Tracer season 1

ဒီမြေပေါ်မှာ အင်အားရှိတဲ့ကောင်တွေက
ထင်တိုင်းကျဲလို့ရတယ်ဆိုတဲ့
အတွေးကို ဘယ်သူကလုပ်ခဲ့ပြီး
အခွန်ဆိုတာ အင်အားမရှိတဲ့သူတွေပဲ
ပေးရမယ်ဆိုတဲ့ စံနှုန်းကို
ဘယ်သူကဖန်တီးထားခဲ့လို့လဲ?

ဘာမှမသိတဲ့နေရာမှာ
တစ်ယောက်တည်း အလုပ်လုပ်တာ တော်နေရင်
အလုပ်မလုပ်နိုင်တာနဲ့ ဘာများကွာမှာမလို့လဲ?

နေလာရင်းနဲ့ ဒီလိုအချိန်တွေလည်း ရှိတတ်ပါတယ်
လောကကြီးက အရမ်းကို အေးစက်လွန်းတယ်
လူသားတွေကတော့ လောဘတွေပဲကြီးလာတယ်
နေရာတိုင်းမှာ ငါ့ဘက်ဆိုတာ မရှိဘူးထင်ရပြီးတော့
တစ်ခါတစ်လေ မကောင်းတာတွေပဲ
တွေ့ရတဲ့အခါလည်းရှိတယ်
ငါနဲ့ဘာမှမဆိုင်တဲ့ လူတစ်ယောက်က
လှမ်းလိုက်တဲ့လက်တစ်ဖက်လိုမျိုး
လောကကြီးမှာ လူဆိုးတွေပဲ ရှိနေတာမဟုတ်ပါဘူး
အပြင်သွားနေတဲ့ငါ့ကို
စိတ်ပူပေးနေတဲ့လူကောင်းလည်း ရှိသေးတယ်
အဲ့လိုတွေသာ ရှိနေမယ်ဆိုရင် ဘယ်အရာနေနေ
ဖြတ်ကျော်သွားနိုင်မယ်လို့ မထင်ဘူးလား
အသက်ရှင်နေပါ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်
အသက်ရှင်နေတာကို ရှက်မနေဘဲနဲ့
ငါ့အမှားပဲဆိုတဲ့ ရူးမိုက်တဲ့အတွေးတွေလည်း
တွေးမနေဘဲနဲ့
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အသက်ရှင်အောင်နေပါ
အဲ့ဒါဆိုရင် ရပါပြီ