My Liberation Notes

My Liberation Notes - 6

드라마 Dialogue 2022. 5. 27. 11:47

တစ်ယောက်ယောက်နဲ့ ရှိနေရင်
နည်းနည်းလောက် ပိုကောင်းလာမလား
တစ်ယောက်ယောက်နဲ့ တွဲနေရင်….
အဲ့လိုမျိုး ရွေးပြီးရင်း ရွေးပြီးတာတောင်မှ
အဲ့လူကို ပြည့်ပြည့်စုံစုံနဲ့ အားပေးမနေခဲ့ဘူး

ငါ့ထက်ပိုပြီး အောင်မြင်မှဖြစ်မှာကို
အရမ်းကို အောင်မြင်သွားလို့တော့ မဖြစ်ဘူး
သေချာလေး ပေးဖူးတာလည်းမရှိဘူး
သေချာလေး ရဖူးတာလည်းမရှိဘူး

နောက်တစ်ခါ အဲလိုမျိုးလည်း မလုပ်တော့ဘူး
အောင်မြင်သွားပြီးတော့ ထွက်သွားမယ့်ပုံရှိရင်
ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်သွားခွင့်ပေးလိုက်မှာ
မြေကြီးအောက်ထိ ထိုးကျသွားတယ်ဆိုလည်း
အရှက်ရနေမှာတော့ မဟုတ်ဘူး
လူတွေအားလုံး
သူ့ကို လက်ညှိုးထိုး လှုံ့ချနေရင်တောင်
လူတစ်ယောက်နဲ့ တစ်ယောက်အနေနဲ့
အားပဲပေးနေမှာ…

ငါလည်းစိတ်တိုတယ် နင်လည်းမှားတာပဲ
အဲဒီလောက်တော့ပြောလို့ရပါတယ်
ဒါပေမယ့် တောင်းပန်ပါ လို့ပြောတာက
ရန်တောင်မဖြစ်လိုက်ရဘဲ အဖြေထွက်သွားသလိုကြီး
ငါကနစ်နာသူ နင်ကကျူးလွန်သူဆိုပြီး အဲဒီစကားကြားလိုက်ရတုန်းကဆို
သေဒဏ်ပေးခံလိုက်ရသလိုပဲ …
တွင်းထဲပြုတ်ကျပြီး
ကတ္တရာနဲ့ပါ အလောင်းခံလိုက်ရသလို ခံစားချက်ပဲ
ငါအဲဒီလောက်အထိ ဆိုးတဲ့လူပါလားဆိုပြီး
တစ်ညလုံးအိပ်တောင်မပျော်ဘူး
ဒါပေမယ့် အဆိုးဆုံးက
ကျွန်မလေ နောက်နေ့ သူ့ကိုတောင်းပန်လိုက်ရတယ်
ကိုယ်ဘာမှားမှန်းတောင်မသိဘဲ

တောင်းပန်ခံချင်တာက ခေတ်သစ်ရန်ဖြစ်နည်းလား
အပိုင်ချက်ကနေ ကိုင်လိုက်သလိုပဲ အရင်တည်းက တောင်းပန်တယ်ဆိုတာက
ခပ်မိုက်မိုက်အလုပ်မျိုးပဲလေ
လူတစ်ယောက်က အရိုးကျိုးနေရင်တောင်
ကိုယ့်အပြစ်ကိုယ်သိလို့ သတ္တိမွေးပြီး
တောင်းပန်ဖို့လုပ်ရတာလေ
ဘယ်အချိန်ကစပြီး တောင်းပန်တာက
သူရဲဘောကြောင်တဲ့လုပ်ရပ်မျိုး
ဖိအားပေးလို့လုပ်ရတာမျိုး ဖြစ်သွားလဲမသိဘူး
အခုနောက်ပိုင်း သတ္တိမွေးပြီးတောင်းပန်တဲ့အခါ
ရင်ထဲမှာစွဲကျန်သွားတာမျိုးတွေ
ထပ်ပြီး မခံစားရတော့တာကတော့ နည်းနည်း...

သုညပဲရှိတဲ့လူကို တွဲနိုင်မှ
၁ဝဝ အပြည့်နဲ့ကောင်ကိုပါတွဲနိုင်မှာ
အစ်မက အမြဲတမ်း
ကိုယ်နဲ့ အဆင့်တူတဲ့လူတွေကိုရှာနေတာ
ညီမပြောချင်တာက
ကိုယ့်စံနှုန်းကို ကိုယ်ကိုယ်တိုင်မသတ်မှတ်နဲ့
သူများတွေကပါ ကိုယ့်ကိုလိုက်ပြီး
အဆင့်သတ်မှတ်နေတဲ့ဟာကို
ကိုယ်ကပါ ဘာလို့ကိုယ့်ကိုယ်ကို
အဆင့်သတ်မှတ်နေတာလဲ

တစ်ရက်မှာ ၂၄နာရီရှိတာကိုမှ
စိတ်အဆင်ပြေတဲ့အချိန်က
၁နာရီ ၂နာရီလောက်ပဲများလား
စိတ်ပျော်နေတဲ့အချိန်တောင်မဟုတ်ဘူး
စိတ်အဆင်ပြေရုံလေးပဲ
ကျန်တာတွေအားလုံးက
သည်းခံတောင့်ခံနေရတဲ့အချိန်တွေ

လုပ်စရာမရှိတာတောင် ပင်ပန်းတယ်
ဒါပေမယ့်လည်း နွားလှည်းလိုပဲ
ခက်ခက်ခဲခဲ အတင်းတွန်းသွားနေရတယ်

“ဆက်သွားရအောင်”
“ဘာလို့အသက်ရှင်နေလဲ
ဘာလို့ အဲ့လိုလုပ်နေလဲ မသိပေမယ့်”
“အသက်ရှင်နေတုန်းတော့ ကောင်းကောင်းရအောင်”
အဲ့လို တစ်နေ့တစ်နေ့ ခက်ခက်ခဲခဲ
အတင်းဆက်သွားနေတယ်