Recipe For Farewell

It May Be A Little Spicy Today

드라마 Dialogue 2023. 1. 19. 20:46

오늘은 좀 매울지도 몰라

ဒီနေ့ မနက်ပိုင်း မီးဖိုချောင်ထဲမှာ ပျော်စရာအချိန်ကို ပိုင်ဆိုင်နိုင်ခဲ့ပုံပဲ
အာရုံစိုက်ခဲ့ရလို့ ပျော်ရွှင်ခဲ့ရပြီး
အေးချမ်းတဲ့ စိတ်မျိုးနဲ့ လတ်ဆတ်တဲ့ အရွက်တွေနဲ့ ကောင်းမွန်တဲ့ ဟင်းခတ်တွေက လူတွေကို အသက်ရှင်စေနိုင်တဲ့ အစားအစာတစ်ခု ဖြစ်လာဖို့ မျှော်လင့်ရင်းနဲ့ ပြင်ဆင်ခဲ့တယ်

ကျွန်တော်ရေးနေတဲ့ ဘလော့မှာ တင်ထားတဲ့ ချက်နည်းကတော့ တစ်ခြားသူတွေ လိုက်ပြီး ချက်ပြုတ်နိုင်ဖို့ မျှော်လင့်ထားတာ မဟုတ်ဘူး
အစားအစာကို ဖန်တီးတဲ့ အချိန်မှာရှိတဲ့ ခံစားချက်နဲ့ စိတ်ကို မှတ်တမ်းတင်ထားချင်လို့ ရေးနေတာပဲ
အထူးတလည် လေ့လာတာမျိုးလည်း မရှိခဲ့သလို သင်လည်း မသင်ယူခဲ့ဘူး ဒါပေမယ့် အခုတော့ ဓားကိုင်စွမ်းရည်လည်း တော်တော်လေး တိုးတက်လာခဲ့ပြီ
ကျွမ်းကျင်သူတွေရဲ့ အမြင်ကနေ ကြည့်လိုက်ရင် အခုထိ လိုအပ်နေလောက်သေးပေမယ့်..

ပြန်တွေးကြည့်တော့ ကျွန်တော်ရဲ့ ဘလော့မှာ တင်ထားခဲ့တဲ့ ဟင်းချက်နည်းတွေက နာကျင်ခံစားခဲ့ရတဲ့ ဇနီးဖြစ်သူရဲ့ ရောဂါဖြစ်နေတဲ့ ကာလမှာ ပျော်ရွှင်ခဲ့ရတဲ့ရက်တွေကိုပဲ စုထားခဲ့တဲ့ ဒိုင်ယာရီနဲ့တူနေခဲ့တယ်
ဝမ်းနည်းမှုက အမြဲတမ်း အရိပ်လိုမျိုး ကျွန်တော်တို့နောက် လိုက်နေတယ်လေ ဒါပေမဲ့ ကျွန်တော်က ဝမ်းနည်းမှုထက် ပျော်ရွှင်မှုကို ဝေမျှချင်လို့ စာရေးတာပါ ကျွန်တော်ရေးတဲ့ ဟင်းလျာကြောင့် အတူတူပျော်ရွှင်ရရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ.."

ဒီဇာတ်လမ်းရဲ့ စာရေးသူ Kang Chang Rae ရဲ့
ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတဲ့ Recipe for Farewell

ကွာရှင်းပြတ်စဲပြီးတဲ့နောက်
အူမကြီးကင်ဆာခံစားနေရတဲ့ ဇနီးဖြစ်သူကို
အမျိုးသားဖြစ်သူက အနီးကပ်ပြုစုစောင့်ရှောက်ပေးဖို့ ပြန်လာခဲ့ပြီး သူ့မိန်းမခံတွင်းတွေ့မယ့် ဟင်းချက်နည်းမျိုးစုံကို လေ့လာရင်း ချက်ပြုတ်ပြင်ဆင်ပေးရင်း နောက်ဆုံးအချိန်တွေကို အတူတူဖြတ်သန်းသွားကြတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်