲ့လူဖြစ်သွားပြီ

ဒေါသထွက်တာက မှားတာမဟုတ်ဘူး 
ခံပြင်းရင်တော့ ဆန့်ကျင်လို့ရတယ် 
ဒါပေမဲ့ အသက်ကြီးလာလို့ ဘဝတစ်လျှောက်ဖြတ်သန်းပြီးလို့ 
လူကြီးဖြစ်လာပြီဆိုရင် 
“မင်းဘယ်လိုဖြစ်နေတာလဲ” အဲလိုမျိုးတွက်ကပ်နေမယ့်အစား
“ဒီလူကတယ်လိုဖြစ်တာပါလိမ့်”
အခုဒီလိုမျိုးပြောတတ်ရတော့မှာပေါ့ 

အဲဒီလိုအချိန်မျိုးတွေ ရှိတယ် 
ဘယ်လောက်ပဲ ပင်ပန်းခက်ခဲပါစေ 
ဘယ်လောက်ပဲ ဝေဒနာတွေခံစားနေရတဲ့ လူနာတွေအများကြီးနဲ့ ရင်ဆိုင်နေရပါစေ 
ဒါပေမဲ့လည်း ဆရာဝန်ဖြစ်ခဲ့တာ တကယ်ကောင်းတာပဲလို့ တွေးမိတဲ့အခိုက်အတန့်တွေပေါ့ 
အဲဒီအခိုက်အတန့်လေးတွေက လွှမ်းမိုးထားလို့ ဒီအလုပ်ကနေ မထွက်နိုင်တဲ့ အဲဒီလိုအခိုက်အတန့်တွေ 
"မရူးသွပ်ဘဲနဲ့တော့ ဘာကိုမှ မရနိုင်ဘူး” ဆိုတဲ့စကားလည်း ရှိတယ်မလား 
ငါတို့က အဲဒီလိုအခိုက်အတန့်တွေကို ရူးသွပ်နေကြတဲ့သူတွေဖြစ်ပြီး 
ဆက်တိုက် အဲဒီလိုအခိုက်အတန့်တွေကို ကြုံတွေ့ရနိုင်ဖို့ 
ရှေ့ကို ဆက်ပြီးလျှောက်လှမ်းနေကြဦးမှာပေါ့

ငါအခုထိ နေလာရင်းနဲ့ အနှောင့်အယှက်မဖြစ်စေတဲ့ လူသစ်ဆိုတာကို မတွေ့ဖူးဘူး အမှားမလုပ်ဖူးဘဲ ပညာရှင်ဖြစ်လာတာကို မမြင်ဖူးဘူး

မင်းရဲ့ အားနည်းချက်က မင်းကို အခုလိုဖြစ်အောင်လုပ်တာပဲ 
အခုချိန်ထိ တစိုက်မတ်မတ်လုပ်လာတဲ့ မင်းရဲ့ကြိုးစားအားထုတ်မှုကို တစ်ခါလောက် ယုံကြည်လိုက် 
အမှားလုပ်မိမှာစိုးလို့ ကြောက်မနေနဲ့ 
သူများတွေ ကိုယ့်ကို ဘယ်လိုမြင်လဲ ဘယ်လိုစဉ်းစားလဲဆိုတာကို
ဘာမှပူပန်မနေနဲ့ 

သူများအမြင်နဲ့ ကိုယ့်ကိုတည်ဆောက်ထားတာမဟုတ်ဘူး 
မင်းရဲ့အမြင်က မင်းကိုယ်မင်း တည်ဆောက်သွားတာပဲ 
အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ချီးကျူးပြီး နွေးနွေးထွေးထွေးကြည့်ပေးလိုက် 

ဘဝက နည်းလမ်းနှစ်ခုနဲ့ ငါတို့ကို စမ်းသပ်တယ်လို့ ပြောကြတယ် 
ဘာကိစ္စမှ မဖြစ်တာနဲ့ အကုန်လုံး တစ်ချိန်တည်း ဖြစ်လာတာ  

ဘဝမှာ လုံးဝဆက်စပ်မှုမရှိနိုင်လောက်ဘူးလို့ ထင်ခဲ့မိတဲ့ အခိုက်အတန့်တွေက တစ်ခုချင်းစီ ချိတ်ဆက်လာခဲ့တယ် 
ဒီတိုင်းကုန်ဆုံးသွားရုံပဲလို့ ထင်ခဲ့မိတဲ့ အရာတွေက တစ်ခုချင်းစီ အဓိပ္ပာယ်ရှိလာတယ် 
ပြီးတော့ အခု အဲဒီအဓိပ္ပာယ်တွေအားလုံးက ရုပ်လုံးပေါ်လာပြီးတော့ မြင်သာထင်သာရှိလာခဲ့ပြီ 
အိပ်မက်တွေ ပြည့်ဝသွားတဲ့ အခိုက်အတန့်ပါပဲ 

ပြီးတော့ အိပ်မက်တွေ ပြည့်ဝသွားတာနဲ့ ထပ်ပြီးတော့ တခြားလက်တွေ့ဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့ရဦးမှာပေါ့ 
ဘယ်လိုပဲဖြစ်ဖြစ် ဘဝဆိုတာရှေ့ဆက်သွားနေတာမို့လို့လေ 

ဒါပေမယ့်လည်း တစ်ခါအိပ်မက်တွေ ပြည့်ဝပြီးသား လူတွေကတော့ နည်းလမ်းကိုသိကြတယ်လေ
ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလက်တွေ့ဖြစ်ရပ်တွေကို ရင်ဆိုင်ဖို့ နည်းလမ်းထပ်ရှာကြမှာပဲပေါ့ 

ပြန်လည်တည်ဆောက်ရေးနဲ့ မြို့သစ်တည်ထောင်ရေးတွေက ဘာများအဓိပ္ပာယ်ရှိမှာလဲ နေမကောင်းဖြစ်ရင် သွားစရာဆေးရုံမှမရှိတာပဲလေ 
ကလေးက နေမကောင်းဖြစ်နေတာတောင် ကလေးအထူးကုက မရှိဘူး 
နှလုံးခုန်ရပ်တဲ့လူနာအတွက် အရေးပေါ် အသက်ကယ်ပေးနိုင်တဲ့ အရေးပေါ်ဌာနမှ မရှိတာပဲလေ 

တောမီးလောင်တာတစ်ခုတည်းကပဲ ဘေးအန္တရာယ် မဟုတ်ပါဘူး 
သေရေးရှင်ရေးဖြစ်နေတဲ့အချိန်မှာ သွားစရာဆေးရုံမရှိလို့ လမ်းပေါ်မှာနာရီပေါင်းမနည်း အချိန်ကုန်ပြီးတော့ အရေးပေါ်ကားပေါ်မှာ အသက်ဆုံးရှုံးရတာမျိုး အဲဒါလည်း ဘေးအန္တရာယ်ပါပဲ  
 
ကျောင်းတွေပြိုလဲပြီး ဆေးရုံတွေပျောက်ကွယ်နေတဲ့နိုင်ငံမှာ ဘယ်လိုမျှော်လင့်ချက်ရှိဦးမှာလဲ 

အရှုံးနဲ့တူတဲ့ ရွေးချယ်မှုတွေဆိုတာ ရှိပါတယ် 
ဘဝမှာ အငြင်းပွားစရာရွေးချယ်မှုတွေ အရေးကြီးတဲ့ရွေးချယ်မှုတွေ လုပ်ရတဲ့အချိန်မှာ ရှေ့လျှောက် ဘယ်လိုဆက်သွားရမလဲဆိုတာ ဘယ်လိုစံနှုန်းနဲ့စဉ်းစားကြလဲဆိုရင် 
လူတော်တော်များများက ကောင်းတာဆိုးတာကိုတွက်ပြီး ကိုယ့်အတွက်အရှုံးမရှိတဲ့လမ်းကို ရွေးကြမယ်ဆိုပေမဲ့ ကိုယ့်စိတ်ထဲမှာ အရှက်တရားဖြစ်လာတယ်ဆိုရင် အဲဒါကိုမျက်ကွယ်ပြုလို့မရဘူး 
ဘယ်လောက်ပဲ ကြမ်းတမ်းပြီး ရူးမိုက်တဲ့လမ်းဖြစ်ပါစေ 
ရဲရဲဝံ့ဝံ့နဲ့ယုံကြည်ချက်ရှိရှိသွားရမှာပဲ 

သူများလိုမျိုးနေဖို့ မလိုပါဘူး 
ဒီတိုင်း မင်းက…မင်းပီပီသသနေရင်ရပြီ 

အင်းပေါ့လေ..မင်းတို့ခေတ်က ငါ ရှင်သန်လာခဲ့တဲ့ခေတ်နဲ့ အတော်လေးကွာခြားတာကိုး 
ကြိုးစားတိုင်း အသိအမှတ်ပြုခံရပြီး ဆုရတဲ့ခေတ်မျိုးလည်း မဟုတ်. 
အပြိုင်အဆိုင်တွေကလည်း ပြောပြလို့မရအောင်ကို ပြင်းထန်ကြတာ 
မင်းတို့တွေလျှောက်ရမယ့်လမ်းက တဖြည်းဖြည်း ပိုကျဉ်းလာတာဆိုတော့လည်း ဒါပေမဲ့ 
ဒီလောကကြီးရဲ့ ဘယ်နေရာမှာမှ. မင်းရှာနေတဲ့အဖြေ မရှိဘူး 
အဲဒါကြောင့်မို့လို့ အဖြေတို့ဘာတို့ မရှာဘဲနဲ့ မင်းလုပ်ချင်တာကို ရှာလိုက် 
မင်း တကယ်ကိုသဘောကျပြီးတော့ ပျော်ပျော်ရွှင်ရွှင်လုပ်နိုင်တဲ့ အလုပ်မျိုး 
အဲဒါ... မင်းရဲ့အဖြေဖြစ်လာမှာ 

နဂိုတည်းက ကလဲ့စားချေတယ်ဆိုတာ အဲဒီလိုချေရတာမို့လို့ 
ကျွန်တော်ကတော့ ရင်ကွဲစရာအဖြစ်တွေကို ဒဏ်ခတ်ရင် ယုတ်ညံ့တဲ့နည်းလမ်းနဲ့မဟုတ်ဘဲ ကောင်းတဲ့နည်းလမ်းနဲ့ပဲဒဏ်ခတ်တယ် 
အဲဒီလိုအဖြစ်တွေ နောက်တစ်ခါထပ်မဖြစ်ရအောင်လုပ်တယ် 
အဲဒါကမှ လူကြီးတွေရဲ့ ကလဲ့စားချေနည်းပါ

အွန်းဂျယ် ငါနင်နဲ့သာမတွေ့ ခဲ့ရင် 
ငါဘယ်လိုဖြစ်နေလောက်မလဲ 
တကယ်လို့သာ ငါ့ဘဝမှာ ဂင်ဆာဘူနဲ့မတွေ့ခဲ့ရရင် အဲဒါဆို ငါ ဘယ်လိုဖြစ်နေလောက်မလဲ 
ငါလည်း တစ်ယောက်ယောက်အတွက် အဲဒီလိုဖြစ်တည်မှုမျိုး ဖြစ်နိုင်လောက်မလား
ဖြစ်နိုင်ပါ့မလား 
အဲဒါကိုသိလား 
ငါ့အတွက် ဒီဒိုဒမ်ဆေးရုံမှာရှိနေရတဲ့ နေ့ရက်တိုင်း နေ့ရက်တိုင်းက နွေဦးနေ့ရက်ဆိုတာ 

တစ်ခါတလေကျရင် မရူးဘဲနဲ့ မရောက်နိုင်တဲ့အဆင့်နေရာတွေရှိပါတယ် 
အဲဒါကို ကင်ဆာဘူက ရိုမန့်စ်လို့ ခေါ်ပါတယ်
အခုအချိန်အထိ ကျွန်တော်တို့တွေ အဲဒီလိုရှင်သန်ပြီး အသက်ကယ်လာကြတာပါ 

ငါက မနေ့ကလိုပဲ ဒီနေ့ရော မနက်ဖြန်ရော
ဒီနေရာမှာပဲရပ်ပြီး ငါ့ကိုလိုအပ်နေတဲ့
လူနာတွေကို ဆက်ပြီးစောင့်နေမှာပဲ

ရိုမန့်တစ်ဆန်ခြင်းဆိုင်ရာဥပဒေသ 
တည်ရှိနေကြောင်း လူအများစု သိထားကြပေမယ့် မတည်ရှိနေပါဘူးလို့ ယုံကြည်ထားကြတဲ့ .. အဲဒီလိုဆိုပေမယ့်လည်း တစ်ယောက်ယောက်ကိုတော့ကျိန်းသေကာကွယ်ပေးစေချင်တဲ့ လှပတဲ့တန်ဖိုးတွေ 
ရှင်သန်တယ်ဆိုတာက နေ့စဉ်နေ့တိုင်း လမ်းကြောင်းအသစ်ပေါ် လျှောက်လှမ်းနိုင်ဖို့အတွက် ပြီးတော့ နေ့စဉ်နေ့တိုင်း လက်တွေ့ဘဝကို ရင်ဆိုင်ဖို့အတွက် 
ရှင်သန်နေရတဲ့အခိုက်အတန့်တိုင်းအတွက် အဖြေကို ရှာတွေ့နိုင်မှာတော့မဟုတ်ပေမယ့် . ဒါပေမယ့်လည်း ဂင်ဆာဘူကတော့ အမြဲတမ်းဒီလိုစကားမျိုးပြောတယ် 
“ငါတို့တွေ ဘာကြောင့်ရှင်သန်နေကြတာလဲ ဘာအတွက်ရှင်သန်နေကြတာလဲဆိုတဲ့မေးခွန်းကိုတော့ လက်မလျှော့လိုက်ကြနဲ့ 
အဲဒီမေးခွန်းကို လက်လျှော့လိုက်တဲ့အခိုက်အတန့်မှာ ငါတို့ရဲ့ရိုမန့်စ်လည်း အဆုံးသတ်ပြီပဲ နားလည်ကြလား” ဆိုပြီး ပြောတာပါ 

'Dr. Romantic' 카테고리의 다른 글

Romantic Doctor, Teacher Kim  (0) 2023.06.20
Dr. Romantic 1-2  (0) 2023.06.15
Dr. Romantic 2  (0) 2022.02.13
Dr. Romantic 1  (0) 2022.02.13