The Good Bad Mother: 나쁜엄마
나쁜엄마

ခေါင်းအစ ခြေအဆုံး အားလုံးတစ်ခုမှ
ပစ်စရာမရှိတဲ့ သတ္တဝါတွေရှိတယ်
အဲဒါကဘာလဲသိလား
လူ ပြီးတော့ ဝက်
ဝက်ဆိုရင် အားလုံးက ညစ်ပတ်ပြီး အနံ့နံတဲ့သတ္တဝါတွေလို့ စဉ်းစားကြပေမယ့် တကယ်တော့
အဲလိုမဟုတ်ဘူး
ဝက်တွေကအညစ်အကြေးကိုလည်း
တစ်နေရာတည်းမှာပဲ စွန့်ပြီးတော့
အိပ်ရင်လည်း သန့်ရှင်းတဲ့နေရာမှာပဲအိပ်တယ်
ခန္ဓာကိုယ်အေးအောင်လုပ်ဖို့နဲ့ ပိုးကောင်တွေဖယ်ရှားဖို့အတွက် ရွံ့လူးတာလည်း ခဏခဏလုပ်တယ်လေ

အဲဒါကို လူတွေက အဲလိုဝက်တွေကို ကျဉ်းမြောင်းတဲ့ဝက်ခြံထဲမှာ ပိတ်လှောင်ထားဖို့ လုပ်တယ်လေ
နောက်ဆုံးတော့ ရွှံ့လူးပြီးတော့ ရေမချိုးနိုင်တဲ့ဝက်တွေက သူတို့ရဲ့ချေးနဲ့သေးတွေထဲမှာ
လူးလိမ့်ဖြစ်သွားပြီး
အဲလိုကနေ တဖြည်းဖြည်းနဲ့ ညစ်ပတ်လာပြီး
ရန်လိုတတ်တဲ့အကောင်တွေအဖြစ် ပြောင်းလဲသွားတာ အရမ်းသနားဖို့မကောင်းဘူးလား
ဒါနဲ့ တကယ်သနားဖို့ကောင်းတာကလေ
ဝက်တွေက ခေါင်းကိုမမော့နိုင်လို့ တစ်သက်လုံး
မြေကြီးကိုပဲကြည့်ပြီး နေထိုင်သွားရတယ် ဆိုတာပဲ
တကယ်တမ်း ဝက်က ကောင်းကင်ကြီးကို
ကြည့်နိုင်တဲ့ နည်းလမ်းက တစ်ခုတည်းပဲ
အဲဒါကတော့ ချော်လဲကျတာပဲပေါ့
အင်း ဟုတ်တယ်
လဲကျကြည့်လိုက်မှ အခုအချိန်အထိ မမြင်နိုင်ခဲ့တဲ့ လောကအသစ်ကို မြင်နိုင်ခွင့်ရတာပဲ
ဝက်တွေရော ပြီးတော့ လူတွေရော


ငါတို့က အခု လဲကျသွားတာ
အဲဒီလိုမျိုးနဲ့ လောကအသစ်ကို မြင်ခွင့်ရသွားတာ
တစ်ခါမှ မမြင်ဖူးသလို မြင်လည်းမမြင်နိုင်ခဲ့ပေမဲ့
ဆက်ဆက် ကြည့်ဖို့လိုတဲ့ အင်မတန်မှကို အဖိုးတန်တဲ့ လောကကြီး...

ရေစက်ဆိုတာက ပထမဆုံးအကြိမ် တွေ့တဲ့သူကို ရည်ညွှန်းတဲ့ စကားဖြစ်ပြီး ကံကြမ္မာဆိုတာကတော့ နောက်ဆုံးအချိန်အထိ အတူရှိပေးတဲ့သူကို ရည်ညွှန်းတဲ့စကားလို့ ပြောကြတယ်

အသက်ရှင်နေရင်းသိလိုက်ရတာတစ်ခုက အရူးလိုအသုံးချခံနေတာ အဲ့လိုဖြစ်နေတာကိုက အကြီးမားဆုံးအပြစ်ကြီးပဲ ပြီးတော့ ပိုက်ဆံမရှိ အာဏာမရှိ အဆက်အသွယ်ကောင်းမရှိလို့ ဘာမှပြန်မလုပ်နိုင်တာရောပဲ

လူတိုင်းဘယ်သူမဆို ကလေးဘဝကို ပြန်သွားချင်ကြတယ်လေ အမေလည်း အဲလိုပဲ ပြန်ရောက်သွားချင်တယ် အဲလိုသာဆိုရင် ပြောင်းလဲပစ်နိုင်တာတွေ အများကြီးပဲလေ ဒါပေမဲ့ လောကကြီးက ဘယ်သူမဆို အဲအချိန်ကို ပြန်သွားလို့မရဘူး

မိဘနဲ့ သားသမီးဆိုတာ အဲဒီလိုပဲ စကားမပြောလည်း မျက်နှာကိုကြည့်လိုက်တာနဲ့ အားလုံးသိနိုင်တယ်လေ ဘယ်လောက် ပင်ပန်းခဲ့မလဲ

ရှင်သန်လာရင်းနဲ့ ဆက်ပြီး ရှင်သန်ရမယ်တဲ့..

ဘာမှမဖြစ်ပါဘူး ဖြည်းဖြည်းချင်းလည်းဖြစ်ပါတယ်

ဒီလိုစကားမျိုး ရှိတယ်လေ "အမေဆိုတာ လောကကြီးထဲက အရာအားလုံးရဲ့နေရာမှာ အစားထိုးပေးနိုင်ပေမဲ့ လောကကြီးထဲက ဘယ်အရာကမှ အမေ့နေရာမှာ အစားထိုးလို့ မရနိုင်ဘူး" ဆိုပြီး

နေလာရင်းနဲ့ သိလာတာ ဘဝမှာ ထွေထွေထူးထူးလိုအပ်တာ သိပ်မရှိဘူးလားလို့ ကိုယ်ချစ်ရတဲ့လူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေရင် ရပြီပဲ မဟုတ်လား

ကိုယ့်ကိုယ်ကိုယ် အဖျက်စီးခံပြီးလုပ်တဲ့ လက်စားချေမှုက အဲဒါ လက်စားချေတာမဟုတ်ဘူး တကယ့်လက်စားချေတာက လက်စားချေချင်တဲ့ အကြောင်းရင်းကိုတောင် မတွေးတော့ဘဲ လုံးလုံးလျားလျား မေ့ပစ်လိုက်ပြီး ကောင်းမွန်တဲ့ ဘဝမှာ ကောင်းကောင်းနေထိုင်တာပဲ



