2022 Kdrama

Forecasting Love & Weather 1-8

드라마 Dialogue 2022. 2. 21. 02:31
Photo @tukkatamickie

EP:1 | Signal
시그널: အချက်ပြခြင်း

အချက်ပြတာတွေက ရိုးရှင်းတယ်
တစ်ခါတစ်ရံ အသံနဲ့ တစ်ခါတစ်ရံ အရောင်တွေနဲ့
တုန်ခါမှုတွေ…
ဒီကမ္ဘာမှာ လုံခြုံစိတ်ချရတာမရှိဘူးလို့
ဆက်တိုက် ငါ့ဆီအချက်ပြနေတယ်
“အခုမျက်စိရှေ့မှာမြင်နေရတာက
အကုန်မဟုတ်ပါဘူး
ရာသီဉတုရော လူရော ကောင်းကောင်းသိဖို့ဆို အချိန်ယူရတာပဲ
လောကကြီးမှာ အမြဲဆိုးဝါးနေတဲ့ရာသီဉတုဆိုတာ
ဘယ်မှာရှိလို့လဲ
နေသာတဲ့နေ့ဆို နေသာပြီး
မိုးလေတိုက်တဲ့နေ့ဆိုလည်း အဲဒီလိုပဲပေါ့
အကုန်လုံးက အကြောင်းအရင်းရှိပါတယ်…”

EP:2 | Sensible Temperature
체감 온도: သင့်တင့်မျှတသော အပူချိန်

“သင့်တင့်မျှတတဲ့အပူချိန်ဆိုတာ
လေကြောင့် အများကြီးသက်ရောက်မှုရှိတယ်
လေက ဘယ်အရပ်ကို
တိုက်တယ်ဆိုတာပေါ်မူတည်ပြီး
တစ်နေရာတည်းမှာရှိနေရင်တောင်
လူတွေခံစားရတဲ့အရာက ကွဲပြားသွားတယ်..”

EP:3 | In Between Seasons
환절기: ရာသီအကူးအပြောင်းကာလ

လက်ရှိရာသီဉတုက မရေရာဘူး
အဝတ်အစားကို ထူထူဝတ်လို့လည်းမဖြစ်
ပါးပါးဝတ်လို့လည်းမဖြစ်
ပူတာကိုပဲစားစား အေးတာကိုပဲစားစား တွေဝေမိတယ်
အဲ့ဒါကြောင့် ရှင်းပြလို့မရနိုင်တဲ့ အခု ဒီခံစားချက်က
လက်လွှတ်လိုက်ရတဲ့ရာသီအတွက် နှမြောတသ၁ဖြစ်နေတာလား ရာသီအသစ်အတွက်
စိတ်လှုပ်ရှားနေတာလားဆိုတာ
ဒွိဟဖြစ်မိပေမဲ့ သေချာတာ တစ်ခုကတော့
နွေရာသီရောက်လာပြီဆိုတာပဲ
“ရာသီအကူးအပြောင်းကာလက ဝေခွဲရခက်တယ်
အေးတာလို့လည်း ပြောဖို့မလွယ်သလို ပူတယ်လို့
ပြောဖို့ကျလည်း ခက်နေတယ်
ဒါပေမဲ့ နွေဦးကုန်တာနဲ့ ပူပြင်းတဲ့နွေရာသီလာတာပဲမို့
ဝေခွဲရခက်တဲ့ဒီအချိန်လေး ပြီးသွားတာနဲ့
ငါတောင်မသိလိုက်ခင်မှာဘဲ
နောက်ရာသီရဲ့ပန်းတွေ ပွင့်နေပြီလေ…”

EP:4 | Visibility
가시거리: မြင်နိုင်စွမ်း

မြင်နိုင်စွမ်းဆိုတာက ပကတိမျက်စိနဲ့
အများဆုံးမြင်နိုင်တဲ့ အကွာအဝေးကို ပြောတာပါ
ဒါပေမဲ့ ဒီမြင်နိုင်စွမ်းက ပတ်ဝန်းကျင်အပေါ်လိုက်ပြီးတော့ ဘယ်လောက်ထိမြင်နိုင်လဲ တိုးလို့ရသလို
လျှော့ချလိုက်လို့လည်းရတယ် ချိန်ညှိလို့ရပါတယ်
အခုတော့ ဒီအထိက ခင်ဗျားနဲ့ကျွန်တော်ပဲမြင်ရတဲ့
ကျွန်တော်တို့ရဲ့ မြင်နိုင်တဲ့အကွာအဝေးပါ

“တစ်ခါတစ်ရံတော့
ဆိုးဝါးတဲ့ရာသီဉတုဖြစ်တဲ့ မြူ ဖုန် မိုး နှင်း
စတာတွေကို ကြုံရနိုင်ပေမဲ့ အဲ့ဒီလိုအချိန်တိုင်းမှာ
ထပ်သိလာရတာ ရှိပါတယ်
အချင်းချင်းရဲ့မြင်နိုင်တဲ့အကွာအဝေးကို
လျှော့ချနိုင်တဲ့အကောင်းဆုံးနည်းကတော့
အချင်းချင်းကြားက အကွာအဝေးကို
နီးကပ်လာအောင် အားစိုက်ပြီးချဉ်းကပ်ဖို့ပါပဲ..”

EP:5| Localized Heavy Rain
국지성 호우: နေရာကွက်ကြား မိုးထစ်ချုန်းရွာခြင်း

လေထုမတည်ငြိမ်မှု ဆိုတဲ့အရာက
ဂုဏ်သတ္တိမတူတဲ့အရာနှစ်ခု တိုက်မိခြင်းပဲဖြစ်ပါတယ်
အေးစက်တဲ့လေက ရုတ်တရက်နွေးထွေးတဲ့လေထုနဲ့တွေ့တဲ့အချိန် လေထုမတည်ငြိမ်တော့ဘဲ
အန္တရယ်များတဲ့အခြေအနေ ဖြစ်ပေါ်လာတယ်

အေးစက်တဲ့လေဟာ
နွေးထွေးတဲ့လေထုကို ထိခိုက်လိုက်သလို
တစ်ယောက်နဲ့တစ်ယောက် ကွဲပြားစွာနဲ့
နင်နဲ့ငါ ဆုံခဲ့ကြတယ်

ဆုံးဖြတ်ချက်ချပြီးသားဖြစ်နေတဲ့ အစပြုခြင်း
အဲ့ဒါကြောင့် ဖြစ်ပေါ်လာတဲ့ပုံမှန်မဟုတ်တဲ့
မိုးလေဝသဖြစ်ရပ်တွေကို ကျွန်မတို့
ဘယ်လိုရှောင်နိုင်ပါ့မလဲ

အချင်းချင်း မတူတဲ့ပင်ကိုစရိုက်တွေ၊
မတူညီတဲ့စည်းမျဉ်းတွေ
မတူညီတဲ့ဒဏ်ရာတွေ ရှိနေတဲ့ နင်နဲ့ငါတွေ့တော့
လေထုက မတည်မငြိမ်ဖြစ်ပြီး ပုံမှန်မဟုတ်တဲ့
ရာသီဉတုအခြေအနေမျိုးဖြစ်လာတာ
သဘာဝကျပါတယ်

EP:6 | Heat Island Phenomenon
열섬 현상: အပူပိုင်း သဘာဝဖြစ်စဉ် ဒဏ်ရာတွေက နက်လွန်းတယ်
အကုန်သက်သာသွားပြီထင်ခဲ့ပေမဲ့
ပြန်လှည့်ကြည့်လိုက်ရင် အကျည်းတန်လွန်းတယ်
ဒဏ်ရာနဲ့ပတ်သက်တဲ့ အမှတ်တရက
နက်ရှိုင်းလေလေ ပိုပြီး သတ္တိနည်းစေတယ်
မိုးမျှော်တိုက်မှာ ပိတ်မိနေတဲ့ လေထုလိုမျိုး
ကိုယ့်ကိုယ်ကိုယ် ကရုဏာသက်ပြီး ဝေဒနာတွေထဲမှာ
ပိတ်မိနေတယ် အဲဒီလို တဝဲလည်လည်
တစ်နေရာတည်းမှာ လှည့်ပတ်နေပြီး
ကိုယ်တိုင် တသီးတသန့်ဖြစ်သွားခဲ့တယ် တိမ်တိုက်တစ်ခုက တိမ်တိုက်တစ်ခုနဲ့တွေ့ရင်
အသံအကျယ်ကြီး ထွက်လာသလို
'အာ' ဆိုပြီး ငါလည်းမသိလိုက်ဘဲ အသံကျယ်ကြီးထွက်ရဲတဲ့အထိ အဲ့ဒီလိုတွေ့ချင်တယ် မင်းနဲ့ ...
တိမ်တိုက်တစ်ခုက
တိမ်တိုက်တစ်ခုနဲ့ ရုတ်တရက်ကြီးတွေ့ရင်
အလင်းတန်းကြီး ထွက်လာသလိုပဲ
ငါလည်း မင်းနဲ့တွေ့ရင်း
စွန့်ပစ်ထားခဲ့မိတဲ့ ငါ့လမ်းကိုရှာကြည့်ချင်ခဲ့တယ်...

EP:7 | Ozone Warning
오존 주의보: အိုဇုန်းလွှာ သတိပေးချက်

နီးစပ်ချင်တယ်
တစ်ရက်ပဲဖြစ်ဖြစ် အချင်းချင်းနီးစပ်အောင်လုပ်ပြီး
ရှုံးနိမ့်ခဲ့တဲ့ အချစ်ရေးကို
ပြန်ပြင်ဆင်ချင်ခဲ့တာလားမသိဘူး
ဒါပေမဲ့ အဲ့ဒီနေ့က ကျွန်မတို့ အကွာအဝေးက
နီးလေလေ စိတ်ပျက်ရမှာတွေ များလေလေဖြစ်ပြီး
အပြန်အလှန် ပေးနိုင်မဲ့ ဒဏ်ရာတွေက ပိုနက်ပြီး နာကျင်ရမယ်လို့ ပြောတယ်
နီးစပ်ချင်ပေမဲ့ ဒဏ်ရာရမှာကို ကြောက်နေတဲ့ နင်နဲ့ငါ
ငါတို့ရဲ့ သင့်တော်တဲ့ အကွာအဝေးက
ဘယ်လောက်ဖြစ်မလဲ

EP:8 | Discomfort Index
불쾌 지수: ကသိကအောက်ဖြစ်စေသော အညွှန်း

ကျီစယ်တတ်တဲ့ ရာသီဥတုက တိမ်ထူထပ်တဲ့ကောင်းကင် တင်မကဘဲ ခန့်မှန်းမရတဲ့ နှင်းနဲ့မိုး ကြမ်းတမ်းတဲ့လေပြင်းနဲ့ တိုင်ဖွန်းအထိ
ယူဆောင်လာတတ်တယ်
ပူပြင်းတဲ့ရာသီဉတုနဲ့ မြင့်မားတဲ့စိုထိုင်းမှုက
အံ့ဩစရာကောင်းအောင် လူတစ်ဖက်သားကိုရန်စပြီးတော့ ဒီလိုမျိုး သက်သက်မဲ့ စိတ်တိုပြီးတော့
အကြောင်းရင်း မယ်မယ်ရရမရှိ ရန်ဖြစ်မိတယ်
အဲဒီလိုမျိုး မမျှော်လင့်ထားတဲ့အခြေအနေမှာ
ငါတို့က ကျီစယ်တတ်တဲ့ ရာသီဥတုရဲ့ တိုက်ခိုက်မှုကို
ခံလိုက်ရတယ်