Hush
허쉬

မျက်ရည်တွေက အောက်ကိုကျနေလည်း
ဇွန်းကတော့ အပေါ်ကို တက်မှရမှာမို့…
လူတစ်ယောက်က ပြောဖူးတယ်
လောကကြီးရဲ့ပြသ၁နာတွေကို
ဘယ်သူ့အကူအညီမှမပါဘဲ မင်းရဲ့အင်အားနဲ့ တစ်ယောက်တည်းရင်ဆိုင်ရတဲ့နေ့ဆိုတာ
သေချာပေါက်ရောက်လာမှာ
အဲ့ဒီအချိန်ကျရင် ဘာလုပ်ရမလဲ
“စားရမယ်”
ထမင်းကို အချိန်မှန်စားပါ အဲ့ဒါက
တစ်ယောက်ထဲစားနေရတယ်ဆိုရင်တောင်မှတဲ့…

No Gain, No Pain
မရေရာတဲ့ အနာဂတ်ကလွဲပြီး မရှိခဲ့ပေမယ့်
ကြိုးစားမှုကိုတော့ သစ္စာမဖောက်ခဲ့ဘဲ
လုံ့လအကျိုးကိုတော့ ခဲစားရမယ်လို့ပဲတွေးခဲ့တယ်
မျှော်လင့်ချက်တွေ ပြည့်လာမယ်လို့ ယုံကြည်ခဲ့တယ်
အဲ့လိုကနေ ကျွန်မရှင်သန်ရတဲ့လောကကြီးက
ကျွန်မသင်ယူခဲ့ရပြီး ယုံကြည်ထားတဲ့လောကကြီးနဲ့ တော်တော်လေးကို ကွာခြားနေတယ်
No Pain, No Gain
အနာမခံရင် အသာမစံရဘူးဆိုတဲ့စကားက
မျှော်လင့်ချက်တွေရှိတဲ့ လောကကြီးအတွက်
အမှားကြီးပဲ
ကျရှုံးသွားရင် အာမခံချက် ဘာမှမရှိဘဲနဲ့
အိမ်မက်တွေက အလကားဖြစ်သွားတဲ့လောကကြီး
အဲ့လိုမျိုးလောကကြီးမှာ လက်ခံပေးနိုင်တဲ့
ကျရှုံးမှုဆိုတာ အောင်မြင်တဲ့သူတွေအတွက်ပဲ
ကျရှုံးပြီးသားလူတွေက ပြောပြတဲ့
ကျရှုံးမှုကိုတော့ ဘယ်သူကမှ အလေးမထားပါဘူး
ကျွန်မရဲ့ ကျရှုံးမှုကလည်း လောကကြီးထဲက
မရေတွက်နိုင်တဲ့ ကျရှုံးသူတွေထဲက
ကျရှုံးသူတစ်ယောက်အဖြစ်ပဲ ရှိနေမှာပါ
လောကကြီးရဲ့ ပြောင်းလဲနေတဲ့ပုံစံနဲ့
အံဝင်ဂွင်ကျဖြစ်အောင် ကြိုးစားနေသလောက်
လောကကြီးက ပိုပြီးတော့ သန်မာလာပြီးတော့
ကျွန်မတစ်ယောက်တည်းပဲ
ပိုပြီးတော့ နာကျင်လာရုံပဲရှိတယ်
ပျော်ရွှင်ရဖို့အတွက် ပြေးသွားတာမဟုတ်ဘဲ
စိတ်မပျက်ရဖို့အတွက် ထွက်ပြေးရရုံပဲ
ဘယ်လိုဖြစ်ဖြစ် ကျရှုံးသွားရတဲ့အတွက်
အကြောင်းပြချက်လို့ ထင်နိုင်ပေမဲ့
No Gain, No Pain
ဘာကိုမှ ရယူဖို့ မကြိုးစားတော့ဘူးဆိုရင်
နာကျင်မှုလည်း ရှိလောက်မှာ မဟုတ်ဘူး