드라마 다이얼로그

Our Blues: 한수와 은희 본문

Our Blues

Our Blues: 한수와 은희

드라마 Dialogue 2022. 6. 6. 01:41

“လူတွေက စိတ်ပြောင်းတတ်ကြတာပဲ
ပျော်စရာကောင်းတဲ့အရာတွေကလည်း
မပျော်တော့တာမျိုးရှိတယ်
ငါတို့လည်း အခုတော့ ဘာမှမဟုတ်ပေမယ့်
နောက်ဆိုပျော်လာနိုင်ခြေရှိတာပဲ…”

“အဲ့တုန်းကဆို
ကျောင်းပြေးဖို့လည်း တုံ့ဆိုင်းမနေခဲ့တာ
ရှေ့နောက်လည်းမကြည့်
ပင်လယ်ဆီ ကျောင်းဝတ်စုံတွေနဲ့လည်းသွားနဲ့
မနက်အစောကြီးလည်း အကြောက်အရွံ့မရှိ
ပင်လယ်ထဲ ဝုန်းဒိုင်းပြေးဝင်ခဲ့တာတွေ
မှတ်မိလား?

တစ်ခါတစ်လေ ဆင်းရဲတာမုန်းလွန်းလို့ အလကားနေ စိတ်ဆတ်နေခဲ့ပေမယ့်လည်း နင်တို့တွေနဲ့ ဆော့ကစားနေရချိန်ဆိုရင်တော့ အများကြီး ပြုံးရယ်နေခဲ့တာ

အွန်ဟီး အဲ့တုန်းက ငါ ဘယ်လိုကလေးမျိုးလဲ?

စိတ်ဆိုးနေရင် မာမာကြောကြောပုံစံပေါက်ပြီး
ရယ်နေရင်တော့ နွေးထွေးတောက်ပနေပြန်ရော
ငယ်ရွယ်နုပျိုနေပြီးတော့ တက်ကြွနေတာ

အဲ့တုန်းကတော့ ငါတို့အားလုံး အဲ့လိုပဲပေါ့
ဟုတ်တယ်မလား

အင်းပေါ့
အခုလိုမျိုးပျော်စရာမကောင်းတဲ့ ခြေကုန်လက်ပန်းကျနေတဲ့ ပုံစံမျိုးတော့ မဟုတ်ခဲ့ဘူး…”

#OurBlues #kdrama #DramaDialogue