Han Ji-Pyeong ♡
♥ Haemoni’s Good Boy ♥

နင် နောက်ကျ အောင်မြင်သွားရင် မဆက်သွယ်နဲ့တော့
သူဌေးဖြစ်ပြီး အိမ်ထောင်ကျသွားလည်း
မဆက်သွယ်နဲ့
ကောင်းကောင်းစား ကောင်းကောင်းနေနေလည်း
မဆက်သွယ်နဲ့
ငါမနာလိုရတာမျိုး မလုပ်ချင်လို့
အဲ့အစား ပင်ပန်းတဲ့အချိန်ကျရင်တော့ ဖုန်းဆက်လိုက်
ဟိုတစ်ခါကလိုမျိုး မိုးရွာတဲ့အချိန် သွားစရာ နေစရာ
တစ်နေရာမှမရှိရင် လာခဲ့လိုက်
အရူးလိုမျိုး မိုးရေထဲရပ်မနေဘဲ လာခဲ့လိုက်

‘နောင်တမရဖူးဘူးလား
ငါသူ့ကိုမကူညီခဲ့လိုက်သင့်ဘူး
တစ်ခါလောက်တော့ အဲ့လိုနောင်တရမိမယ်ထင်တယ်’
နောင်တရတာမရှိပေမယ့် နှမြောမိတာရှိတယ်
လူကောင်းလေး
မင်းကိုစောစောတွေ့ခဲ့မိရင် ကောင်းမှာပဲ
အဲ့လိုဆိုရင် ပိတ်ရက်တွေမှာ ကတ်ကစားပြီး
ကျောင်းခရီးစဉ်တွေအတွက်
ထမင်းလိပ်လုပ်ပေးနိုင်ခဲ့မှာပဲ
မင်းကိုအနိုင်ကျင့်တဲ့သူရှိရင်
အဲ့ကောင်ရဲ့မိဘတွေကိုသွားတွေ့ပြီး
သူတို့ကလေးကို သေချာဆုံးမဖို့ ရန်ဖြစ်ပေးမိမှာပဲ
မိဘတွေနေရာကို အစားမထိုးနိုင်ပေမယ့်
အနည်းဆုံးတော့
ဘေးအိမ်မှာနေပြီး ပူညံပူညံလုပ်တဲ့အဖွားတော့
ဖြစ်ပေးနိုင်မယ်ထင်တယ်
အဲ့ဒါကို နှမြောမိတာပဲ

ဂျီဖြောင်း နင့်မျက်နှာဘယ်လိုဖြစ်တာလဲ
ဘယ်သူရိုက်လိုက်တာလဲ
ဘယ်သူက ငါတို့လူကောင်းလေးနဲ့ရန်ဖြစ်ရတာလဲ
ဘယ်လိုကောင်လဲ
နင့်လို လူကောင်းလေးက ဘာအမှားလုပ်မှာလဲ
နင်ကဘာလို့ လူကောင်းလေး မဟုတ်ရမှာလဲ
ငါသိတဲ့လူတွေထဲမှာ အကောင်းဆုံးပဲကို

‘အဘွားပဲပြောခဲ့တာမလား
ကောင်းကောင်းစားပြီး အဆင်ပြေနေရင်
မဆက်သွယ်နဲ့ဆို’
အဲ့ဒီလိုမလုပ်နဲ့
ကောင်းကောင်းနေ ကောင်းကောင်းစားနေရလည်း
ဆက်သွယ်ပါ မကြာမကြာလာ
ကိစ္စထွေထွေထူးထူးရှိရှိ မရှိရှိ ဒီအတိုင်းလာခဲ့
လာပြီး ပေါက်ကရတွေပြောသွား
ငါက နားတွေလည်းထိုင်းပြီး
မျက်လုံးလည်းမမြင်ရတော့လို့ ပြောချင်တာတွေ စိတ်ထဲရှိတာတွေ ပြောထုတ်သွားလို့ရတယ်
ငိုလို့လည်းရတယ် ရယ်လည်းရတယ်
ဘာလို့လဲလို့ မမေးဘူး
အဲ့ဒါကြောင့် မကြာမကြာလာခဲ့ပါ
တစ်ယောက်ထဲ နေသားကျအောင် မနေပါနဲ့
ထပ်ပြီး အထီးကျန်ပြီး မနေပါနဲ့တော့ ဂျီဖြောင်း
မငိုနဲ့ အဘွားရှိတယ်