본문 바로가기
2020 Kdrama

Run On: 런온

by 드라마 Dialogue 2023. 4. 1.

ငါ ပထမဆုံး ပြေးတုန်းက
ငါ အဝေးကို ပြေးနေခဲ့တာ
ငါ အရာအားလုံးကို နောက်မှာထားခဲ့ပြီး
အဝေးကိုပဲ ပြေးနေတာ
ငါ ရပ်လိုက်တော့
ငါ့ နှလုံး တဒိန်းဒိန်းခုန်နေတာကိုပဲ ကြားရတော့တယ်
အဲဒီလို ကြားနေရတာကိုပဲ
ငါ ပိုင်တဲ့ ကမ္ဘာကြီး တစ်ခုလို ခံစားရတယ်
ငါ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ကို ပထမဆုံး ချနိုင်ခဲ့တာပဲ

ပြေးရင်းနဲ့ အသက်ရှင်ရတာ
အသက်ရှူလို့ မဝဘူးပေါ့
ပြေးနေရင် နောက်မှာ ဘယ်သူရှိလဲဆိုတာကို
မစဉ်းစားမိတော့ဘူး
အရေးအကြီးဆုံးကိစ္စက ရှေ့မှာရှိတဲ့အရာပဲ
ပုံမှန်ဆိုရင် အဆုံးသတ်မျဉ်းပေါ့
ဒါပေမယ့် ဒီနေ့တော့ မင်းပေါ့

Why do we fall?
So, we can learn to pick ourselves up.
ငါတို့တွေလဲကျခဲ့တာက
ပြန်ထနိုင်ဖို့ကို သင်ယူဖို့အတွက်ပဲဖြစ်တယ်

ရုပ်ရှင်ထဲက လူကိုကြည့်ရတာ
အရက်သောက်ပြီးတော့ ပျော်နေပုံပဲ
အဲဒါကြောင့် ငါလည်း အဲဒီလိုမျိုး ခံစားရမယ်လို့ ထင်လို့
ငါက သောက်နိုင်တဲ့လူတော့ မဟုတ်ဘူး
ဒါပေမယ့် သောက်ချင်လို့

စိတ်မကြည်တဲ့နေ့တောင်
ပြေးရင် ဘာမှမခံစားရတဲ့အတိုင်း သဘောထားပြီးပြေးတာ
အတိတ်ကိုအတိတ်မှာထားပြီး
နေ့သစ်ကိုစတင်တာ
ဒီလိုပဲဘဝကိုဖြတ်သန်းတယ်
အဲ့ဒီအချိန်အတွင်း
မလုပ်သင့်ဘူးထင်တာတွေကိုတော့ မလုပ်ဘူးပေါ့

မလုပ်ချင်တာကိုတော့မလုပ်နဲ့ပေါ့
မင်းအနေနဲ့အကုန်လုံးလုပ်တတ်စရာမလိုပါဘူး
ဒါကြောင့် မလုပ်ချင်တာရှိရင် မလုပ်နဲ့

ကိုယ့်ကိုကိုယ်ကလွဲပြီး
လူတိုင်းအတွက်စိတ်ပူနေတဲ့လူကို
ဘယ်လိုလူလို့မြင်လဲသိလား
နာကျင်မှုကိုကျင့်သားရနေတဲ့လူ
ခဏခဏနာကျင်ရလွန်းလို့ နေသားကျသွားတာလေ  
အဲဒီတော့ အခုဆို ဘာကရှင့်ကိုနာကျင်စေလဲဆိုတာတောင် မသိတော့ဘူး

ခံစားချက်တွေကိုအခြားသူတွေနဲ့
ပိုပြီးများများမျှဝေသင့်တာ
နင် ဘာကို ကြိုက်တယ် မကြိုက်ဘူး
ဘာကို လိုချင်တယ် ရိုးရိုသားသား ပြောလိုက်စမ်းပါ
အဲဒီလိုမှ နင် ပျော်ရမှာပေါ့

ကျွန်တော်လုပ်လိုက်တဲ့ကိစ္စအတွက်
ကျွန်တော့်ကိုသာ သေချာအပြစ်ပေးမယ်ဆိုရင်
အစလို့ဆိုနိုင်မှာပေါ့
ရာထူးကြီးတဲ့သူတွေက ကိုယ့်ထက်အငယ်တွေကို
အနိုင်ကျင့်လို့မရဘူးပဲ
ကိုယ်မှားတာလုပ်ရင်လည်း သေချာပေါက်အပြစ်ဒဏ်ခံရမယ် အဲ့လိုအချက်တွေက ကျွန်တော်နေတဲ့လောကကြီးထဲ
ရှိနေပါလားဆိုတာ သိနိုင်တယ်လေ

လူဆိုတာ မွေးကတည်းကတော့
နာကျင်တာကို ခံနိုင်ဖို့ ဘယ်သူမှ မွေးလာတာ မဟုတ်ပါဘူး
မင်းလုပ်နေတာကို အဆင်ပြေနေတဲ့ပုံ မလုပ်ပါနဲ့

ပြေးတဲ့နေရာမှာ ခြေလှမ်းထိန်းတာအရေးကြီးတယ်
ပင်ပန်းရင် ဖြည်းဖြည်းချင်းပြေးလို့ရတာမို့
လက်သာမလျှော့လိုက်နဲ့ လူကြီးတစ်ယောက်အနေနဲ့
အဲဒါတော့လုပ်နိုင်တယ်မလား

ကျွန်မအတွက်ဘာကလိုအပ်လဲ မလိုအပ်ဘူးလဲ သိတယ်
မရနိုင်တဲ့ဟာကို လောဘမကြီးဘူး
တကယ်လို့တစ်အားလိုချင်နေခဲ့ရင်
အဲ့ဒါနဲ့ဆင်တူတဲ့အတုတစ်ခုကိုယူလိုက်တယ်
အဲ့ဒီလောက်ပါပဲ

နူးညံ့ပြီး ထိခိုက်လွယ်တဲ့သူတွေက
ပျော်ရွှင်တဲ့ဘဝမျိုးနေသင့်တယ်
အဲ့လိုလူမျိုးတွေကို အထင်မသေးသင့်ဘူးလေ

စက်ရုပ်တွေပေါ်လာတာနဲ့အမျှ
ပျောက်ကွယ်လာတဲ့အရာတွေ များလာတယ်
မီးရထားတွေဆို မောင်းသူမဲ့တွေဖြစ်ကုန်ပြီ
ကျွန်မတို့လူသားတွေအစား စက်တွေရောက်လာပြီ..
အစားထိုးစရာမလိုရင်တောင်
ဘယ်သူမှစိတ်မဝင်စားတော့ရင် ပျောက်ကွယ်သွားရတာပဲလေ
လူပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်..

'2020 Kdrama' 카테고리의 다른 글

Itaewon Class: 이태원 클라쓰  (0) 2022.10.13
More Than Friends: 경우의 수  (0) 2022.06.28
18 Again quotes  (0) 2022.02.18
Start-Up quotes  (0) 2022.02.18
Hush  (0) 2022.02.18