본문 바로가기
Melodrama

Snowdrop

by 드라마 Dialogue 2022. 2. 10.

❝ ယောင်းရို
Rome ကော်ဖီဆိုင်မှာ မင်းကို ပထမဆုံး
တွေ့ခဲ့တဲ့အချိန်ကို သတိရမိတယ်
ပြိုကျသွားတဲ့ မီးခြစ်ဆံမျှော်စင်ကို တားလိုက်ဖို့
လက်ကမ်းလာတဲ့ မင်းကို တွေ့လိုက်ကတည်းက
အမှန်တိုင်းပြောရရင် အဲ့ဒီအချိန်ကတည်းက
ငါ့စိတ်ထဲမှာ မင်းက နေရာယူသွားခဲ့တာ

ငါက တကယ်လို့များ သာမန်လူငယ်တစ်ယောက်သာ
ဖြစ်နေခဲ့မယ်ဆိုရင်…
အဲ့နေ့တုန်းက ငါ မင်းကို ဒိတ်လုပ်ဖို့
တောင်းဆိုလိုက်မိမှာ..

အဲ့လိုဆို ငါတို့ ချစ်သူတွေဖြစ်သွားလောက်မှာနော်
ကစားကွင်းလည်း အတူတူသွားပြီး
ရုပ်ရှင်တွေလည်း အတူတူကြည့်ပြီး….

အဲ့ဒီလိုမျိုး မင်းနဲ့အတူတူ အကြာကြီး
ရှိသွားချင်ခဲ့ပေမယ့်
ဘာကြောင့်များ ငါက မင်းဘေးမှာ ရှိနေလို့မဖြစ်တဲ့သူ
ဖြစ်နေရတာပါလိမ့်
အဲ့လိုဆိုပေမယ့် ငါ မင်းနဲ့ဆုံခဲ့ရတာအတွက်
နောင်တမရဘူး

အေးစက်တဲ့ ငါ့လိုလူအတွက် ပန်းတွေ ပွင့်စေခဲ့တဲ့
ငါတို့ ယောင်းရို တကယ်ကို ကျေးဇူးတင်ပါတယ်
ငါက ထွက်သွားမှာဆိုပေမယ့်
ငါ… မင်းကို တစ်သက်လုံး သတိရသွားမယ်
အွန်းယောင်းရို ချစ်တယ် ❞

'Melodrama' 카테고리의 다른 글

Youth of May  (0) 2022.11.05
Youth of May: 오월의 청춘  (0) 2022.11.05
Crash landing on you  (0) 2022.02.10
Youth Of May  (0) 2022.02.10
Mr.Sunshine  (0) 2022.02.10