2022 Kdrama

If you wish upon me: 당신이 소원을 말하면

드라마 Dialogue 2022. 9. 24. 01:19

If You Wish Upon Me: 당신이 소원을 말하면
Average Rating: 8.5/10
လူဆိုတာ ဘယ်သူမဆို မွေးဖွားလာတဲ့အချိန်တော့
ဘေးမှာ အဖေ အမေ တစ်ခါတလေတော့ မောင်နှမတွေအပါအဝင် လူတွေအားလုံးက ကောင်းချီးပေးကြပေမဲ့ လူတွေသေတဲ့အချိန်ကျတော့ တစ်ယောက်တည်းပဲဆို အရမ်းအထီးကျန်ရတယ် မဟုတ်ဘူးလား

“လူဆိုတာ
မွေးလာတုန်းက ကိုယ့်စိတ်တိုင်းကျ မဖြစ်နိုင်ပေမယ့်
သေတဲ့ အချိန်မှာတော့ စိတ်တိုင်းကျ ထွက်သွားချင်တယ်တဲ့..”

ကိုယ့်ရဲ့နောက်ဆုံးအချိန်ကို ကြိုသိနေတဲ့ နာတာရှည်ရောဂါသည်တွေလို လူအဖို့ နေကောင်းကျန်းမာခဲ့စဉ်တုန်းက မလုပ်လိုက်ရတဲ့အရာအတွက် သူတို့ရဲ့နောက်ဆုံးဆန္ဒကိုသာ ဖြည့်ဆည်းလိုက်နိုင်ခဲ့မယ်ဆိုရင် နောင်တတွေမရှိဘဲနဲ့ ထွက်သွားနိုင်မယ်ထင်တယ်

အဲ့ဒီလိုလူတွေအတွက် နာတာရှည်ဆေးရုံတစ်ခုမှာ ထူးခြားတဲ့လူတွေရှိပါတယ်
နွေလယ်ခေါင်ကြီးမှာ ဆောင်းရာသီကိုဖန်တီးပေးကြတဲ့လူတွေ အသက် လိင်အမျိုးအစား အလုပ်အကိုင်နဲ့ မသက်ဆိုင်ဘဲ လှပတဲ့စိတ်လေးတွေနဲ့ ဖြည့်ဆည်းပေးနေကြတဲ့လူတွေ ဘဝရဲ့နောက်ဆုံးဆုတောင်းကို ဖြည့်ဆည်းပေးနေကြတဲ့သူတို့တွေကို Team Genie လို့ခေါ်ပါတယ်..

Team Genie ဆိုတာ အဲ့ဒီလိုနောက်ဆုံးအချိန်အတွက် အချင်းချင်း နှစ်သိမ့်ပေးဖို့ စတင်ခဲ့တဲ့အရာဖြစ်ခဲ့တာပေါ့..