Summer Strike - 6



ကျွန်မ အန်းဂို့မှာပဲဆက်နေပြီး
အလုပ်ပြန်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ
တစ်နေ့ကို ၄နာရီခွဲလုပ်ရင် ၅သောင်းရပါတယ်
တစ်ရက်ကို ၆ရက် အလုပ်လုပ်ပါတယ်
မနက်၄နာရီဆို အလုပ်စလုပ်ပါပြီ
စစချင်း မနက်အစောကြီးထရတာ
အရမ်းပင်ပန်းခဲ့ပါတယ်
ဒါပေမဲ့ အခုတော့ အပျော်ဆုံးဖြစ်သွားပါပြီ
တစ်နေ့တာကို အရုဏ်တက်မှာ အဆုံးသတ်ရတာ စိတ်ညစ်စရာကောင်းပေမယ့် တစ်နေ့တာကို
အရုဏ်တက်မှာ စတင်ရတာ ပျော်ဖို့ကောင်းပါတယ်
အချိန်နှစ်ခုက အတူတူပဲဆိုတာ ယုံကြည်ဖို့တောင် ခက်ပါတယ်
ကျွန်မ ၈နာရီခွဲဆို အလုပ်ဆင်းပါပြီ
ပြီးရင် တစ်နေ့လုံး အားသွားပါပြီ
အချိန်ပိုရအောင် အလုပ်နည်းနည်းပဲလုပ်တာပါ
ကျွန်မ လောလောဆယ် ဘုန်းလေးတို့အိမ်မှာ
ငှါးနေတာပါ အိမ်ငှါးခက ၃၀၀ဆိုတော့ ငှါးခပေးပြီး အသုံးစရိတ်နုတ်ပြီးရင်တောင် ပိုက်ဆံနည်းနည်း
ကျန်သေးတော့ နည်းနည်းစီ စုနိုင်ခဲ့ပါတယ်
ဘုန်းလေးနဲ့ ဟာနူးလ် ကျောင်းသွားပြီဆိုရင်
ကျွန်မ စာကြည့်တိုက်ကို နေ့တိုင်းသွားပါတယ်

ဒီရက်ပိုင်း လက်ရေးနဲ့ကူးရတာကို
အရမ်းသဘောကျနေပါတယ်
ကျွန်မအကြိုက်ဆုံးစာအုပ်ကို လက်ရေးနဲ့ကူးနေတာပါ အဲ့ဒါက စိတ်ကို အလုပ်ပေးရာရောက်ပြီး
ရင်ထဲမှာလည်း နွေးထွေးစေပါတယ်
စာကြည့်တိုက်သွားပြီးရင်
နှစ်ယောက်အတူပြေးပါတယ်
အရင်က မနက်ပိုင်း ပြေးဖြစ်ပေမယ့်
ဒယ်ဘုန်းက ကျွန်မရဲ့အလုပ်ချိန်ကြောင့် ညနေပိုင်းပြေးမယ်လို့ပြောပါတယ် ပုံမှန်အားဖြင့်ပြေးရင်းနဲ့ စကားပြောကြတာပေါ့ နှစ်ယောက်စလုံး
စကားအမြဲပြောနေတာဆိုပေမယ့် ပြောစရာတွေက
ဘယ်တော့မှ ကုန်မသွားသလိုပါပဲ
ဒီရက်ပိုင်း ဒယ်ဘုန်းက
ကျွန်မထက် ပိုစကားများလာသလို ခံစားရတယ်
ဒယ်ဘုန်းက
ပါမောက္ခဟော်လန်နဲ့ အလုပ်ပြန်လုပ်နေပါပြီ
ပါမောက္ခဟော်လန်က အလုပ်ထက် မိသားစုကိုဦးစားပေးဖို့ အလုပ်လုပ်တာကို ပေါ့ပေါ့ပါးပါးပဲ
သဘောထားဖို့ပြောခဲ့ပြီး ဒယ်ဘုန်းလည်းလက်ခံပြီး အလုပ်အတူတူပြန်လုပ်ဖြစ်သွားတာပါ
ပါမောက္ခဟော်လန်က သူ့ကို အလုပ်လုပ်နည်းကို တစ်ဆင့်ချင်းသင်ပေးသလို ခံစားရတယ်လို့
ပြောပါတယ်