Films

To My Lonely Sister: 발바닥이 뜨거워서

드라마 Dialogue 2024. 12. 15. 18:00

တစ်ရက်လောက်ကတော့ ကိုယ့်အတွက်ကိုယ်ပဲ စဉ်းစားတဲ့နေ့လေးရှိတာက ကောင်းမယ်လို့လည်း ထင်မိတယ်

ဒါနဲ့ နင်ဘာလို့ အမြဲတမ်း ခြေတုံးလုံးနဲ့ သွားလာနေတာလဲ

ခြေဖဝါးတွေက ပူလို့လေ
ဘယ်သူမှ မသိလောက်ဘူးမလား
ခြေဖဝါးတွေက ဘယ်လောက်တောင်မှ
မာလဲဆိုတာကို
အဲဒါကို သနားလို့ ငါက နှစ်သိမ့်မှုလေး ပေးချင်လို့
ဒီလိုမျိုး ရေခဲနဲ့စိမ်ပေးတာ

ငါတို့အမေလည်း စိတ်ဒဏ်ရာနည်းနည်းရခဲ့တဲ့
အချိန်လည်းရှိပေမယ့်
ကဖေးဆိုင်ဖွင့်ရင်းနဲ့ အများကြီးသက်သာလာခဲ့ပြီ
ငါ့အမေက ငါကတာကို မြင်နေရရင်ပျော်တယ်လေ
အဲဒါကြောင့် ငါက အကူအညီဖြစ်အောင် လုပ်ပေးရအောင်ဆိုပြီး
ငါ ဒါလုပ်နေတယ်ဆိုတာကိုတောင်
အမေမသိလောက်ဘူး
ဒီအတိုင်းမုန့်ဖိုးရှာဖို့အတွက် လုပ်နေတယ်လို့ပဲ
ထင်နေတာ

နည်းနည်းခံပြင်းနေလောက်မှာပဲဆိုပေမဲ့
အရင်တုန်းကတော့ အဲဒီလိုဖြစ်ခဲ့ပေမယ့်
အခုတော့ အဆင်ပြေသွားပါပြီ
ငါကတော့ သိနေလို့လေ
ငါအကောင်းဆုံးကြိုးစားနေတယ်ဆိုတာကို

ငါတို့လည်း ငါတို့ခြေဖဝါးလိုပဲ
ကြိုးကြိုးစားစားလုပ်လို့ ပူနေတာပဲ
ကြိုးကြိုးစားစားသာမလုပ်ရင် ပူတောင် ပူမှာ
မဟုတ်ဘူး

မင်းက အခုနားချင်တာက
နားဖို့လိုရလောက်အောင်ကို ကြိုးစားပေးခဲ့လို့ဘဲ
အဲ့ဒါကြောင့် ငါပြောချင်တာက
မင်းသွားချင်တဲ့ ဂျယ်ဂျူကျွန်းကိုသွားပြီးတော့
ကောင်းကောင်းအအေးခံပြီးပြန်လာခဲ့လို့

ဂျယ်ဂျူကျွန်းသွားရင် ဘာလုပ်ချင်လဲ?

ဘာမှမလုပ်ချင်ဘူး
အဲ့ဒီမှာဆိုရင် ဒီအတိုင်း ဘာအတွေးမှမရှိဘဲနေလည်း ပျော်ရွှင်ရလောက်မယ်လို့ထင်တယ်