My Liberation Notes - 4 화

나의 해방일지 - 4 화
추앙은 어떻게 하는건데?
လူတစ်ယောက်ယောက်ကို ကိုးကွယ်တာက
ဘယ်လိုလုပ်ရတာလဲ?


လူတိုင်းက သူ့ဘဝနဲ့သူပါပဲ
ငါလည်း ပြောင်းလဲဖို့ စိတ်မကူးသလို
မင်းမှာလည်း ပြောင်းလဲမယ့်စိတ်ကူးမရှိဘူး

ခေါင်းတုံးတုံးပစ်ချင်တယ်
လန်းဆန်းသွားအောင်လို့ အကုန်လုံး
တစ်ခါမှတောင် ဆံပင်ကြောင့်
ကြည့်ကောင်းဖူးတာမရှိဘဲနဲ့
မိန်းကလေးပီသတဲ့ သင်္ကေတအနေနဲ့
ညှပ်မပစ်နိုင်ဘူးဖြစ်နေတယ်
မနက်တိုင်း ခေါင်းလျှော်ပြီးရင်
လက်မောင်းနာတဲ့အထိ လေမှုတ်ရတယ်
ဘာအဓိပ္ပာယ်မှမရှိတဲ့ဆံပင်အတွက်နဲ့
တစ်သက်လုံး ရုန်းကန်နေရသလိုပဲ
အရှင်းရိတ်ပစ်လိုက်ရင်အသုံးမဝင်တဲ့
မျှော်လင့်ချက်တွေလည်း မရှိတော့ဘူး
ပိုပြီး ပေါ့ပါးသွားမယ်ထင်တယ်
ပင်ပန်းနေတော့
ဆံပင်တွေရှိနေတာတောင်
စိတ်ပျက်နေပြီ…

အဲဒါကြောင့် ကျွန်တော်က မရပ်တန့်ဘဲ ချစ်နေတာပါ
ချစ်နေသရွေ့ ပင်ပန်းတာမရှိဘူး

ဟိုးအမြင့်မှာနေတဲ့သူတွေက
စိတ်ပိုင်းဆိုင်ရာ တော်ရုံမဟုတ်ဘူးပဲ
ခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ အဆုံးသတ်နိုင်တာကို မလုပ်ကြဘူးမလား သူတို့
ဘဝကခက်ခဲလို့မဟုတ်ဘူး
စိတ်ကူးပေါ်လာလို့ပဲ
စိတ်ကူးပေါ်လာတာနဲ့ ခြေတစ်လှမ်းနဲ့တင် အဆုံးသတ်လို့ရတယ်
အဲဒါကြောင့် ငါက အခုထိ မြေအောက်ခန်းမှာပဲနေတာ
မြေအောက်ခန်းတွေက ပိုလုံခြုံတယ်

ငါတော့ သေတဲ့အထိ ဆက်လိုချင်နေမှာပဲ
“ချစ်ပေးပါ ငါလည်းပြန်ချစ်ပေးမယ်”
“ပိုချစ်ပါ ငါလည်းပိုချစ်ပေးမယ်”
“လက်ဆောင်တွေမလိုဘူး စပရိုက်တွေလည်းမလိုဘူး”
“ဒီတိုင်း ချစ်ပဲချစ်ပေး ဗိုက်ဆာတယ် ထပ်ပေးဦး”
“တစ်လောကလုံးကအချစ်တွေ အကုန်စားရင်တောင် ဗိုက်ပြည့်မှာမဟုတ်ဘူး”
နင်ကတော့ ငါ့လိုအချစ်မငတ်နဲ့
လုံးဝ ငါ့လိုမျိုး အချစ်ကိုတောင့်တမနေနဲ့

မိန်းကလေးတွေရဲ့ပူဆွေးမှုကို နားထောင်ရင်း ဘဝအချိန်တွေဖြုန်းနေတာ
ဘဝကိုအစီအစဉ်မရှိဘဲ နေနေလို့ အဲလိုအချိန်ဖြုန်းမိနေတာပေါ့
အဖေ့ဘဝကိုရော စီစဉ်ထားသလိုနေခဲ့လို့လား
စိတ်ပူအောင်လုပ်တဲ့ သမီးနှစ်ယောက်နဲ့ စကားနားမထောင်တဲ့ သားတစ်ယောက်ရှိတယ်
အလုပ်နှစ်ခုရှိပေမယ့် ကိုယ်ပိုင်ကားတောင်မဝယ်နိုင်ဘူး
နွေရာသီမှာ အဲကွန်းမရှိဘဲ အလုပ်လုပ်နေရတယ်
အဲလိုနေဖို့ အစီအစဉ်ဆွဲပြီး ဒီအထိရောက်လာခဲ့တာလား

ဘယ်နေရာသွားသွား
စိတ်ပျက်ဖို့ကောင်းတဲ့လူတွေ ရှိဦးမှာပဲ
အဲ့လူတွေက လုံးဝပြောင်းလဲမှာမဟုတ်ဘူး
အဲဒါဆို ငါကပြောင်းလဲရမှာပေမယ့်
ငါ့ရဲ့ဒေါသကို လွှတ်မထုတ်ချင်ဘူး
ငါ့ဒေါသကအရမ်းခိုင်လုံတယ်
အရမ်းခိုင်လုံတဲ့ ဒီဒေါသကို
အချိန်တိုင်းချိုးနှိမ်ထားရတာ
ခက်ခဲတယ်
အလုပ်ကျသေချာမလုပ်နိုင်ဘဲ
အဆူမခံချင်ကြတဲ့လူတွေက
ဘာပြောပြော တင်စီးတယ်လို့ထင်နေတယ်
သည်းခံ သည်းခံ..

လူတွေက မိုးခြိမ်းရင် ကြောက်ကြပေမယ့်
ကျွန်မကတော့ ထူးဆန်းစွာနဲ့ ငြိမ်သက်သွားပါတယ်
နောက်ဆုံးတော့ လောကကြီးကအဆုံးသတ်ပြီကိုးလို့
မျှော်လင့်ခဲ့တာမို့ပါ
ပိတ်မိနေတာလို့ ထင်တယ်
ဘယ်နေရာကနေ ဘယ်နေရာကို ထွက်ရမလဲဆိုတာ
မသိလို့
ဒီတိုင်း အားလုံးအတူတူ အဆုံးသတ်သွားဖို့ကို
မျှော်လင့်နေခဲ့မိတာ ထင်တယ်
ကံဆိုးတာ မဟုတ်ပေမယ့် ပျော်ရွှင်မနေဘူး
ဒီတိုင်း အဆုံးသတ်သွားလည်း ကိစ္စမရှိဘူး
အကုန် အုတ်ဂူထဲကို သွားတဲ့လမ်းပဲဟာကို
ဘာကို အဲ့လောက်ထိ တက်ကြွပြီး
ပျော်နေကြတာများလဲ
တစ်ခါတစ်လေမှာ ဘာမှမဖြစ်ဘဲ
ကောင်းကောင်းနေနေတဲ့လူတွေထက်
ပျက်စီးသွားတဲ့လူတွေက
ပိုပြီး ရိုးသားတဲ့လူတွေများလားလို့ ထင်မိတယ်
ဘယ်နေရာမှာ ပိတ်မိနေလဲဆိုတာ မသိပေမယ့်
ဖောက်ထွက်ပြီး ထွက်သွားချင်မိတယ်
တကယ့်ကို ပျော်ရွှင်ပြီးတော့
တကယ် သဘောကျတယ်ဆိုရင် ကောင်းမယ်
အဲဒါကြောင့် ဪ ဒါက ဘဝပဲ
ဒါက ရှင်သန်နေတယ်ဆိုတဲ့အရာပဲ
အဲ့လိုစကားမျိုးကို ပြောဖူးချင်တယ်

လူတစ်ယောက်ယောက်ကို ကိုးကွယ်တာက ဘယ်လိုလုပ်ရတာလဲ
အားပေးရတဲ့အရာ
နင်ဘာမဆိုလုပ်နိုင်တယ်
ဘာမဆိုဖြစ်နိုင်တယ်
အဲလိုမျိုး အားပေးရတာ