2022 Kdrama

Big Mouth: 빅마우스

드라마 Dialogue 2022. 9. 17. 16:16

“အရင်ဆုံး အောင်မြင်အောင်လုပ် ပြီးရင် အနားကလူတွေက မင်းအီးပေါက်ရင်တောင် လက်ခုပ်ဝိုင်းတီးကြလိမ့်မယ်" တဲ့

စိတ်ပညာအထူးပြု ကာလ်ဂျန်က ပြောခဲ့တယ် ဘဝဆိုတာ အတွင်းစိတ်ထဲမှာရှိတဲ့ ငါ့ကို ရှာရတဲ့ခရီးဖြစ်ပြီး လူသားရဲ့ အတ္တဆိုတာ အခြေအနေပေါ်လိုက်ပြီး မျက်နှာဖုံးတွေ ပြောင်းလဲနိုင်တယ်ဆိုတာ

တကယ့်လူလိမ်အစစ်အမှန်တွေက သူတို့နားကလူတွေကို အရင် လိမ်တတ်ကြတယ်တဲ့ အဲ့ဒါကြောင့်ပဲ "သစ္စာဖောက်တယ်”ဆိုတဲ့စကားလုံးကပေါ်လာတာ သူတို့တန်ဖိုးထားတဲ့လူတွေရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်လို့

လူတိုင်းရဲ့ဘဝမှာ အရေးကြီးဆုံးအခိုက်အတန့်ဆိုတာရှိတယ် ဘဝကိုပြောင်းလဲသွားနိုင်တဲ့ တစ်ခါတည်းရတဲ့ အခိုက်အတန့် မသေခင်မှာ သေချာပေါက် တစ်ခေါက်တော့ပြန်သွားချင်မိတဲ့ အခိုက်အတန့်

အာဏာဆိုတာ ဓားတစ်ချောင်းလိုပဲ ငါးလှီးဖို့သုံးရင် ငါးအသားလွှာဓားဖြစ်သွားမယ် လူကိုထိုးဖို့သုံးရင်တော့ လက်နက်ဖြစ်တာပေါ့

ဥပဒေတွေဘာလို့ရှိနေတာလဲဆိုတာကိုသိလား လူတွေအချင်းချင်းသတ်ဖြတ်နေမှာကိုကြောက်လို့ပဲ လူတွေကိုကယ်တင်ပေးဖို့လုပ်ထားတာက ဥပဒေပဲ ဒါပေမဲ့ မင်းအတွက်တော့ ဥပဒေတွေမလိုလောက်ဘူး