Melodrama

Chicago Typewriter

드라마 Dialogue 2022. 2. 10. 18:01

ဒီနေ့ ကောင်းကင်ကြီးက ကြည်လင်နေတယ်
မနက်ဖြန်မှာ တိမ်ဖုံးနေမလားတော့ မသိနိုင်ဘူး
မနေ့ကဆိုတာ မင်းအတွက် မဟုတ်တော့ပါဘူး
အခုပဲလုပ်လိုက်ပါ…
ပြောမယ်လို့စဉ်းစားထားတာတွေအကုန်
အခုပဲပြောလိုက်ပါ
မနက်ဖြန်က မင်းအတွက်ဖြစ်မယ်ဆိုတာ မသေချာဘူး
ကိုယ်ချစ်ရတဲ့ချစ်သူကလည်း
ဘေးမှာရှိနေဦးမယ်ဆိုတာ မသေချာဘူး
ချစ်တယ်လို့ဖွင့်ပြောမယ်ဆိုရင်လည်း
အခုပဲဖွင့်ပြောလိုက်ပါ
ပြုံးဖို့စဉ်းစားနေတယ်ဆိုရင်လည်း
အခုပဲဖြစ်ဖြစ် ပြုံးလိုက်ပါ
အခုပဲလုပ်လိုက်ပါ..
မင်းရဲ့သူငယ်ချင်းက ထွက်ခွါမသွားခင်မှာပေါ့….