Romantic Doctor, Teacher Kim

စာကြိုးစားပြီး ဒေါက်တာ ဘူယောင်းဂျူလို ဖြစ်လာဖို့က ကျွန်မအိပ်မက်ပါ

ဒီဆေးရုံမှာ ဆက်လုပ်ချင်တဲ့ အကြောင်းပြချက် ၃ ခုက
ဆရာ့ဆီက သင်ယူချင်လို့ပါ
ဆရာ့ဆီက သင်ယူချင်လို့ပါ
ဆရာ့ဆီက သင်ယူချင်လို့ပါ
ဆရာနဲ့ အတူတူခွဲစိတ်တာတွေလုပ်နိုင်ဖို့က ကျွန်မရဲ့အိမ်မက်ပါ

ဒေါက်တာဘူယောင်းဂျူသို့
ကျွန်တော့်နာမည်က ဂန်ဒုန်ဂျူပါ
ကျွန်တော်ကြီးလာတဲ့အခါကျရင် ဆရာ့လိုပဲ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်ချင်ပါတယ်
ကျွန်တော့်အဖေလို မတရားဆက်ဆံခံရတဲ့လူနာမျိုး မရှိအောင် ကျွန်တော်ကြိုးစားပါမယ်

တကယ်လို့ အဲတုန်းက ငါသာ ဂင်ဆာဘူကိုမတွေ့ခဲ့ရင် ဘယ်လိုဖြစ်နေမလဲ
ငါ ခွဲခန်းထဲမှာ အန်တာဖြစ်ဖြစ် မေ့လဲပြီးအိပ်ပျော်နေမှာပေါ့
မတော်ရင် ဆရာဝန်အလုပ်ကနေတောင် နားသွားနိုင်တယ်

ငါလည်း အဲလိုပဲ ငါ့ဘဝ အဆုံးမရှိ စုတ်ပြတ်သွားမှာ အဲတုန်းက ဂင်ဆာဘူသာ ဆွဲမထားခဲ့ရင်

ဆာဘူကြီးလည်း တစ်ခါတလေဆိုရင် မာကြောတဲ့အချိန်တွေ ရှိပါတယ်
တစ်ခါတလေ ဆဲဆိုတတ်ပြီးတော့ စိတ်တိုင်းမကျရင်လည်း သက်ပြင်းချတတ်သေးတယ်
ဒါပေမယ့် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကျွန်တော့်ဘက်မှာပဲ ရှိနေပေးခဲ့တာပါ
ကျွန်တော်တစ်ယောက်တည်းအတွက်တင် မဟုတ်ဘဲ ဒိုဒမ်မှာရှိတဲ့ ဘယ်သူ့အပေါ်မှာမဆို အတူတူပါပဲ

ကျွန်မရဲ့အိမ်မက်က နောင်အနှစ်နှစ်ဆယ်မှာ ဒိုဒမ်ရဲ့နောက်ထပ် ဂင်ဆာဘူ ဖြစ်ချင်ပါတယ်

သူငယ်ချင်းဆုံးသွားပြီး ခဏလောက် လမ်းမှားရောက်သွားခဲ့ပြီးတော့ ကားမတော်တဆမှုဖြစ်ခဲ့တယ်
အဲဒီအချိန် ဒီဒိုဒမ်ဆေးရုံကို ခေါ်လာခံခဲ့ရတာ ဆာဘူနဲ့တွေ့ပြီး အသိစိတ်ဝင်လာခဲ့တယ်
ကြည့်ရတာ သူငယ်ချင်းက အသိစိတ်မကပ်ဖြစ်နေတဲ့ ငါ့ကိုမကြည့်ရက်နိုင်လို့ ဒီကိုပို့လိုက်တာပဲ အဲဒီလိုအတွေးမျိုး တွေးမိတယ်

အဲအချိန်မှာ ဂင်ဆာဘူက စူပါမန်းလိုပဲ
နောက်ဆုံးမှာ အကျပ်အတည်းတစ်ခုဖြစ်ခဲ့ပေမဲ့
အဲအချိန်မှာ ဂင်ဆာဘူက သူ့မှာရှိတဲ့အားနဲ့ကံတွေကို ခွဲစိတ်မှုမှာ အကုန်ထည့်ထားတာလားပဲ

ခွဲစိတ်ခန်းထဲမှာတွေ့ရတဲ့ ဂင်ဆာဘူက လုံးဝကွဲပြားတဲ့လူတစ်ယောက်ပါ
သူ့အလုပ်သူလုပ်နေရင် တခြားဘာမှမတွေးနိုင်တော့ဘူး သူ့ကိုလေးစားမိရုံတင်ပါ
ဒါက ကျွန်တော် ဒီဒိုဒမ်ဆေးရုံမှာ ဆက်ရှိနေရတဲ့အကြောင်းအရင်းပါပဲ

ကျွမ်းကျင်မှုရှိတာနဲ့ ဆွဲဆောင်မှုရှိတာက မတူဘူးလို့ထင်ပါတယ်
ဂင်ဆာဘူရဲ့ဆွဲအားက ဒီကလူတွေအားလုံးကို ဆွဲငင်တယ်လေ
တောမီးတွေလောင်ပြီး ဒိုဒမ်ဆေးရုံ ပြာကျသွားရင်တောင်မှ
ဂင်ဆာဘူဆိုတဲ့ ဆွဲငင်အားတည်ရှိသ၍ ဒိုဒမ်အဖွဲ့ကြီးက ထာဝရတည်ရှိနေမှာပါ