드라마 다이얼로그

Go Ae Shin 본문

Mr. Sunshine

Go Ae Shin

드라마 Dialogue 2022. 12. 11. 18:07

မနေ့ကဆိုတာ ဝေးကွာသွားပြီးတော့
ဒီနေ့ကိုတော့ သိပ်မရင်းနှီးသေးဘူး
မနက်ဖြန်ဆိုတာကတော့ ကြောက်ဖို့ကောင်းနေတယ်
အချိန်ဆိုတာ အမြဲပြောင်းလဲနေတာကြောင့်..
ငါတို့အားလုံးဟာ အဲ့ဒီလိုမျိုး ကိုယ်စီနည်းလမ်းတွေနဲ့
အပြောင်းအလဲမြန်တဲ့ ဂျိုဆွန်းမှာ နေထိုင်နေကြတယ်

အယ်ရှင်း - “ဂျိုဆွန်းက ပြောင်းလဲနေတာမဟုတ်ဘဲ
ပြိုလဲကျလာတာ” တစ်လကို တစ်ခါပဲ သတင်းစာကို ဖတ်သွားမှာပါ 
ဇာတ်နိမ့်တွေတောင်မှ စာလေ့လာပြီးတော့ အစိုးရလုပ်ငန်းတွေမှာ ပါဝင်နိုင်တဲ့ လောကကြီး ဖြစ်လာတာကို
အမျိုးသမီးတွေလည်းပဲ အသုံးဝင်တဲ့နေရာ မရှိပဲနေပါ့မလား 
ချောင်နိုင်ငံတော် ဂျာမနီရော ပြင်သစ်ရော
အကုန်လုံး ဂျိုဆွန်းကိုစီးဝင်နေကြတာ
ဂျပန်လူမျိုးတွေက ဆန်တွေကိုပါ လက်ဝါးကြီးအုပ်နေကြပြီ
ဂျိုဆွန်းရဲ့ ကံကြမ္မာက ဒီလိုဖြစ်နေတာကို 

 

အဘိုး - မိန်းကလေးတစ်ယောက်က ပညာတတ်ရုံနဲ့တင် ရနေပြီ 

သတင်းစာတစ်ရွက်တောင်မှ ခွင့်မပြုနိုင်ဘူး 

အဲ့ဒါကြောင့်ပဲ တားနေရတာပဲ ဒီလိုဖြစ်နေလို့ 

ဒီနိုင်ငံမှာရော ဘုရင်မရှိလို့လား လွှတ်တော်မှာ အမတ်တွေရော မရှိနေဘူးလား မဟုတ်ဘူး 

အကုန်လုံး ဘယ်သူမှမရှိနေဘူးဆိုရင်တောင်မှ နင်ကတော့မဖြစ်ဘူး 
ယဉ်ကျေးသိမ်မွေ့စွာနဲ့ နေထိုင်သွားပြီး ခင်ပွန်းကောင်းကို ရှာပြီးတော့ ပန်းလေးတစ်ပွင့်လို နေသွားဆိုတဲ့ အဓိပ္ပာယ်ပဲ 

လိပ်ပြာပုံတွေကို ပန်းထိုးနေရင်းနဲ့ပဲ နေသွားပါ ပန်းပင်လှလှလေးတွေကို ချည်ထိုးပုံဖော်ရင်းနဲ့ပဲ နေသွားလိုက် 

အဲ့လိုလုပ်ဖို့ အရမ်းကို ခက်ခဲနေရလား 

 

အယ်ရှင်း - မလုပ်ချင်ပါဘူး 
 ဒါဆို အဲ့အစား သေပဲသေလိုက်ပါ့မယ်

အယ်ရှင်း - စကားလုံးတွေမှာ အင်အားမရှိပါဘူး
ကျွန်မကတော့ သေနတ်နဲ့ပဲ ပြန်ပြီး တိုက်ခိုက်သွားမှာပါ

အယ်ရှင်း - သတင်းစာမှာဖတ်လိုက်ရတာ

အနောက်တိုင်းယဉ်ကျေးမှုတွေလွှမ်းမိုးခံနေရပြီတဲ့

မှန်လောက်မှာပါ အနောက်တိုင်းယဉ်ကျေးမှုကို

သဘောကျတဲ့ သူတွေက ကော်ဖီသောက်တယ်

ပြင်သစ်အဝတ်အစားတွေ ဝတ်တယ်

ပြည်ပသွင်းကုန်တွေနဲ့ သာယာတယ်

ကျွန်မလဲသူတို့နဲ့ သိပ်မကွာပါဘူး

ကျွန်မသဘောကျတာက ဂျာမန်ထုတ်ရိုင်ဖယ်သေနတ်ကိုပဲ

ယူျင်း - ဂျိုဆွန်းကို ကယ်တင်ဖို့ မင်းက ဘာလို့လုပ်တာလဲ?

အယ်ရှင်း - ဒီအနေအထား ရောက်နေပေမဲ့ နှစ် ၅၀၀ ကျော် တည်တို့ခဲ့တဲ့ တိုင်းပြည်ပါ

အဲဒီနှစ် ၅၀၀ အတွင်း တရုတ်၊ ဂျပန် ကျူးလွန်မှုတွေ အများကြီးခံခဲ့ရတယ်
အဲဒီလိုအချိန်တိုင်း တစ်ယောက်ယောက်က အသက်ရင်းပြီး ကာကွယ်ခဲ့ကြတယ်

အဲဒီလိုဂျိုဆွန်းက အပိုင်းပိုင်း အစစ ကွဲထွက်သွားခဲ့ပြီ ပထမတော့ တရုတ် နောက်တော့ ရုရှား အခုတော့ ဂျပန်

အခုတော့ အမေရိကန်စစ်သားတွေအထိ ဝင်လာခဲ့တယ် တိုင်းပြည်အနေအထားက ဒီလိုဖြစ်နေတာကို

တစ်ယောက်ယောက်ကတော့ တိုက်ခိုက်ရမယ်မဟုတ်လား

ယူျင်း - အဲဒါက ဘာလို့ မင်းဖြစ်ရတာလဲ?

အယ်ရှင်း - ဘာလို့ ကျွန်မမဖြစ်နိုင်ရမှာလဲ?

ယူျင်း - အဲ့ဒီအမျိုးသမီးတစ်ယောက်ကို ကယ်လိုက်တိုင်း ဂျိုဆွန်းကို ကယ်နိုင်တာမဟုတ်ပါဘူး

အယ်ရှင်း - ကယ်မှဖြစ်မယ် တစ်နေ့တစ်ချိန်ကျရင် အဲ့ဒီအမျိုးသမီးနေရာမှာ ကျွန်မလည်းဖြစ်သွားနိုင်တာမို့

ယူျင်း - မင်းသာဆိုရင်
ပန်းပွင့်လေးတစ်ပွင့်လို နေလို့ရသွားမှာကို
ငါ့ရဲ့ မှတ်ဉာဏ်ထဲက ဂျိုဆွန်းရဲ့ မျိုးရိုးမြင့် အမျိုးသမီးတွေက အကုန်လုံး အဲ့လို နေခဲ့ကြတာပဲလေ

 

အယ်ရှင်း - ကျွန်မလည်း အဲ့လိုပဲ
ကျွန်မလည်း ပန်းတစ်ပွင့်လို နေနေတာပဲ
ဒါပေမယ့် တစ်ခုမတူတာက ကျွန်မက မီးတောက်လေးပဲ

အဲ့လိုမျိုး တောက်တောက်ပပ လောင်ကျွမ်းပြီးမှ ငြိမ်းသွားချင်တယ် မီးတောက်လိုမျိုး

အယ်ရှင်း - ကျွန်မကတော့ တိုက်ခိုက်သူအဖြစ် နေထိုင်သွားဖို့ ဆုံးဖြတ်ခဲ့တယ်
အဘိုးကို လိမ်ပြီးတော့ ဒေါ်လေးကို စိတ်ပူအောင် လုပ်မိပြီးတော့ ကျွန်မအပေါ် သစ္စာစောင့်သိတဲ့ သူတွေအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု
ဖြစ်စေခဲ့ပေမယ့်လည်း မှန်ကန်တဲ့ အရာကို လုပ်နေတာဖြစ်တဲ့အတွက် အဆင်ပြေတယ် 

အယ်ရှင်း - ငါသေတဲ့ အခိုက်အတန့်အထိ ဂိုအယ်ရှင်း ဖြစ်နေမှာပါ

 ရှင်နဲ့ အတူတူရှိနေနိုင်မယ့် ဘယ်လိုအနာဂတ်မျိုးမှ ရှိမှာမဟုတ်ပါဘူး

ယူျင်း - အဲ့လိုဖြစ်ရပါမယ်
မနေ့ကတော့ မင်းက ငါ့ဘဝမှာ မရှိနေခဲ့ပေမယ့် ဒီနေ့တော့ ရှိတယ် အဲ့ဒါနဲ့တင်ရပြီ

အယ်ရှင်း - ဂျိုဆွန်းက ပိုပြီးအန္တာရယ်များလာပြီး ငါ့ရဲ့မိသားစုလည်း တစစီ အဖျက်ဆီးခံလိုက်ရတယ်

ငါ့ကမ္ဘာကြီးမှာ ဒီထက်ပိုပြီး အချည်းနှီးမျှော်လင့်ချက်ရော ကြည်နူးစရာတွေရော မရှိတော့ဘူး

ငါအခု ဒီထက်ပိုပြီးတော့ ရှင်နဲ့အတူတူ လမ်းမလျှောက်နိုင်တော့ဘူး

အဲ့ဒါကြောင့် အခုတော့ ကိုယ်စီလမ်းကြောင်းအတိုင်း ဝေးကြတာပေါ့

အယ်ရှင်း - ရောက်တောင်မရောက်ဖူးတဲ့ အမေရိကရဲ့လမ်းကို နေ့တိုင်းလျှောက်နေခဲ့တယ်

ရှင်နဲ့အတူတူ ခေါင်းထဲမှာ အဲ့ဒီနေရာမှာ စာလည်းလုပ်ပြီး မြင်းကျားတွေကိုလည်း တွေ့ခဲ့တယ်
ရှင်နဲ့အတူတူ ညအိပ်ပြီး မကြာခဏရယ်ခဲ့ကြတယ်

အဲ့လိုမျိုး အကြိမ်ရာချီပြီး ထွက်သွားနေခဲ့ပေမယ့်

အဲ့ဒီအကြိမ်ရာချီမှာ ငါဂျိုဆွန်းကိုပဲ ပြန်ပြန်ရောက်လာတယ်

လီယန်းဟွာ - ကျွန်မကတော့ ဆံပင်ကနေလည်း အဆွဲခံခဲ့ရဖူးတယ် ဆွဲဖြဲခံခဲ့ရသလို ဆွဲနှုတ်လည်း ခံခဲ့ရပါတယ်

မမလေးကတော့ တစ်သက်လုံး တစ်ခြားသူတစ်ယောက်က ဖီးပေးပြီးတော့ ဆံပင်ဆီကို လိမ်းပေးခဲ့တာဆိုတော့

 ဆံပင်မွှေးလေး အညှပ်ခံရလို့ဆိုပြီး လောကကြီးက အဆုံးသတ်သွားတာဆိုရင်

ဘယ်လိုလုပ်ပြီး ဂျိုဆွန်းကို ကယ်တင်ပေးသွားမှာပါလဲ 

အဲ့ဒါကြောင့် အစတည်းက သေနတ်မဟုတ်ပဲ ဒီလို လက်ကိုင်ပုဝါမျိုးကိုပဲ ကိုင်ထားခဲ့တာ ပိုကောင်းမှာပဲ 

မမလေးက လက်ထဲမှာ သေနတ်ကိုကိုင်ဖို့ ဆုံးဖြတ်လိုက်တည်းက ယောက်ျားလေးသုံးယောက်တောင် ပြိုလဲကုန်ကြပါတယ် 

ဘယ်လိုပဲဖြစ်ဖြစ် ဂျပန်လက်အောက်ကို ကျရမယ့် ဂျိုဆွန်းပါ

မမလေး တစ်ယောက်လောက် တောင့်ခံနေရုံနဲ့ ဘာမှမပြောင်းလဲသွားနိုင်ပါဘူး 

 

အယ်ရှင်း - အားလုံးက ကိုယ့်ကမ္ဘာနဲ့ကိုယ် နေကြတဲ့ လောကကြီးပဲ 

တစ်ယောက်ချင်းစီရဲ့ တန်ဖိုးထားရာတွေကလည်း အကုန်ကွာခြားကြတာပဲ 

ငါ့ရဲ့ ကမ္ဘာမှာ ဂျိုဆွန်းကိုရော မိသားစုကိုရော မိဘတွေပေးခဲ့တဲ့ ဒီဆံပင်ကအစ အဖိုးတန်တယ် 

ငါကတော့ ဟိုတယ်ပိုင်ရှင်က ဘယ်လို ဘဝမျိုးမှာ နေခဲ့ရလဲ မသိနိုင်ပေမယ့် 

ငါကတော့ ငါ့ကမ္ဘာမှာ အကောင်းဆုံး ကြိုးစားနေတယ် 

အဲ့ဒါကြောင် ငါ့ရှေ့မှာ အဲ့လိုစကားမျိုး မပြောပါနဲ့

အယ်ရှင်း - ငါကတော့ စာလုံးတွေရဲ့ အင်အားကို မယုံကြည်ဘူး ဒါပေမဲ့ ရှင့်ကိုတော့ယုံတယ် 

ဟွီးဆောင်း - စာလုံးတွေမှာလည်း အင်အားရှိတယ် တစ်ယောက်ယောက်ကတော့ မှတ်တမ်းချန်ထားခဲ့မှ ဖြစ်မှာ
မျိုးချစ်တွေရော သစ္စာဖောက်တွေရော မှတ်တမ်းတင်ထားမှဖြစ်မယ် 
မင်းကတော့ သေနတ်နဲ့ တိုက်ခိုက်သွားပါ ငါက မှတ်တမ်းတင်ပေးသွားမယ်

အယ်ရှင်း - ငါသွားမယ့် လမ်းကြောင်းက သူတို့ ရဲ့သေခြင်းကို ထည့်မတွက်မိဘူး 
တစ်စုံတစ်ယောက်ရဲ့ သေဆုံးခြင်းကို ထပ်ပြီး မြင်တွေ့ရမှာ ကြောက်နေမိတယ် 

ယူျင်း - အဲ့ဒါကြောင့် ကြိုပြီး ပြင်ဆင်ထားခဲ့သင့်တာပေါ့
ဘယ်သူရဲ့ သေခြင်းတရားကိုမဆို စိတ်ထဲ အသင့်ပြင်ထားသင့်တယ် 
စစ်ပွဲဆိုတာက အဲ့လိုအရာမျိုးပဲ 

အယ်ရှင်း - တောက်ပတဲ့ရက်တွေဖြစ်ခဲ့တယ် ကျွန်မတို့အားလုံးဟာ မီးတောက်တွေဖြစ်ခဲ့ပြီး 

အားလုံးက တောက်တောက်ပပ ပွင့်လန်းကြပြီး ညှိုးနွမ်းသွားကြတယ် 

ပြီးတော့ နောက်တစ်ကြိမ် လောင်ကျွမ်းစေခဲ့တယ် ရဲဘော်ရဲဘက်တွေ ကျန်ရစ်ခဲ့တဲ့ မီးစတွေနဲ့ 
ကျွန်မရဲ့အင်္ဂလိပ်စာက သိပ်မတိုးတက်သေးလို့ နှုတ်ဆက်စကားကိုတော့ တိုတိုပဲပြောတော့မယ် 

ကောင်းကောင်းသွားပါ ရဲဘော်ရဲဘက်တို့ 

လွတ်လပ်ရေးရတဲ့ တိုင်းပြည်မှာ ပြန်တွေ့ကြတာပေါ့ 

'Mr. Sunshine' 카테고리의 다른 글

Mr Sunshine  (0) 2022.12.15