드라마 다이얼로그

My Liberation Notes - 2 본문

My Liberation Notes

My Liberation Notes - 2

드라마 Dialogue 2022. 5. 22. 00:04

ငါတို့အားလုံး ပျော်ရွှင်နေကြရင် ကောင်းမယ်
ကြည်လင်လန်းဆန်းနေတဲ့ နေ့တစ်နေ့လိုပေါ့
ဘာစိတ်ဒဏ်ရာမှမရှိဘဲနဲ့…

ငြီးငွေ့နေပါပြီ
ဘယ်ကနေစပြီး ဘယ်လိုမှားသွားလဲ သေချာမသိပေမယ့်
ဒီအတိုင်းပဲ ငြီးငွေ့တယ်
ဆက်ဆံရေးတွေအကုန်လုံးက အလုပ်ကြီးလိုပဲ
မျက်လုံးပွင့်တာနဲ့ အချိန်တိုင်းက အလုပ်တွေချည်းပဲ
ဘာကိစ္စမှလည်းဖြစ်မလာဘူး
ဘယ်သူမှလည်း ငါ့ကိုမကြိုက်ဘူး

လူတွေဆီက ဖုန်းလာပြီး
အကြောင်းအရာတွေအများကြီး ပြောချင်တယ်
ငါပြောချင်တာတွေကို မပြောခဲ့ရဘူး.
ငါ ရှိနေတယ်ဆိုတာကို ခံစားစေဖို့ ပြောခဲ့တာတွေ မဟုတ်ဘဲနဲ့
အနားယူစေမယ့်စကားတွေ ပြောချင်တယ်
အကြောင်းအရာဆိုပေမယ့်
စိတ်ကို အနားယူစေနိုင်မယ့် စကားလုံးတွေ..

အတူအိပ်ချင်တယ်လို့ ပြောနေပေမယ့်
တကယ်တော့ ငါ ယောက်ျားတစ်ယောက်နဲ့
စကားလေးပဲပြောချင်တာ

*********************************************

ကောင်လေး ဘာလို့ မရှိရမှာလဲ?
ဒီလောက်တောင် အများကြီး ရှိတာကို
အမှတ်၈၀တန် ကောင်လေးကို ရှာနေလို့
ကောင်လေးမရှိတာပေါ့

တစ်ဖက်လူက အမှတ်၈ဝတန်ဖြစ်နေလည်း
သိပ်မပြည့်စုံတဲ့ အမှတ်၂ဝတန်ကောင်လေးလည်း
ကောင်းတာပဲလေ
ပိုပြီး ကောင်းတဲ့ကောင်လေးများ မရှိဘူးလားဆိုပြီး
ရှာနေတာမလား အစ်မက

ကျွန်မကတော့ အမှတ်၂ဝကောင်လေးလည်း
အဲဒီအမှတ်၂ဝကို သဘောကျလို့ တွဲတာကို
အမှတ်၂ဝက ဘာဖြစ်လို့လဲ
ကောင်းတဲ့အချက်တွေ အမှတ်၂ဝတောင် ရှိနေတာကို
ကံကောင်းကောင်းနဲ့ ၃ဝလောက်ကောင်လေးတွေ့ရင်
အောင်မလေး ကျေးဇူးတင်ပါတယ်
၄ဝမှတ်တန်ကောင်လေးတွေ့ရင်တော့ အမိုက်စားပေါ့
ကိုယ်ကိုတိုင်က အမှတ်၈ဝလောက်ရှိလို့
အမှတ်၈၀ကောင်လေးကို ရှာရင်
ကျွန်မ နားလည်သေးတယ်
အဲဒါကြောင့် ကိုယ်ကိုကိုယ် သိပါလို့..

ဘာလို့နေ့တိုင်း အရက်သောက်နေတာလဲ
လုပ်စရာပေးရမလား?
အရက်မဟုတ်ဘဲ လုပ်စရာပေးရမလား?
ကျွန်မကို ကိုးကွယ်နေလိုက်
ကျွန်မတစ်ခါမှ အဖြည့်ဆည်းခံရတာမျိုးမရှိဘူး

ခွေးကောင်တွေ ခွေးကောင်တွေ
ကျွန်မတွဲခဲ့ဖူးသမျှကောင်တွေ
အကုန် ခွေးကောင်တွေချည်းပဲ

အဲ့ဒီတော့ ငါ့ကိုကိုးကွယ်ပြီး ဖြည့်ဆည်းပေး
ကျွန်မတစ်ခါတော့ အဖြည့်ဆည်းခံချင်တယ်
အဲဒီတော့ ကျွန်မကိုကိုးကွယ်ပေးပါ

ချစ်နေရုံနဲ့မရဘူး
ကိုးကွယ်ပေး

'My Liberation Notes' 카테고리의 다른 글

My Liberation Notes - 6  (0) 2022.05.27
My Liberation Notes- 5  (0) 2022.05.27
My Liberation Notes - 4  (0) 2022.05.22
My Liberation Notes - 3  (0) 2022.05.22
My Liberation Notes - 1  (0) 2022.05.22