






🍃그 해 우리는 🍃
လူတိုင်းမှာ မမေ့နိုင်တဲ့ အမှတ်တရတွေအပြည့်နဲ့
နှစ်တစ်နှစ်ရယ်လို့ ရှိကြပါတယ်
အဲ့ဒီအမှတ်တရတွေကို အများကြီး ချစ်မြတ်နိုးကြတာမို့ တစ်သက်လုံးစာဆိုပြီး ဖြစ်ရတာပေါ့
ဒါကတော့ ချွဲအွန်းနဲ့ဂူယောင်းဆူတို့ရဲ့
“အဲ့ဒီ ငါတို့ရဲ့ချစ်ရတဲ့နွေရာသီ” ဆိုတဲ့ အကြောင်းပါ

🍃ကိုယ့်အတွက်တော့ ငယ်ရွယ်နုပျိုမှု ရင့်ကျက်မှု
မပြည့်စုံမှု အထီးကျန်မှု လမ်းခွဲမှု အချစ် စတဲ့
ခံစားမှုမျိုးတွေကို
အစုံပေးနိုင်တဲ့ ဇာတ်ကားမို့ 10 out of 10 ပါ


ဒီလိုဇာတ်လမ်းမျိုးမှာ သေချာပေါက်
တစ်ယောက်ယောက်က တတိယလူဖြစ်ရပါတယ်
ဒါပေမယ့်လည်း ပြသ၁နာမရှိပါဘူး
ကျွန်တော်က ဒီအတိုင်း..
ခြေတစ်လှမ်းနောက်ဆုတ်နေလိုက်ရင် ရပါပြီ
ဘာပဲပြောပြော ဒီဘဝမှာတော့ ကျွန်တော်က
အဓိကဇာတ်ဆောင်မဟုတ်ဘူးထင်ပါတယ်..











🍂 သူများတွေလို သာမန်ကျကျနေချင်တယ်ဆိုရင်
ဒီအတိုင်း အဲ့ဒီလိုဖြစ်ချင်ယောင်ဆောင်လိုက်ရင်
ရပါတယ်
ဒါက ခက်ခဲပေမယ့် ထင်ထားတာထက်
ဆုံးဖြတ်နိုင်ဖို့ပဲလိုတာပါ
အဲ့ဒီလိုဟန်ဆောင်လိုက်ရင် တစ်ကယ်ကို
အဲ့ဒီလိုနေနေရသလိုဖြစ်သွားတယ်
ကိုယ့်ပတ်ဝန်းကျင်ကို အပြစ်တင်ဖို့ကျတော့လည်း
ဒါက ဘယ်လိုမှမတတ်သာတဲ့ကိုယ့်ဘဝပဲလေ
ပြီးတော့ ကိုယ်ပဲဆုံးရှုံးရမှာကိုး
ဒီတော့ လက်မလျှော့ခင်
တစ်ခါလောက် ကြိုးစားကြည့်လိုက်တာလည်း
မဆိုးဘူး


🍂 ဘဝတိုင်းက အနုပညာလက်ရာဖြစ်ပြီး အပိုင်းအစတွေ စုစည်းမိတဲ့အခါ
အကုန်ပြီးပြည့်စုံသွားတယ်
ကျွန်တော့်ဘဝ မပြီးပြည့်စုံတာက
ပိုင်ဆိုင်ထားမှုမရှိတဲ့ အပိုင်းအစတစ်ခုကြောင့်ပါ
ကျွန်တော် အသည်းအသန် ပိုင်ဆိုင်ချင်ခဲ့တဲ့အရာက
သူမအတွက်တော့ ငရဲဖြစ်နေခဲ့တာကိုး
အဲ့ဒါကြောင့် ကျွန်တော်လည်း အဲ့ဒီအပိုင်းအစကို
တစ်သက်လုံးမလိုအပ်ဖို့ ဆုံးဖြတ်ခဲ့တယ်
ကျွန်တော့်ဘဝက အနုပညာလက်ရာမဟုတ်ဘူး
ဘယ်သူမှမကြည့်တဲ့
ပျင်းစရာ အခန်းဆက်မှတ်တမ်းတစ်ခုရဲ့
အပိုင်းတစ်ခုပဲဖြစ်ခဲ့ပါတယ်





🍂Thank You 🍂
အွန်းလေးနဲ့ယောင်းဆူတို့နဲ့အတူ ငိုလိုက်ရယ်လိုက်
နောက်ဆုံးထိ အတူရှိပေးခဲ့ကြလို့
ကျေးဇူးတင်ပါတယ်
အက်မင်ရဲ့စာလေးတွေကို အဆုံးထိဖတ်ပေးလို့လည်း
ကျေးဇူးတင်ပါတယ်
နောက်ဒရာမာမှာ ပြန်တွေ့ပါမယ်..🤎
'Our Beloved Summer' 카테고리의 다른 글
အဆင်ပြေသွားမှာပါ... (0) | 2022.02.10 |
---|---|
ကျွန်မက ပန်းချီဆရာရဲ့ လက်ရာတွေကိုဘာလို့ကြိုက်လဲဆိုတော့… (0) | 2022.02.09 |
သဘာဝတရားကိုရော အဆောက်အဦးကိုရောရေးဆွဲပေမဲ့ ပုံတွေထဲမှာ ဘာလို့လူတွေမပါတာလဲ? (0) | 2022.02.09 |