My Liberation Notes

My Liberation Notes- 5

드라마 Dialogue 2022. 5. 27. 11:44

ဒါယွန်းက ယယ်ရင်လောက်တော့ ဖြစ်ပါတယ်
ယယ်ရင်နီးနီး ဖြစ်တယ်ဆိုတာက
ဆွဲရမယ့်တွန်းလှည်းလည်း ရှိပြီး
ကျောင်းပို့ရမယ့်မူကြိုကလေးရှိတဲ့ မိန်းမကိုပြောတာ
အနည်းဆုံးတော့
ငါ့အနေနဲ့ အဆင်ပြေတဲ့မိန်းကလေးဆိုတာ
ဒီလောက်တော့ လောဘရှိရမယ့် မိန်းကလေးဖြစ်ရမယ်
ဒါပေမယ့်
ငါက အဲ့ဒီလိုလုပ်မပေးနိုင်တဲ့ ယောက်ျားဆိုတာပဲ
ဒါ ငါ့အခြေအနေပဲ
ဒီအခြေအနေကို မဖြေရှင်းနိုင်ဘဲနဲ့
မိန်းကလေးတွေနဲ့ ဆက်တိုက်တွဲနေလို့
ဆက်တိုက်လမ်းခွဲနေတာပဲ

“သဘောကျမိတဲ့ လူတစ်ယောက်”
စဉ်စားကြည့်မှ အဲဒီလိုလူမျိုး တစ်ယောက်မှမရှိဘူး
ကျွန်မသဘောကျတယ်ထင်တဲ့
လူတွေကိုငြိမ်ပြီးစဥ်စားလိုက်ရင်
စိတ်မသက်မသာဖြစ်စရာတွေချည်းပဲရှိတယ်
စိတ်ပျက်စရာတွေလည်းရှိပြီး
မုန်းတာတွေလည်းရှိပြီး
မနာလိုဖြစ်ရတာတွေလည်းရှိတယ်
အကုန်လုံးမှာ စိတ်ညစ်စရာတွေပဲရှိတယ်
လူတွေနဲ့ ဘာပြဿနာမှမရှိဘဲ
အဆင်ပြေနေတယ်ထင်ရပေမယ့်
အမှန်တော့ တကယ်သဘောကျရတဲ့လူဆိုပြီး
တစ်ယောက်မှကိုမရှိတာ
ဧကန္တ အဲဒါ ကျွန်မကပဲ
တဖြည်းဖြည်းအားလျော့သွားတတ်လို့များလား
အမြဲတစ်ယောက်တည်းရှိနေသလိုခံစားရ
အပယ်ခံထားရသလို ခံစားနေရလို့လေ

တစ်ခါလောက် ဖန်တီးကြည့်မလို့ပါ
အဲ့ဒီလိုလူကို
တခြားလူတွေ ဟိုမရောက်ဒီမရောက်ဖြစ်နေရင်တောင်
ကျွန်မတော့ ဟိုမရောက်ဒီမရောက်အဖြစ်မခံပါဘူး
ဒီအတိုင်း ဆက်ပြီးသဘောကျကြည့်ချင်တာပါ
ရည်ရွယ်ချက်လည်းမရှိဘဲ လူတွေနဲ့ ဆက်ဆံနေရတာထက်
အဲဒါက ပိုမသာလောက်ဘူးလား
အခု မတူတဲ့ပုံစံနဲ့နေချင်လာတယ်