Youth of May: 오월의 청춘







စိတ်က အဲ့ဒီနှစ်မေလကိုပဲပြန်ပြန်သွားနေတာက
လုံးဝကြီးထူးဆန်းနေတဲ့ကိစ္စမဟုတ်ပါဘူး
တန်ဖိုးထားတဲ့ ထီးလေးတစ်ချောင်းပျောက်တာတောင် မိုးရွာတိုင်း အဲ့ဒီထီးကိုတမ်းတနေသေးတာပဲ
ပိုဆိုးတဲ့ ချစ်ရတဲ့သူကိုဆုံးရှုံးခဲ့ရတဲ့အဲ့ဒီရာသီက အမြဲတမ်းပြန်ပြန်ရောက်လာတာက
သေချာပေါက် ကျွန်တော်တို့စိတ်တွေကလည်း
အဲ့ဒီနေ့ကို ပြန်သွားနေရရုံအပြင်မရှိလို့ပါ
မနေ့တုန်းကကိစ္စလိုမျိုး.."


🍂 မြောင်ဟီးနဲ့တွေ့ လိုက်တာနဲ့ နှစ်တွေအကြာကြီးမရယ်ဖြစ်ခဲ့တာတွေ
တစ်ခါတည်းနဲ့ ရယ်လိုက်ရသလိုပဲ
နေ့ရက်တိုင်း ဘဝအတွက် ရုန်းကန်နေရင်းက ရင်တွေပေါ့သွားတယ်
မြောင်ဟီးနဲ့တွေ့ ရင်.."

🍂 ပန်းပွင့်လေးတွေကြွေကျနေတာကိုကြည့်ပါဦး
ရုက္ခဗေဒကို ဘာသာရပ်အခွဲအနေနဲ့ယူခဲ့တော့ ကြည့်လိုက်တာနဲ့
နောက်အပတ်ပိတ်ရက်ဆိုရင်ပဲ အကုန်ညှိုးသွားတော့မှာပဲ
အဲ့စကားရဲ့အဓိပ္ပာယ်က နောက်အပတ်ပိတ်ရက်မတိုင်မှာလည်း
ထပ်ပြီးတွေ့ရဦးမှာပဲ ဆိုတဲ့သဘောပေါ့
နောက်တစ်ခါ သီချင်းဆိုပြပေးမှာမို့
ပန်းတွေမညှိုးသေးခင် ထပ်ခေါ်လိုက်ပါ့မယ်.."

🍂 ကျွန်တော် အမှန်ပြောရရင် ဆူယွန်း(မြောင်ဟီး) ကို ကြင်ဖက်တွေ့တဲ့နေရာမှာ ပထမဆုံးတွေ့ ဖူးတာမဟုတ်ပါဘူး ဟိုတယ်ရှေ့က ကားတိုက်မှုဖြစ်တဲ့နေရာမှာလည်း ကျွန်တော်ရှိနေခဲ့ပါတယ်
ကော်ဖီဆိုင်ထဲဝင်သွားပြီးတော့ လီဆူယွန်းကိုစောင့်နေတုန်း စဉ်းစားကြည့်ခဲ့တယ်
ကြင်ဖက်တွေ့တာဖြစ်ဖြစ် ဘာဖြစ်ဖြစ် ခုနကအဲ့မိန်းကလေးကို စကားဖြစ်ဖြစ်ပြောလိုက်ရမှာ..
ဒါပေမဲ့ ပေါ်လာတာပါပဲ ကြင်ဖက်တွေ့ ဖက်အနေနဲ့
မြောင်ဟီးက ချောင်းဟွာဆေးဝါးရဲ့လီဆူယွန်းအနေနဲ့မဟုတ်ဘဲ ဆောင်းမယ်ဂျာ ဂင်ဘုတ်ဆွန်း ဖြစ်နေဦးတော့ ကွဲပြားသွားတာမရှိပါဘူး.."

🍂 မြောင်ဟီး စကားကို ကြားပြီးတော့
တစ်လဆိုတဲ့ ကျန်နေတဲ့အချိန်အတွက် ဆက်တိုက်စဉ်းစားကြည့်ခဲ့တယ်
ကျွန်တော်ကြောက်တာက တစ်လဆိုတဲ့ အချိန်မဟုတ်ဘူး
ဒီတစ်လနောက်ပိုင်း ရလာမယ့် စိတ်ဒဏ်ရာကိုပဲ
ကျွန်တော် မြောင်ဟီးကို သဘောကျပြီးတော့
နောက်ကိုလည်း ဆက်ပြီး သဘောကျသွားမှာမို့လို့ပဲ.."

🍂 ကျွန်တော်နှစ်တိုင်း မေလကို အစောင့်ဆိုင်းဆုံးပဲ
မေလညမှာ သီချင်းဆိုတာက ဆိုးရွားနေရင်တောင်
နှံကောင်လေးတွေက ကူညီပေးတယ်လေ
မြောင်ဟီးကို စဉ်းစားလိုက်မိရင် ထူးထူးဆန်းဆန်းနဲ့
ခဏခဏ သီချင်းဖြစ်လာတယ်
မြောင်ဟီး ကျွန်တော်နဲ့ မေလကုန်ထိပဲ တွဲကြည့်မလား.."

🍂 မြောင်ဟီးနဲ့ရှိတဲ့အချိန်က
ပျော်ပွဲစားထွက်ချိန်ပဲလေ..''

🍁 ကျွန်တော်စေ့စပ်လိုက်လည်း
အဆင်ပြေမှာလား မြောင်ဟီးက..?
🍂 အဆင်မပြေဘူး
ဟီထယ်မရှိတဲ့မေလကို မလိုချင်ဘူး.."

🍂 ကျွန်မရွေးချယ်ခဲ့တာပါ
ကျွန်မတစ်သက်လုံး ကိုယ်ဖြစ်ချင်တာကိုလက်လျှော့ပြီး
သူများအတွက် ဦးစားပေးခဲ့တာပါ လုပ်ဖို့ သတ္တိလည်းမရှိခဲ့ဘူး
ဟွမ်ဟီထယ်က ဘဝမှာပထမဆုံး သတ္တိတွေပေးခဲ့တဲ့သူမို့ ရွေးချယ်ခဲ့တာပါ
လူတွေ ကျွန်မကိုဝေဖန်ထိုးနှက်ရင်တောင်
ကျွန်မရွေးချယ်ခဲ့တာမို့ သည်းခံသွားမှာပါ.."

🍂 စိုးရိမ်နေလို့ပါ အရမ်းပျော်နေတာကို
ကျွန်တော့်ဘဝမှာ တစ်ခါမှ ဒီလိုပျော်ရွှင်မှုမျိုးမရှိခဲ့ဘူးလို့ပါ
လေထဲမှာ ခပ်မြင့်မြင့်ပျံသန်းနေရင်းက ရုတ်တရက် ပြုတ်မကျခင်အထိလိုပဲ
မြောင်ဟီးနဲ့အတူရှိခဲ့ရတဲ့ ရက်ပိုင်းလေးက ကျွန်တော်တစ်ဘဝလုံးမှာ
အပျော်ရွှင်ခဲ့ရဆုံးအချိန်တွေပါပဲ.."

🍂 တံခါးတစ်ချပ်ပိတ်သွားရင် နောက်တံခါးတစ်ချပ်က ပွင့်စမြဲပါ
ဘာမှမဖြစ်ပါဘူး အစပိုင်းမှာ မှောင်မိုက်နေသလိုထင်ရပေမဲ့
တံခါးအသစ် သေချာပေါက်ပွင့်မှာပါ.."

🍂 မလာသင့်ဘူးဆိုတာ သိပေမဲ့လည်း
ကျွန်တော် တကယ်မြောင်ဟီးအကြောင်းကိုတွေးလိုက်တိုင်း
နောက်ဆုံးမှာ ကျွန်တော့်ကြောင့် မြောင်ဟီးပင်ပန်းရတယ်ဆိုတာသိပေမဲ့
ဘေးမှာပဲရှိနေချင်ပြီး အတူတူပဲနေချင်တယ်
ကျွန်တော်မြောင်ဟီးဆီကို လာလို့ရမလား.."

🍂 ကျွန်တော် ကလေးဘဝတုန်းက ရေဒီယိုနားထောင်ရတာထက်
ဒိုင်ခွက်ကို ဒီလိုလှည့်နေရတာကြိုက်တယ် ဒီလိုလေး ဖြည်းဖြည်းချင်းလှည့်လိုက်ရင်
တစ်ခါတစ်လေ ကြားရခဲတဲ့ထုတ်လွှင့်ချက်ကို ရေးရေးလေးကြားရတယ်
အဲ့ဒီထုတ်လွှင့်ချက်က ကျွန်တော်နဲ့တူတယ် ဘယ်သူမှနားမထောင်တဲ့ ထုတ်လွှင့်ချက်
အသံမရှိ အရောင်အဆင်းမရှိပဲ စကြဝဠာထဲမှာ ခြေဦးတည့်ရာမျောပါနေတာ
ဒီလိုမျိုး မြောင်ဟီးကျွန်တော့်ကိုရှာမတွေ့ ခင်အထိပဲ

🍂 ကျွန်တော် အရင်က မိုးကြိုးပစ်ခံရဖူးတယ် မိုးခိုဖို့ အကာတစ်ခုအောက်ဝင်သွားတာ တံတောင်ဆစ်ကို ဒီလိုပစ်ခံလိုက်ရတာ ကျွန်တော်လည်း မယုံကြည်နိုင်ခဲ့ဘူး လျှပ်စီးတွေအကြောင်း လေ့လာခဲ့ဖူးပေမယ့် တကယ်တော့ အကြောင်းရင်းက ရိုးရှင်းပါတယ်
အဲ့တုန်းက ဘေးမှာ အခပေးဖုန်း ရှိနေတယ်လေ
အဲဒါကြောင့် အခုလည်း မိုးရွာတိုင်း အခပေးဖုန်းတွေနဲ့ ဝေးဝေးနေတယ်
ဒီနေ့ကိစ္စလည်း ဒီတိုင်း မိုးကြိုးပစ်ခံရတယ်လို့ပဲ တွေးလိုက်ပါ ကျွန်တော်တို့ ဒီအတိုင်း အခပေးဖုန်းနား ရှိနေခဲ့လို့ဆိုပြီး မနက်ဖြန် ဂွမ်ဂျူကနေထွက်သွားပြီးရင် အကုန်အဆင်ပြေသွားမှာပါ

🍂 မနေ့ကရော ဒီနေ့ရော
ဟီထယ် စီစဉ်ထားသလိုမျိုး အစောကြီးထွက်သွားခဲ့ရင်
ဒီလိုမျိုးတွေ ကြုံရမှာမဟုတ်ဘူးလားတောင် မသိနိုင်ဘူး.."

🍂 အတူရှိနေရင် ရင်ဆိုင်နိုင်လောက်မယ်ဆိုတဲ့ယုံကြည်မှု
သင်္ကေတတွေကိုအားလုံးကို အနိုင်ရနိုင်မယ့် အဲ့ဒီမသိနိုင်တဲ့ ယုံကြည်မှုတစ်ခု
အဲ့လိုနဲ့ လုံးဝမသိနိုင်ခဲ့ဘူး အဲ့ကြယ်လေးက တကယ်ပဲ သတိပေးချက်သက်သက်ပဲဆိုတာ
လက်ရှိမှာ ငါတို့ဆီနီးကပ်လာတာက ပြင်းထန်တဲ့မုန်တိုင်းပဲဆိုတာကို
ပြီးတော့ အဲ့ဒီမုန်တိုင်းရှေ့မှာ ငါတို့လုပ်နိုင်တာဆိုလို့ ပျံထွက်မသွားအောင်
တစ်ယောက်ရဲ့လက်ကို တစ်ယောက်ဆွဲထားတာလေးပါပဲ.."

🍂 လူကောင်းတွေက အမှားကိုအမြဲနောင်တရကြတယ်
လူဆိုးတွေကတော့ ဘာမှမခံစားကြဘူး
တကယ့်လူကောင်းယောင်ဆောင်ထားတဲ့သူက
သူ့ကိုယ်သူ လူကောင်းယောင်ဆောင်ထားတဲသူလို့ မတွေးဘူးလေ

🍂 မိသားစုကလည်း ကိုယ့်အတွက်အရေးကြီးပေမဲ့
တစ်ခါတစ်လေ ဘဝမှာရှာတွေ့ သွားတဲ့အရာတွေက
ပိုကြီးမားပြီးပိုအရေးကြီးတယ်.."

🍂 ဘယ်သူမှမရှိဘူးဆိုတဲ့စကား အခုထပ်ပြီးမပြောပါနဲ့တော့
ဟီထယ်ကို စောင့်နေတဲ့တစ်ချိန်လုံး ဟီထယ်ပြောခဲ့တဲ့ စကားတွေ ပြန်ပြီးစဉ်းစားမိလာတာ
ကျွန်မအတွက် မြောင်ဆူလည်းရှိပြီး မိဘတွေလည်းရှိပေမယ့်
ဟီထယ်ဘေးမှာ ကျွန်မကလွဲပြီး ဘယ်သူမှမရှိဘူးဆိုတဲ့ အဲ့ဒီစကား
စဉ်းစားရင် စဉ်းစားသလောက် ဒေါသထွက်လာစေတယ် အဲ့စကားက
ကျွန်မကတော့ ဟီထယ်မရှိလည်း အဆင်ပြေနေတယ်ဆိုတဲ့ စကားနဲ့တူနေတယ်
အဆင်မပြေပါဘူး ဟီထယ်ကို ဆုံးရှုံးလိုက်ရရင်
ကျွန်မလည်း ဘာမှကျန်တာမရှိတော့ဘူးလို့.."

🍂 ကိုယ့်ရဲ့ဆုတောင်းက
ကိုယ်သေရင် မြောင်ဟီးနဲ့အတူတူ မြှုပ်ခွင့်ရပါစေလို့.."

🍂 ကျွန်တော်တို့ရဲ့ရှေ့မှာ ဘယ်လိုအခက်အခဲတွေတားဆီးနေပါစေ
ခက်ခက်ခဲခဲဆုပ်ကိုင်ထားရတဲ့ လက်နှစ်ဖက်ကို လက်မလွှတ်ဘဲ အခက်အခဲတွေကိုကျော်လွှားနိုင်ပါစေ တခြားအရာများထက် ပင်ပန်းဆိုးဝါးတဲ့အရာများဆိုရင်
မြောင်ဟီးမဟုတ်ဘဲ ကျွန်တော်သာခံစားရပါစေလို့.."

🍂 မထင်မှတ်ထားဘဲ တစ်ယောက်ရဲ့လက်ကို တစ်ယောက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် အဲ့ဒီဝမ်းနည်းမှုမှာ တခြားသူရဲ့အသက်တွေ ပိတ်မိမနေအောင်လို့
တစ်ယောက်ထဲကျတဲ့မျက်ရည်တွေက မေးရိုးနားထိရောက်လာရင်တောင်
အဲ့ဒါကိုကျမသွားအောင်လို့ ဆက်ပြီးရှင်သန်သွားနိုင်အောင်လို့
ခွန်အားနဲ့သတ္တိကို ပေးသနားတော်မူပါ.."

🍂 စိတ်က အဲ့ဒီနှစ်မေလကိုပဲပြန်ပြန်သွားနေတာက လုံးဝကြီးထူးဆန်းနေတဲ့ကိစ္စမဟုတ်ပါဘူး
တန်ဖိုးထားတဲ့ ထီးလေးတစ်ချောင်းပျောက်တာတောင် မိုးရွာတိုင်း အဲ့ဒီထီးကိုတမ်းတနေသေးတာပဲ
ပိုဆိုးတဲ့ ချစ်ရတဲ့သူကိုဆုံးရှုံးခဲ့ရတဲ့အဲ့ဒီရာသီက အမြဲတမ်းပြန်ပြန်ရောက်လာတာက
သေချာပေါက် ကျွန်တော်တို့စိတ်တွေကလည်း အဲဒီနေ့ကို ပြန်သွားနေရရုံအပြင်မရှိလို့ပါ
မနေ့တုန်းကကိစ္စလိုမျိုး.."

🍂 အပြောင်းအလဲမရှိ မေလရောက်ရှိလို့လာခဲ့ပါပြီ
ဒီနှစ်ကတော့ မြောင်ဟီးကို ဆုံးရှုံးလိုက်ရပြီး ၄၁ကြိမ်မြောက် မေလပါ
အဲ့အချိန်အတွင်း ကျွန်တော့်ရဲ့ဘဝက တိုက်တိုက်ဆိုင်ဆိုင် ရေတက်ချိန်မှာ
ရေကူးနေတဲ့လူလိုပါပဲ ဘယ်လောက်ပဲခြေလှမ်းလှမ်းရှေ့ကိုမသွားနိုင်ပဲ
ဒီအတိုင်းရေစီးနဲ့ရောသေသွားအောင်ကြိုးစားခဲ့ပေမယ့် သတိပြန်ရလာရင်
ထပ်ပြီး အဲ့ဒီမေလနဲ့အတူ ငါ့ကိုတွန်းပို့ခဲ့တဲ့ အဲ့ဒီရေစီးကို
ဘယ်လောက်တောင်မုန်းတီးပြီး နာကြည်းလိုက်သလဲ

🍂 အချိန်အကြာကြီး ‘အဲ့လိုမျိုးမဖြစ်ခဲ့ရင်’ ဆိုတဲ့ နောင်တနဲ့နေလာခဲ့ပါတယ်
အဲ့ဒီမေလမှာ ဂွမ်ဂျူကိုပြန်မသွားခဲ့ဘူးဆိုရင်..
အဲ့ဒီဂွမ်ဂျူမှာ မင်းနဲ့မတွေ့ခဲ့ဘူးဆိုရင်..
အဲ့ဒီသစ်တောထဲမှာ မင်းလက်ကိုသာမလွှတ်ခဲ့ရင်..
မင်းအသက်ရှင်နေလောက်မလားဆိုပြီးတော့ပါ.."

🍂 ဒါပေမယ့်
ဒီလိုမျိုးမြောင်ဟီးပြန်ရောက်လာပေးတဲ့ ၄၁ ကြိမ်မြောက် မေလမှာတော့
ဒီအရာတွေအားလုံးက ငါ့ရဲ့ ရွေးချယ်မှုဆိုတာ သိသွားခဲ့ပါတယ်
ငါဟာ အဲ့ဒီမေလမှာ ဂွမ်ဂျူကိုပြန်သွားဖို့ဆုံးဖြတ်ခဲ့ပြီး ရင်ဘတ်တစ်ခုလုံးနဲ့
မင်းကိုချစ်ဖို့စိတ်ပိုင်းဖြတ်ခဲ့ပြီး နည်းနည်းလောက် ပင်ပန်းခက်ခဲတဲ့အချိန်တွေကို
မင်းဆီမဟုတ်ဘဲ ငါ့ဆီလာပါဆိုပြီး နေ့တိုင်းလိုမျိုး ဆုတောင်းခဲ့ပါတယ်.."

🍂 အဲဒီရှင်ခြင်းနဲ့သေခြင်း လမ်းကြောင်းမှာ ငါကသေပြီး
မင်းသာအသက်ရှင်နေခဲ့ရင် ငါကြုံတွေ့ခဲ့ရတဲ့ရေစီးကို
မင်းလည်း ကြုံတွေ့ ရလောက်ပြီးပြီပေါ့
ကျန်တဲ့လူတွေရဲ့ဘဝတွေကိုချန်ထားပြီးတော့.."

🍂 အဲဒါကြောင့် အခုမှသဘောပေါက်သွားခဲ့ပါတယ်
ကျန်ခဲ့တဲ့ ငါ့ရဲ့နေ့ရက်တွေက ငါ့ဆုတောင်းရဲ့အဖြေဖြစ်နေခဲ့တယ်ဆိုတာကို
၁၄ နှစ်လုံးလုံး အထီးကျန်နာကျင်မှုအချိန်တွေက
မင်းအတွက် ငါ့ရဲ့အချစ်ဖြစ်ခဲ့ပါတယ်.."

🍂 ငါ့ကိုပေးခဲ့တဲ့ ကျန်ရှိနေတဲ့ဘဝကို မင်းရဲ့
ဆုတောင်းအတွက်အဖြေအဖြစ်နဲ့နေထိုင်သွားပါ့မယ်
တက်လာတဲ့ရေစီးတွေက ထပ်ပြီးငါ့ကို အဲ့ဒီမေလဆီ တွန်းပို့နေမယ်ဆိုရင်တောင်
ဒီနေရာမှာ အခုမြောင်ဟီးရှိနေပြီမို့ ထပ်ပြီးပြန်တွေ့ ရမယ့် အဲ့ဒီနေ့အထိ
ကြိုးကြိုးစားစားနဲ့ကူးခတ်လာခဲ့ပါမယ်.."
၂၀၂၁ ပထမဆုံးမေလ ဟွမ်ဟီထယ်























