It's Okay to Not Be Okay: 사이코지만 괜찮아
ကံကြမ္မာကိုဘယ်သူက ဂရုစိုက်မှာလဲ ခင်ဗျားလိုအပ်တဲ့အချိန်မှာတစ်ယောက်ယောက်က ပေါ်လာရင် ဒါကို ကံကြမ္မာလို့ ခေါ်လိုက်တာပဲမဟုတ်လား
ဘဝက အရမ်းကို ခက်ခဲတဲ့အခါ အလွယ်ဆုံးနည်းက ထွက်ပြေးတာပဲလေ
ဘာလို့ပျင်းစရာဘဝနဲ့ နေနေတာလဲ မင်းကိုယ်မင်း ဒီလို ဖိနှိပ်ထားရင် နေမကောင်းဖြစ်လိမ့်မယ် မင်းပျော်ချင်တယ်ဆိုရင် ပျော်လိုက်ပေါ့ လူအားလုံးက ကြောင်သူတော်တွေပဲလေ ကျွန်မတို့က အမုန်းတွေနဲ့ ပြည့်နေပြီး မဟုတ်သလို ဟန်ဆောင်နေရတာပဲ ဘယ်သူကရော အပြစ်ကင်းစင်နေလို့လဲ
ကျွန်တော်လည်း သားသမီးပဲဟာကို လူပျောက်လိုမျိုး ဆက်ဆံခံနေရလို့ ဒီအတိုင်း ကျွန်တော့်ကို ကြည့်ပေးပါဆိုပြီး ကျေးဇူးပြုပြီး ကျွန်တော့်ကိုလည်းမြင်ကြည့်ပေးပါဆိုပြီး အရူးလိုမျိုး လျှောက်လုပ်နေခဲ့တာပါ အဲ့လိုနဲ့ တကယ်ရူးသွားခဲ့ပါတော့တယ် လူကြီးမင်းတို့
နာကျင်ဖူးတဲ့သူသာလျှင် အဲဒီနာကျင်မှုဝေဒနာကို သိတယ်
ကိုယ့်ပတ်ဝန်းကျင်ကို ပျော်ရွှင်အောင်လုပ်ဖို့ဆိုရင် ကိုယ်ကိုယ်တိုင် အရင် ပျော်ရွှင်ရမယ် တစ်ကိုယ်ကောင်းဆန်တာက မကောင်းတာချည်းပဲတော့ မဟုတ်ပါဘူး အရမ်းခက်ခဲရင် ဒီအတိုင်း မင်းရဲ့ပျော်ရွှင်မှုအတွက်ပဲ စဉ်းစားလိုက်ပါ အဲ့ဒီလိုလုပ်လို့ရပါတယ်
လူတွေကို အဲဒီလို မဆင်မခြင်နဲ့ နံပါတ်ပေးလို့မရဘူး
တစ်စုံတစ်ယောက်ကို သဘောကျ ချစ်မြတ်နိုးတဲ့ နှလုံးသားက
ကွာခြားကြတယ် ဝါတယ် အဝါဖျော့တယ် အဝါရင့်တယ်
အရောင်တောင်မှ နာမည် ပြင်းအားပေါ်လိုက်ပြီး ကွာခြားတယ်လေ
လူသားခံစားချက်ဆိုရင်ရော တော်ရုံနေပါ့မလား
မေတ္တာဆိုလည်း အဲဒီအတိုင်းပဲ
ချစ်ခြင်းမေတ္တာ မုန်းခြင်းမေတ္တာ အချစ် ခင်မင်မှုသံယောဇဉ် တပ်မက်မှု အရောင် ၅ ရောင် တောက်ဖြာနေတာမဟုတ်လား
တကယ်ဆိုးတဲ့လူက ဘယ်စကားကိုမှ မယုံကြည်တဲ့လူတဲ့
ခန္ဓာကိုယ်က ရိုးသားလို့ နာကျင်ရင် မျက်ရည်ကျတယ် ဒါပေမဲ့ နှလုံးသားကတော့ လိမ်ညာတတ်လို့ နာလည်း တိတ်တိတ်ဆိတ်ဆိတ် နေတယ်
ဖက်ရှင်ဆိုတာ ပင်ပန်းမှုနဲ့ ခေါင်းမာမှုပဲ
မိသားစုဓာတ်ပုံရိုက်ပြီးရင် မိသားစုပဲပေါ့
မိဘကိုအားနာလို့ ကိုယ့်ပျော်ရွှင်မှုကို စွန့်လွှတ်တဲ့ သားသမီးက မလိမ္မာဆုံး သားသမီးပဲ သားသမီးဝတ္တရားကျေပွန်တယ်လို့စဉ်းစားပြီး ရှေ့လျှောက် ပျော်ရွှင်အောင်နေ
ဒီအတိုင်းဝန်ခံလိုက်ပါ ဝန်ခံလိုက်ရင်စိတ်ပေါ့သွားလိမ့်မယ် မင်းကအားနည်းတဲ့လူဆိုတာကို မင်းနည်းနည်းလေးမှမသန်မာဘူး မင်း လုံးဝအားနည်းတယ်
နဂိုတည်းကအားနည်းတဲ့လူတွေက ပိုပြီးသန်မာချင်ယောင်ဆောင်ကြတာမလား မကြည့်ချင်လောက်အောင် မင်းကနဂိုတည်းကအားနည်းလို့ မင်းလိုမျိုးအားနည်းတဲ့လူတွေမြင်တာနဲ့ ကြည့်မနေနိုင်တာပဲ
အချင်းချင်းမှီခိုပြီး အားကိုးချင်မိလာလို့ သံလိုက်တွေလိုဆွဲပါသွားတာမျိုးလို့ အဲ့ဒါကြောင့်ပူးနေအောင်ကပ်ထား အားနည်းတဲ့လူအချင်းချင်း ပူးနေအောင်ကပ်ထား
အဲ့လိုဆိုရင် သန်မာလာလိမ့်မယ် ဒီလိုမျိုးအချင်းချင်း မှီခိုပြီးနေနေရတာက လူသားတွေပဲလေ
က လူသား